By Boder News Agency (BNA) / 2022 June 23
အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုး သမီးပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ဆုဖလားကို ရမ်းဗြဲမြို့နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ရဲ့ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ရခိုင် ပြည်နယ်အားကစားနဲ့ ကာယဦးစီးဌာနကဦးစီးပြီး စစ်တွေမြို့ ဓညဝတီအားကစားရုံမှာ ဇွန်လ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိကျင်းပနေတာဖြစ်ပါတယ်။
ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က အမျိုးသမီးပိုက်ကျော်ခြင်းဗိုလ်လုပွဲကို ရမ်းဗြဲမြို့နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနဲ့ သံတွဲမြို့နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး ရမ်းဗြဲအသင်းက ပြည်နယ်ဝန်ကြီးချုပ်ဆုဖလားကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲကိုလည်းဒီကနေ့မနက်မှာ မာန်အောင်မြို့နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနဲ့ ဂွမြို့နယ်အမျိုးသမီးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး မာန်အောင်မြို့နယ်အသင်းက အနိုင်ရရှိခဲ့ပါတယ်။
အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲကို ဒီကနေ့မနက် ၈ နာရီအချိန်မှာ သံတွဲမြို့နယ်အမျိုးသားပိုက်ကျော်ခြင်းအသင်းနဲ့ ဂွမြို့နယ်အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ သံတွဲမြို့နယ်အသင်းက အနိုင်ရရှိခဲ့ပါတယ်။
အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲကိုတော့ မနက်ဖြန်ဇွန်လ ၂၄ ရက်နေ့နံနက် ၇ နာရီမှာ စစ်တွေမြို့နယ်အမျိုးသားပိုက်ကျော်ခြင်းအသင်းနဲ့ ရမ်းဗြဲမြို့နယ်အမျိုးသားပိုက်ကျော်ခြင်းအသင်းတို့ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ဆုပေးပွဲကိုလည်း တစ်ပါတည်းကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပထဆုဖလားကို ကျပ်ငွေသုံးသိန်း၊ ဒုတိယဆုကို ကျပ်ငွေ ၂ သိန်းနဲ့ တတိယဆုကို ကျပ်ငွေတစ်သိန်းစီ သတ်မှတ်ထားတယ်လို့ သိရပါတယ်။