ရခိုင်စစ်ကောင်စီဟာ အနိုင်ကျင့်ဗိုလ်ကျတာ၊ အကျင့်ပျက်ခြစားတာတွေ လုပ်နေတယ်လို့ AA ပြော(စစ်ကောင်စီလက်အောက်ခံ ရခိုင်လူမျိုးတွေကို သတိပေး)

By Boder News Agency (BNA) / 2022 June 15

ရခိုင်ပြည်အတွင်းက စစ်ကောင်စီလက်အောက်ခံအစိုးရအဖွဲ့ဟာ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့အတူ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွှဲသုံးစားတာ၊အကျင့်ပျက်ခြစားတာတွေ လုပ်နေတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၄ ရက်က မနေ့ကပြုလုပ်တဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အဲဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီအပြင်အဲဒီအကျင့်ပျက်ခြစားနေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်နေတဲ့ ရခိုင်လူမျိုးတွေ ကိုလည်း သတိပေးလိုက်ပါတယ်။

“အချိန်နဲ့အခြေအနေအတိုင်းအတာတခုအရ သည်းခံစောင့်ကြည့်နေပေမယ့် ပြည်သူတွေကို တရားလွန် ထပ်ပြီးလုပ်လာလို့ရှိရင် ကိုင်တွယ်လာရလိမ့်မယ်လို့ အထူးသတိပေးလိုပါတယ်။”လို့ ခိုင်သုခက သတိပေးပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီဥက္ကဌဟာ တောင်ကုတ်မြို့နယ်သား ရခိုင်လူမျိုး ဖြစ်ပါတယ်။အဲဒီအပြင် ပြည်နယ်စစ်ကောင်စီ၊အစိုးရအဖွဲ့အတွင်းမှာ တခြားသော ရခိုင်လူမျိုးအဖွဲ့ဝင်တွေလည်း ရှိနေပါသေးတယ်။

စစ်ကောင်စီလက်ဝေခံ အစိုးရအဖွဲ့ဝင်တွေရဲ့ဘဏ္ဍာငွေအလွှဲသုံးမှု၊အကျင့် ပျက်ခြစားမှု အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်ထုတ်ဖော်ပြော ကြားတာမျိုးတော့ မရှိခဲ့ပါဘူး။

အဲဒီအခြေအနေတွေနဲ့ပက်သက်ပြီး မှတ်တမ်းတင်ရေးသားတင်ပြကြဖို့အတွက် ရခိုင်ပြည်အတွင်းက မီဒီယာတွေ၊စောင့်ကြည့်ရေးအဖွဲ့တွေကို ULA/AA က တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းသို့ ကားလမ်းကနေသယ်လာတဲ့ ကုန်ပစ္စည်း တွေကို စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ဟန့်တားစစ်ဆေးတာ၊ငွေကြေးတောင်းခံ တာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူတွေက ပြောကြပါတယ်။

အဲဒီအပြင် တခြားသောလုပ်ငန်းကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိ နေတယ်လို့ ရခိုင်ဒေသခံတွေ ပြောဆိုကြတာရှိပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဟာ ၂၀၂၀ ခုနှစ်၊တိုက်ပွဲတွေ ငြိမ်သွားချိန်ကနေ စပြီးတော့ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊အခွန်ကောက်ခံရေး၊တရားဥပေဒစိုးမိုးရေးအတွက် လုံခြုံရေးတာဝန်ယူပေးတာ စတဲ့အလုပ်တွေကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

အဲဒီကဏ္ဍတွေအပြင် ULA/AA ရဲ့ထိန်းချုပ်နယ်မြေတွေမှာ ပညာရေး၊ကျန်းမာ ရေးအပါအဝင် တခြားသောကဏ္ဍတွေကိုလည်း တဆင့်ချင်တိုးတက်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် တာဝန်ယူနိုင်တဲ့အရည်အချင်းရှိတဲ့၊လုပ်ကိုင်ကိုင်ရည်ရှိတဲ့သူ တွေကိုလည်း ULA/AA က ဖိတ်ခေါ်ထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=174404961668485&id=107469705028678

Leave a Reply

Your email address will not be published.