By Boder News Agency (BNA) / 2022 June 24

ရခိုင်မှာ အရပ်သားပြည်သူတွေကို အ ပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ပစ်ခတ်၊ သတ်ဖြတ်၊ညှင်းပန်း၊နှိပ်စက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင် တင်းတင်းကျူးလွန်နေပြီး အဲဒီအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်ပါတယ်။
ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ စတဲ့မြို့တွေမှာ မြို့တွင်း ရပ်ကွက်တွေထဲအထိ ဝင်ရောက်ပြီး သေ နတ်ပစ်ဖောက်တာ၊ ကျောင်းသားကလေးငယ်၊ အမျိုးသမီးတို့အပါဝင် ဒေသခံတွေကို ဖမ်းဆီးတာ စတဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့လုပ်ရပ်နဲ့ပက်သက်လို့ ဇွန်လ ၂၄ ရက်၊ဒီနေ့မှာ အဲဒီလိုထုတ်ပြန်ရှုတ်ချလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အ ပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီးပစ်ခတ်၊သတ်ဖြတ်၊ညှင်းပန်း၊နှိပ်စက်နေတာကို တွေ့ရတယ်လို့လည်း အဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“သူတို့(စစ်တပ်)ရဲ့အဲဒီလိုလုပ်ရပ်ဟာ မတရားလုပ်ရပ်လို့ ပြောချင်တယ်။ဒါဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တယ်။အမှန်တကယ် သူတို့ ဖမ်းချင်ရင် AA တပ်ဖွဲ့ဝင်တွေကို လိုက်ရှာပြီးတော့ ဖမ်းလေနော်။အဲဒီလိုမဖမ်းဘဲနဲ့ အပြစ်မဲ့ပြည်သူတွေကို လာပြီးတော့ ဖမ်းတယ်ဆိုတာက မတရားဖမ်းဆီးချုပ်နှောင်မှု၊လူ့အခွင့်အရေးချိုးဖော က်မှုဖြစ်တယ်။”လို့ အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းအပိုဒ် ၅ မှာ “မလျော်ဖမ်းဆီးချုပ်နှောင်မှုမလုပ်ရ”လို့ ဖော်ပြ ထားတဲ့အတွက် အဲဒီလိုလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးကြေငြာစာတမ်းကို ချိုးဖောက်ရာလည်း ရောက်နေတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုလိုမျိုး မြို့ တွင်းတွေထဲအထိ လက်နက်အင်အားအပြည်အစုံနဲ့ ဝင်ရောက်ပြီး ပြည်သူ တွေကို ဖမ်းဆီးတာမျိုး မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေကို ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက် စပ်တယ်ဆိုပြီး ဖမ်းဆီးတာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ စတဲ့လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့တာရှိပါတယ်။
အဲဒီနောက်အေအေကလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေ၊ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်ဆီးမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
အေအေကဖမ်းဆီးမှုတွေ ပြုလုပ်ပြီး ချ က်ချင်းမှာပဲ စက်သေနတ်၊လက်နက် ကြီးစတဲ့ လက်နက်အပြည့်အစုံပါတဲ့ ရာချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းကို ဝင်ရောက်ပစ်ခတ်၊ ဖမ်းဆီးမှု တွေ လုပ်လာကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ဟာ ရခိုင်ပြ ည်နယ်အတွင်း တိုက်ပွဲဖော်ချင်လို့ လုပ် လာတာဖြစ်တယ်လို့ ဦးမြတ်ထွန်းက ထောက်ပြပါတယ်။
“အရင်ဆုံး သူတို့(စစ်တပ်) ပထမဦးဆုံး စလို့ ဆွဲတာပါပဲ။ကျောက်ဖြူမှာ AA ကို ထောက်ပံ့တဲ့သူဆိုပြီးတော့ ဖမ်းတယ်။ နောက်တစ်ခါ ပလက်၀မှာ ဖမ်းတယ်။ သူတို့က အရင်ဆုံးစပြီးတော့ စစ်ရေးဖော်ဆောင်ချင်လို့ လုပ်တာမျိုးပါ။”လို့ ၎င်းက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ AA ဆီမှာ ဖမ်းဆီးခံထားရတဲ့ သူတို့လက် အောက်ခံတပ်ဖွဲ့ဝင်တွေကို ပြန်လည် ရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးညှိနှိုင်းပြီး ကြိုးစားသင့်တယ်လို့လည်း ရခိုင်လူ့အခွင့်အရေးကာကွ ယ်မြှင့်တင်သူများအဖွဲ့က အကြံပြုပါတယ်။
အဲဒီလိုမဟုတ်ဘဲ စစ်ရေးနည်းလမ်းနဲ့ ကြိုးစားလာမယ်ဆိုရင် ပြည်သူတွေ စားဝတ်နေရေးအခက်အခဲအပါအဝင် အ ကြပ်အတည်းတွေနဲ့ ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ မြို့တွင်းမှာ ဝင်ရောက်နေရာယူထား ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေမြို့တွေမှာ လမ်းသွားလမ်းလာ အရေအတွက်ဟာ သိသိသာသာ လျော့နည်းသွားပါတယ်။
တပြိုင်တည်းမှာ လက်လုပ်လက်စား စျေးရောင်းချသူတွေ၊ဘေးတွဲဆိုင်က ယ်၊နှစ်ဘီးဆိုင်ကယ် မောင်းနှင်သူတွေ ဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေကြရပြီလို့ သူတို့က ပြောကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေမြို့တွေမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကို ခံ ခဲ့ရသူပေါင်း ၁၀၀ ကျော်အထိရှိနေပါတယ်။
အဲဒီအထဲက ၅၀ ဝန်းကျင်ဟာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ များအဖွဲ့က ပြောပါတယ်။
https://www.facebook.com/permalink.php?story_fbid=176408311468150&id=107469705028678