မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ(MOU)စီမံကိန်းလုပ်ငန်းတွေကို စစ်ကောင်စီဆက်လုပ်နေ

By Boder News Agency (BNA) / 2022 June 09

(ဓာတ်ပုံ-ဒီနေ့ပြုလုပ်ခဲ့တဲ့အစည်းအ ဝေး/ဒေါ်သက်သက်ခိုင်)

မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MOU)အရ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီကဆက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီစီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အာဏာ သိမ်းစစ်ကောင်စီရဲ့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအ ဝေးခန်းမမှာ ဇွန်လ ၈ ရက်၊ဒီနေ့နေ့လည်ကအစည်း အဝေးပြုလုပ်ခဲ့တယ်လို့ ဒေါ်သက်သက်ခိုင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

”ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် MOU အရ အိန္ဒိယနိုင်ငံက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၅)သန်းနှုန်း ဖြင့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ (၂၅)သန်းကို ထောက်ပံ့မည်ဖြစ်ပါကြောင်း” လို့ ဆိုပါတယ်။

လက်ရှိဆက်လုပ်နေတာဟာ ဒုတိယနှ စ်စီမံကိန်းဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရနဲ့သဘောတူထားတဲ့လုပ် ငန်း (၁၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

တတိယအကြိမ်အတွက် အဆိုပြုပေးပို့ထားတဲ့ စီမံ ကိန်း(၁၇)ခုအတွက် ဒီနေ့အစည်းအဝေးပြုလုပ်တာလို့လည်း ရေးသားထားပါတယ်။

အဲဒီသဘောတူညီချက်အရပထမနှစ် စီမံကိန်းကို ဒေါ်စုအစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှာအမေရိကန်ဒေါ်လာ ၃.၈ သန်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီငွေတွေနဲ့မောင်တောမြို့နယ်၊ကြိမ်ချောင်းတော င်ကျေးရွာမှာ နေအိမ်(၆၀) လုံး၊ရွှေဇားကျေးရွာမှာ နေအိမ် (၁၄၈) လုံး၊နံ့သာတောင်ကျေးရွာမှာ နေအိမ် (၄၂)လုံး၊စုစုပေါင်းနေအိမ်(၂၅၀)လုံးကို ဆောက် လုပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ အိန္ဒိယအစိုးရအတွက်အရေးပါတဲ့ ကုလားတန်စီမံကိန်းကြီးတစ်ခုရှိနေပြီး ဒီစီမံကိန်းဟာ စစ်တွေမြို့ရှိ ကု လားတန်စီးမံကိန်းဆိပ်ကမ်းကနေ ကု လားတန်းမြစ်ကြောင်းအတိုင်း ချင်းပြ ည်၊ပလက်ဝကတဆင့်အိန္ဒိယနိုင်ငံကုန်းတွင်းပိတ်ဒေသတွေကို ကုန်စည်စီးဆင်ဖို့ရည်ရွယ်ထားပါတယ်။

ရခိုင်မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က သူတို့ကိုယ်သူတို့ ရက္ခိုင့်ပြည်သူ့အစိုးရလို့ဆိုထားပေမယ့် ရခိုင်ပြည်ထဲက စီမံကိန်းတွေ၊ရင်းနှီးမြှုပ်နှံ့မှုတွေမှာ ULA/AA နဲ့တရားဝင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်တာမတွေ့ရသေးဘူးလို့ စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=172930928482555&id=107469705028678

Leave a Reply

Your email address will not be published.