By Boder News Agency (BNA) / 2022 June 28

မောင်တောမြို့နယ်၊သင်္ဘောလှကျေးရွာ မူလွန်ကျောင်းကကျောင်းအုပ်ဆရာ ကြီးနှင့်ဆရာမတစ်ဦး နယ်စပ်ဖြတ်ကျော် ပြန်ပြေးဆွဲခံရပြီးနောက် မြို့နှင့် ဝေးတဲ့ကျောင်းက ဆရာ/မတွေဟာ သူတို့လုံခြုံဖို့အတွက် တစ်ကျောင်းနှင့်တစ်ကျောင်းစုပြီး ကျောင်းတက်နေကြရပါတယ်။
ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတို့ဟာ ပြန်ပြေးဆွဲသူတွေ လက်ထဲက ပြန် လည်လွတ်မြောက်လာခဲ့ပေမယ့် မောင်တောနယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ စိတ်လုံခြုံမှုမရသေးဘူးလို့ ဆိုကြပါတယ်။
“ကျောင်းတက်ဖို့သွားတဲ့အခါ တကျော င်းနဲ့ တကျောင်းစောင့်ပြီးသွားကြတ ယ်။ကျောင်းဆင်းတဲ့အချိန်မှာလည်း စောင့်ပြီးတော့ သွားကြတယ်။လမ်းမှာတစုတည်းဖြစ်နေအောင်”လို့ မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
မြို့နှင့် ဝေးတဲ့ကျောင်းတွေမှာ တာဝန်ကျနေကြတဲ့ ဆရာ/မတွေဟာ သူ့ကျော င်းအလိုက် ကားတွေ၊တက္ကစီတွေငှါးပြီးတော့ ကျောင်းတက်နေကြတာဖြစ်ပါတယ်။
“မောင်တောမှာ အရင်ဖြစ်စဉ်တွေကလ ည်း လူတွေ သေခဲ့ကြတယ်။ကျမတို့ကိုထား လက်နက်ရှိတဲ့ ရဲတွေတောင် အ သတ်ခံခဲ့ရတာရှိတယ်။မလုံခြုံတာ သိပေမယ့် လစာလေးရဖို့ အသက်ကိုရင်းပြီးသွားလာနေရတာပဲ။”လို့ ကျောင်းဆ ရာမတစ်ဦးက ပြောပါတယ်။
သင်္ဘောလှကျေးရွာမူလွန်ကျောင်းက ဆရာကြီးနှင့်ဆရာမတစ်ဦး ပြန်ပြေးဆွဲခံခဲ့ရပေမယ့် ဝန်ထမ်းတွေနှင့် ပြည်သူတွေအတွက် လုံခြုံရေးပေးမယ်ဆိုတဲ့ တာဝန်ရှိသူတွေရဲ့ စကားမျိုးကိုတောင် မကြားရသေးဘူးလို့ ပြောကြပါတယ်။
ခုလိုအချိန်မျိုးမှာ နယ်စပ်မှာတာဝန်ထ မ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဖိအားမပေးဖို့လိုတယ်လို့ ကျောင်းအုပ်ဆရာ ကြီးတစ်ဦးက ပြောပါတယ်။
https://www.facebook.com/permalink.php?story_fbid=177257064716608&id=107469705028678