By Boder News Agency (BNA) / 2022 June 03
ရခိုင်ရှိ အခြေခံပညာမူလတန်းကျောင်း သား သုံးသိန်းနီးပါးကို ဇွန်လ ၁ ရက်မနေ့ကအထိ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားပြီးလို့ ပြည်နယ်ကောင်စီက ပြဆိုပါတယ်။
“၅နှစ်ကနေ ၁၂ နှစ်အထိ၊KG တန်းကနေ Grade- 5 အထိ (၂၆၆,၅၃၆) ယော က်ကို ထိုးပြီးကြောင်း ငါတို့ဆီကို စာရင်းတွေရောက်တယ်။ဒီကနေ့ ၂ ရက်နေ့မှာလည်း ကျောင်းလာအပ်တဲ့သူတွေထဲ ကာကွယ် ဆေးထိုးတဲ့ဟာတွေလည်း ရှိမယ်။ဒါပေမယ့် အဲဒီစာရင်းတွေ မရသေးဘူး။”လို့ ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။
ခုလက်ရှိ အသက် ၅ နှစ်ကနေ ၁၂ နှစ်ထိ အခြေခံပ ညာမူလတန်းကျောင်းတက်ရမယ့် ကလေးတွေကိုထိုးပေးတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ FDA ကခွင့်ပြုထားတာဖြစ်ပြီး ၅ နှစ်ကနေ ၁၅ နှစ်အထိ ထိုးနှံပေးနိုင်ဖို့ တရားဝင်ခွင့်ပြုထားတာလို့ စစ်ကောင်စီက ပြောပါတ ယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ကျောင်းသားတွေကို တရု တ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ခုလက်ရှိမှာ မူလတန်းအဆင့်ကျောင်းနေအရွယ်ကလေးတွေကို ကာကွယ်ဆေးထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်း ကျောင်း သူ၊ကျောင်းသားတွေကိုလည်း မြန်မာနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Myancopharm ကာ ကွယ်ဆေးထိုးပေးဖို့ ကျန်းမာရေးဝန် ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီ Myancopharmဗစ်ကာကွယ်ဆေးကို FDAက လက်ရှိအချိန်ထိ ထိုးပေးဖို့ညွှန်ကြားချက်မရှိသေးဘူးလို့တော့ ပြည်နယ်ကောင်စီက ဆိုပါတ ယ်။
https://www.facebook.com/permalink.php?story_fbid=171615195280795&id=107469705028678