မြိုလူငယ်တွေကြားစည်းလုံးမှုရရှိရေးအတွက် လေးမြို့နယ်က မြိုလူငယ်ကိုတွေ ပုဏ္ဏားကျွန်းမှာ တွေ့ဆုံဆွေးနွေး

By Boder News Agency (BNA) / 2022 June 04

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ဗန်းဗွီးကျေးရွာမှာ မြိုလူငယ်ကိုယ်စားလှယ်တွေကြား ပထမအကြိ မ်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၄ ရက်ဒီနေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်ကြာကျင်းပနေ​ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အတွင်း မြိုလူမျိုးတွေရှိရာ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ဘူးသီးတောင်နဲ့မောင်တောစတဲ့ မြို့နယ်တွေက လူငယ်ကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးကြတာဖြစ်ပြီး မြို့နယ်တ စ်ခုစီက ကိုယ်စားလှယ် (၈) ဦးပါဝင်တယ်လို့ သိရပါတယ်။

“ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ လမ်းပန်းဆ က်သွယ်ရေးအခက်အခဲတွေကြောင့် ဝေးလံခေါင်သီးတဲ့နေရာတွေမှာ ကျနော်တို့ မြိုလူမျိုးတွေ နေကြတယ်။ဒါကြောင့် မတူညီတဲ့ မြို့နယ်တွေကြားမှာ တ စ်မြို့နယ်နဲ့တစ်မြို့နယ် ထိတွေဆက်ဆံမှု၊စည်းလုံးမှုတွေ အားနည်းကြတယ်။ကျနော်တို့ လူငယ်အဖွဲ့ကနေပြီး အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို အဖြေတစ်ခုထွက်နိုင်ဖို့အတွက် မြို့နယ် (၄)ခုက ကိုယ်စားလှယ်တွေစုပြီး ကျင်းပရတာဖြစ်ပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်၊မြိုလူငယ်ကိုယ် စားလှယ်တစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြိုလူမျိုးတွေအနေနဲ့ တွေဆုံဆွေးနွေးပွဲလုပ်ဖို့လုပ်အပ်နေတာမို့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလတွေမှာ အခက်အခဲတွေကို အဖြေထုတ်ဖို့တစ်ခုလိုအပ်နေပြီဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ မြိုလူမျိုးတွေနေထိုင်တဲ့ နေ ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြိုလူငယ်တွေ၊မြိုလူမျိုးတွေအတွက် ကျန်းမာရေး၊ပညာရေး၊ စားဝတ်နေရေး၊အလုပ်အကိုင်အခွင့်လမ်းတွေမရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြိုလူ ငယ်တွေက ပြောပါတယ်။

“ကျနော်တို့မှာ အခုဆိုရင် မိုးရာသီလည်း ရောက်လာပြီဆိုတော့ လမ်းပန်းဆ က်သွယ်ရေး ပိုခက်ခဲပါတယ်။အထူးသဖြင့် တချို့နေရာတွေမှာ ကား၊ဆိုင်ကယ်တွေနဲ့ သွားလို့မရတဲ့ နေရာတွေအ များကြီးရှိတယ်။ရေကြောင်းခရီးလည်း သွားလာလို့မရဘူး။” လို့ သူက ဆိုပါတယ်။

အဲဒီလို လူငယ်တွေရဲ့ အခက်အခဲစိန် ခေါ်မှုတွေကို ဖြေရှင်းဖို့ဆိုရင် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ဒေ သဆိုင်ရာအာဏာပိုင်အဖွဲ့တွေရဲ့ ကူညီလုပ်ဆော င်ပေးမှုတွေလည်း မဖြစ်မနေလိုအပ်တယ်လို့  မြိုလူ ငယ်တွေက ပြောပါတယ်။

မြိုလူမျိုးတွေဟာ တောတောင်တွေကို အဓိကမှီခိုလုပ်ကိုင်စားသောက်ကြရတာဖြစ်ပြီး တောင်ယာလုပ်ငန်း၊လယ်ယာလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါ စိုက်ပျိုးရေးတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့လိုအပ်နေတ ယ်လို့လည်း မြိုလူငယ်တွေကတောင်းဆိုကြပါတယ်။

ဒီနေ့ပြုလပ်တဲ့မြို့နယ်(၄)ခုက မြိုလူငယ်တွေတွေ့ ဆုံဆွေးနွေးပွဲသို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေ၊တခြားရခိုင် ကအရပ်ဖက်အဖွဲ့အစည်းတွေ၊ဒေသခံတွေအပါအဝင် လူဦးရေ ၁၅၀ ခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

https://www.facebook.com/permalink.php?story_fbid=171988801910101&id=107469705028678

Leave a Reply

Your email address will not be published.