များပြားလာသောလူမှုကူညီရေးအဖွဲ့များနှင့်ကျေး လက်နေပြည်သူများ၏ ကျန်းမာရေး

By Boder News Agency (BNA) / 2022 June 12

(ဓာတ်ပုံ-ကျောက်တော်မြို့နယ်၊ကန်ဇောက်စစ်ဘေး
ရှောင်စခန်းတွင်တွေ့ရသည့် မွေးကင်းစကလေးငယ်တစ်ဦးနှင့်မိခင်ဖြစ်သူ/BNA)

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဗိုက်ထဲမှအောင့်ပြီး နေမထိထိုင်မသာဖြစ်လာ၍ ဆေးရုံ၊ဆေးခန်းသို့ သွားရန် မိသားစုဝင်တချို့ စီစဉ်ကြရသည်။

ခံစားနေရသောဝေဒနာအတွက် ဆေးကုသမှုခံယူရန် အနီးစပ်ဆုံးကျန်းမာ ရေးဝန်ထမ်းများရှိရာနေရာကို သွားရန်စီစဉ်ကြသည်။ဆရာဝန်၊သူနာပြုတို့ထံ အမြန်ဆုံးရောက်မှ လူနာ၏ဝေဒနာများ သက်သာမည်။

မပေါ့မပါးနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးဖြစ်နေသဖြင့် ပို၍စိုးရိမ်ကြရသ ည်။ထို့ကြောင့် အမြန်ဆုံးရောက်နိုင်မည့်နည်းလမ်းစဉ်းစားကြ၏၊သို့သော် ရွေးချယ်စရာ ရထားလမ်း၊ကားလမ်းတို့ မရှိ၊ရေလ မ်းခရီးသာရှိ၍ ဟွန်ဒါစက်လှေငယ်ပေါ် လူနာကိုတင်ကာ ချောင်းရိုးတလျှောက် တဒုတ်ဒုတ်ခုတ်မောင်းပြီး ရင်တမမနှင့် သွားကြရတော့သည်။

သွားလာရေးအတွက် တစ်ခုတည်းသောရေလမ်းကြောင်း တောင်ကျချောင်းငယ်မှာ ရေမခမ်းသေးသည်ကိုပင်ကျေးဇူးတင်ရမည့်အဖြစ်။ရေခမ်းသွားလျှင် လူနာကိုထမ်းပိုး၍ လမ်းလျှောက်ကာ သွားကြရမည်။

လူနာကိုပို့မည့် တိုက်နယ်ဆေးရုံသို့ ရောက်ရန် သုံးနာရီကျော်၊လေးနာရီဝန်းကျင်သွားရမည်။အကွေ့အ ကောက်များသောချောင်းတလျှောက် မြန်နိုင်သမျှ မြန်အောင်ကြိုးစားမောင်းရင်းသွားကြ ၏။သို့သော် ကြိုးစားသမျှအရာမထင်ခဲ့ဘဲ အလဟသဖြစ်ခဲ့ရသည်။ထိုကိုယ်ဝန်ဆောင်အမျိုးသမီးမှာ တိုက်နယ်ဆေးရုံသို့မရောက်မီ လမ်းခုလပ်တွင် သေဆုံးခဲ့ရသည်။

ထိုကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ရခိုင်ပြည်၊ကျော က်တော်မြို့နယ်၊ယိုးချောင်းအထက်ပိုင်း၊သလူချော င်းကျေးရွာအုပ်စု၊ငစရိုင်းကိုင်းရွာမှဖြစ်ပြီး အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်၊သူနာ ပြုတို့ ရှိရာ အနီးစပ်ဆုံးဖြစ်သော ကန်ဇောက်တိုက်နယ်ဆေးရုံသို့ယူလာစဉ် လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလအတွင်းက သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အချိန်မီ ဆေးကုခွင့်ရလိုက်ရင် အသက်တစ်ချောင်း ဆုံးမယ်မထင်ဘူး။”ဟု ရွာနီးချင်း တေး၀ရွာမှ မလှလှဝင်းက ပြောသည်။

အချိန်မီ ဆေကုသခွင့်မရ၍ အသက်ဆုံးရှုံးခဲ့ရသူမှာ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတည်းမဟု တ်၊ရခိုင်ပြည်အတွင်းများစွာပင် ရှိခဲ့ကြောင်း၊ရှိနေဆဲဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များနှင့်ဒေသခံများက ပြောကြသည်။

ကျောက်တော်မြို့နယ်၊ယိုးချောင်းအထက်ပိုင်းကျေး ရွာများမှာပင် အလားတူသေဆုံးမှုမျိုး များစွာရှိသည်ဟု ဒေသခံများက ပြောကြသည်။

အချိန်မီဆေးကုသခွင့် မရသဖြင့် ကိုယ် ဝန်ဆောင်အမျိုးသမီး အသက်ဆုံးရှုံးခဲ့ရသော သလူချောင်းကျေးရွာအုပ်စု တွင် ကျေးရွာငယ်ပေါင်း ၂၀ နီးပါးရှိသည်။ထိုရွာအားလုံးအတွက်ကျေးလက်ကျန်းမာ ရေးဌာနခွဲ တစ်ခုသာရှိ၏။သို့သော် ဆေးပေးခန်းအဆောက်အဦးမရှိ။

အစိုးရ၊ကျန်းမာရေးဌာနက သားဖွားဆရာမတစ်ဦးနှင့် ကြီးကြပ်တစ်ဦး ချ ထားပေးသော်လည်း လမ်း ပန်းဆက်သွယ်ရေးခက်ခဲ့သော၊ဖုန်းလိုင်းမမိသော ထိုနေရာတွင် ကျန်းမာရေးဝန်ထမ်းတို့မှာ အမြဲတမ်းရှိမနေဟု ဒေသခံများက ဆိုသည်။

“လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေဘူး။ဖုန်းလိုင်းလည်းမရတော့ အနေမပျော်တာတွေနဲ့လည်းဆိုင်မယ်။” ဟု သလူချောင်းအုပ်စုမှ ဒေသခံမလှလှဝင်းက ဆိုသည်။

ထိုကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆေးဝါးပစ္စ ည်း၊သူနာပြုဆရာမတို့အဆင်သင့်ရှိသည်ထားအုံး။အုပ်စုဝငကျေးရွာများမှ ဒေသခံများမှာသလူချော င်းရွာသို့ ကုန်းကြောင်း၊ရေကြောင်းဖြတ်ကာ ခက်ခက်ခဲခဲလာကြရပြီး အချိန်များစွာ ကြာမြင့်ကြောင်း ပြောကြသည်။

“ဆေးဝါးနဲ့ လက်လှမ်းမီတဲ့ နေရာကို လာရမှာက အ နည်းဆုံး သုံးနာရီ၊ လေးနာရီလောက် ကြာပါတယ်။ ”ဟု မလှလှဝင်းက ၎င်းတို့၏ ဒေသအခြေအနေကို ပြောပြသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော၊ ရေကြောင်းကိုသာ အဓိကအားကိုးနေကြရသော ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် အလားတူအခက် အခဲမျိုး၊အခြေအနေမျိုးနှင့်ကြုံနေကြရဆဲဖြစ် ကြောင်း လူမှုရေးအဖွဲ့ အစည်းများနှင့် ဒေသခံများက ပြောကြသည်။

”အစိုးရသည် မြို့နယ်ဆေးရုံ၊တိုက်နယ်ဆေးရုံ၊ကျေးလက်ဆေးပေးခန်းများ၊ဆေးပေးခန်းငယ်များ အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေး ရုံ၊ဆေးပေးခန်းအဆင့်တစ်ခုချင်းစီတွ င် ရှိသည့်သင်ဟု သတ်မှတ်ထားသောပစ္စည်း၊ကိရိယာများရှိနေစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ဆေး ဝါးဝယ်ယူသိုလှောင်ဖြန့်ဖြူးသောစနစ်ကိုဆေးရုံ၊ ဆေးပေးခန်းတစ်ခုစီအလိုက်တူညီသောစနစ်များချ မှတ်၍ ဆောင်ရွက်သင့်ပါသည်။သွေးလှူဘဏ်များကိုလည်း တိုးချဲ့သွားသင့်ပါသည်။”ဟု ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မ ရှင်၏ ၂၀၁၇ ခုနှစ်၊သြဂုတ်လထုတ် အပြီးသတ်အစီရင်ခံစာမှာ ရေးသားဖော်ပြထားသည်။

ညွှန်းကိန်းများကပြောသော ရခိုင်ပြည်၏ ကျန်းမာ ရေးအခြေအနေ

ရခိုင်ပြည်၏ ကျန်းမာရေးလက်လှမ်းမီမှု အခြေအ နေမှာ အလွန်အားနည်းသည့်အဆင့်တွင် ရှိနေသေးကြောင်း အငြိမ်းစားဆရာဝန် ဒေါက်တာအေးမောင်ဇံက ၎င်း၏အတွေ့အကြုံများကို အခြေခံ၍ ပြောသည်။

ယင်းသို့ ကျန်းမာရေးလက်လှမ်းမီမှု အားနည်းခြင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ကျန်းမာရေးဝန်ထမ်းတို့ လွှမ်းခြုံမှုအားနည်းခြင်း၊ဆရာဝန်၊ သူနာ ပြုအင်အားလောက်ငှမှုမရှိခြင်း၊ဆေးဝါးပစ္စည်း၊စက်ကိရယာ မလုံလောက်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ထောက်ပြကြသည်။

ကလေးသေဆုံးမှုနှုန်းနှင့် ခန့်မှန်းလူ့သက်တမ်း (နှစ်)တို့က ရခိုင်ပြည်၏ ကျန်းမာရေးလက်လှမ်းမီမှု အခြေအနေကို မီးမောင်းထိုးပြနေသည်။

ရခိုင်ပြည်အတွင်း တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်းမှာ အရှင်မွေးကလေး ၁၀၀၀ လျှင် ၆၅ ဦး(၆ ဒသမ ၅ ရာခိုင်နှုန်း)ရှိသည်။ပြည်ထောင်စုအ ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တစ်နှစ်အော က်ကလေး သေဆုံးမှု နှုန်းမှာ ၆၂ ဦးသာရှိသည့် အတွက် ရခိုင်ပြည်၏ ကလေးသေဆုံးမှုနှုန်းသည် တခြားသော ပြည်နယ်၊တိုင်းတို့ထက်မြင့်မားနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် တွေ့ရသည်။

အလားတူ ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းမှာလည်း ၁၀၀၀ လျှင် ၇၅ ဦး (၇ ဒသမ ၅ ရခိုင်နှုန်း)ရှိပြီး ၇၂ ဦးသာရှိသည့်ပြည်ထောင်စုအဆင့်ထက် ပိုမြင့်နေသည်။

ယင်းအပြင် ၆၆ ဒသမ ၈ နှစ်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူ့သက်တမ်းမှာ အာဆီယံနိုင်ငံများအတွင်း အနိမ့်ဆုံး ဖြစ်နေသည်။ထိုအထဲတွင်မှ ရခိုင်ပြ ည်၏ ခန့်မှန်းလူ့သက်တမ်းမှာ ၆၆ ဒသ မ ၁ နှစ်သာရှိသဖြင့် နိုင်ငံတွင်း တခြားပြည်နယ်၊တိုင်းများထက်ပို၍ နိမ့်ကျနေသည်ကို ညွှန်ပြနေသည်။

”ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့်မွတ်ဆ လင်များအားလုံး ရရှိနိုင်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများ၏အဆင့်သည့်နိမ့်ကျနေသည်ကိုတွေ့ရပါသ ည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့်ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်တစ်ခုရှိရန်အတွက် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား အနည်းဆုံး (၂၂)ဦးရှိရန်လိုအပ်ကြောင်း အကြံပြုထားပါ သည်။”

”တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန် မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ် သားအင်အားသည် လူတစ်သောင်းလျှင် (၁၆)ဦးခန့်ရှိသော်လည်း ရခိုင်ပြည် နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား (၅)ဦးသာရှိပါသည်။”ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်၏ ၂၀၁၇ ခုနှစ်၊သြဂုတ်လထုတ် အပြီးသတ်အစီရင်ခံစာမှာ ရေးသားဖော်ပြထားသည်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အသ က်များဆုံးရှုံးနေရ

”ရခိုင်ပြည်နယ်ရှိ ကလေးသေနှုန်းသည်လည်း တစ် နိုင်ငံလုံး၏ပျမ်းမျှနှုန်းထက်မြင့်ပါသည်။ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ (၁၉)ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သော ကျန်းမာ ရေးဝန်ထမ်းများရှိသည့် ဆေးရုံ၊ဆေးပေးခန်းများတွင် မွေးဖွားကြရသည်။(တစ်နိုင်ငံလုံး၏ပျမ်းမျှနှုန်း(တစ်နိုင်ငံလုံး၏ပျမ်းမျှနှုန်း (၃၇)ရာခိုင်နှုန်းနှင့်နှိုင်းယှဥ်ပါ က များစွာနိမ့်နေပါသည်။” ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊သြဂုတ်လထုတ် အပြီးသတ်အစီရင်ခံစာမှာ ရေးသားဖော်ပြထားသည်။

ထိုကဲ့သို့သော ကျန်းမာရေးဆိုင်ရာညွန်းကိန်းများ သည် အဖက်ဖက်မှနောက်ကျနေသော ရခိုင်ပြည်အတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေး စောင့် ရှောက်မှုခံယူဖို့ အခက်ကြုံနေရသည့် အဓိက စိန်ခေါ်မှုမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပင်ဖြစ် သည်ဟု ဆရာဝန်များ၊လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံများက ဆိုကြသည်။

“ရခိုင်မှာ လမ်းပန်းဆက်သွယ်ရေးခက် ခဲတယ်။အဲဒါက အဓိကအခက်အခဲလို့ပြောရမယ်။ရခိုင်ပြည် နယ်မြောက် ပိုင်းမှာက တော်တော်များများ အဲဒီပြ ဿနာရှိတယ်။”ဟု ရခိုင်ပြည်၊မြောက်ပိုင်းမှ မြို့နယ်ဆရာဝန်တစ်ဦးက ပြောသည်။

ကားလမ်းဖြင့်သွား၍ရသည့်နေရာများတွင် အရေးပေါ် ကျန်းမာရေးဆိုင်ရာအကူအညီများလိုအပ်လျှင် လူမှုကူညီရေးအဖွဲ့များက ၎င်းတို့၏ယာဉ် (ကား) များဖြင့် သွားရောက်ခေါ်ဆောင်၍ ရသော်လည်း ရေကြောင်းခရီးအတွက်မူ အခက်အခဲရှိကြောင်း ဆိုကြသည်။

ယင်းသို့သော အခက်အခဲများကြောင့်ပင် မသေသင့်ဘဲ သေဆုံးခဲ့ရသည့်အသက်ပေါင်းများစွာ ရှိနေရသည်ဟု ကျောက်တော်မြို့မှ ဖြူစင်မေတ္တာပရ ဟိတအသင်းဥက္ကဌကိုညီပုက ပြောသည်။

“လူနာအသက်ကို မမီနိုင်တဲ့အနေအ ထားအထိ ဖြစ်ပါတယ်။ရေကြောင်းခရီးက သွားယူတဲ့အတိုင်း အ တာတွေမှာဆို ဒီဖက်ကမ်းကို မရောက်ဘဲ အသက်ဆုံးရှုံးသွားတာတွေ ရှိပါတယ်။”ဟု  ဆိုပြီး ၎င်းတို့ ကူညီပေးခဲ့သည့် တစ်နှစ်ကျော်အတွင်း ယင်းကဲ့သို့ဆေးရုံမရောက်မီ လမ်းခုလပ်တွင် သေဆုံးခဲ့ရသူမှာ သုံးဦးအထိရှိခဲ့သည်ဟု ကိုညီပုက ပြောသည်။

ကားလမ်းရှိသည့် ကုန်းကြောင်းခရီးများတွင် နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ အချိန်မီရောက်နိုင်သော် လည်း စက်လှေများဖြင့်သာ တဒုတ်ဒုတ်သွားလာနေရသည့် ရေကြောင်းခရီးအတွက်မူအခက်အခဲရှိသ ည်ဟု ဆိုသည်။

ယင်းကြောင့် ဝေးလံခေါင်ပါးသော၊ကျေးလက်ကျန်းမာရေးဌာနတို့ မရှိသော၊မြို့နှင့်အလှမ်းဝေးသောနေရာများမှ လူနာများကို အချိန်မီသွားယူနိုင်ရေးအတွက် မြန်နှုန်းမြင့်ဘုတ်(speed boat)များလိုအပ်ကြောင်း ကိုညီပုက ပြောသည်။

ရခိုင်ပြည်အတွင်း လူမှုကူညီရေးအဖွဲ့များစွာ ရှိနေသော်လည်း speed boat ကဲ့သို့ လိုအပ်သည့် ယာဉ်များမရှိ ကြသည့်အတွက် အချိန်မီကူညီကယ်ဆယ်ရန် အခက်အခဲရှိနေခြင်းဖြစ်ပြီးအစိုးရအပါအဝင် ဒေသတွင်း ငွေကြေးချမ်းသာသူများအနေဖြင့် လူမှုကူညီရေးအဖွဲ့များအား လိုအပ်သည့်စက်၊ယာဉ်တို့ ထောက်ပံ့ကြရန်လည်း ကိုညီပုက တိုက်တွန်းသည်။

ကျောက်တော်မြို့နယ် ယိုးချောင်းတလျှောက်ကျေး ရွာများကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာအောင် ဦး စားပေးလုပ်ဆောင်ပေးဖို့လိုအပ်ကြော င်း စစ်တွေမြို့တွင် လူနာများအား အခမဲ့ဆေးကုသမှုပေးနေသည့် Free Clinic -Rakhineအဖွဲ့ တွဲဖက်တည် ထောင်သူ ကိုစည်သူအောင်က တောင်းဆိုသည်။

ယင်းသို့မဟုတ်ပါကလည်း ဒေသတွင်း လူဦးရေအလိုက် လက်လှမ်းမီနိုင်သည့် ကျေးလက်ကျန်းမာ ရေးဌာနများဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း၊သို့မဟု တ်လျှင် ပြည်သူများ၏ အသက်တို့မှာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရအုံးမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြ သည်။

“တစ်ရွာတစ်ယောက် မဟုတ်ရင်တောင် နှစ်ရွာပေါင်းလို့ သူနာပြုဆရာမလေးတစ်ယောက် အဲလိုချပေးရင်တော့ အကောင်းဆုံးပေါ့။အခုက ရွာပေါင်း နှစ်ဆယ်လောက်မှာမှ တစ်ယောက်ပဲရှိတာ။”ဟု ၎င်းက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ကျေးရွာတို့တွင် ကျေးလက်ဆေးပေးခန်းများမရှိခြင်းကြောင့် ကြီးမားသည့်ပြဿနာမရှိနိုင်သော်လည်း လမ်း ပန်းဆက်သွယ်ရေး လွန်စွာခက်ခဲသော ဒေသခံများတွင်မူ မလိုအပ်ဘဲ အသက် ဆုံးရှုံးရသည်ထိဖြစ်သွားနိုင်ကြောင်း လူမှုကူညီရေးအဖွဲ့များက ထောက်ပြကြသည်။

”အစိုးရအနေဖြင့် ကျေးရွာတစ်ခုချင်းစီအတွက် အရန်သားဖွားဆရာမများခန့်ထားခြင်း၊ကျေးလက်ဒေသများအားကျန်းမာရေးစောင့်ရှောက်မှုများပိုမိုပေးနိုင်ရန်အတွက် မြို့နယ်အလိုက်ကျန်းမာ ရေးဝန်ထမ်းအင်အားစုအဖြစ် လူ့အဖွဲ့အစည်းတစ်ရပ်ချင်းစီမှအဖွဲ့ဝင်များအား ဝန်ထမ်းအဖြစ်လေ့ကျင့်ပေးသင့်ပါသည်။(ခရီးစာရိတ်များ၊နေ့တွက်ခများ ပေးသင့်ပါသည်။)”ဟု ရခိုင်ကော်မရှင်က အကြံပြုထားသည်။

ကျေးလက်ကျန်းမာရေးဌာနများ၏ လွှမ်းခြုံနိုင်မှုအခြေအနေ

ရခိုင်ပြည်အတွင်း ကျေးလက်ကျန်းမာ ရေးဌာန၊ဌာနခွဲများ၏ လွှမ်းခြုံနိုင်မှုမှာ အလွန်ပင် အားနည်းနေသေးကြောင်း မြောက်ဦးမြို့နယ်၊နန်းရိပ်ဂရုဏာသွေးလှူရှင်များအသင်းဥက္ကဌ ဦးအောင်သန်းထွန်းက ဆိုသည်။

“အဓိကကတော့ အလှမ်းဝေးတဲ့နေရာတွေမှာ ပြည့်ပြည့်စုံစုံရှိသင့်တယ်။နယ်တွေမှာက ဆေးပေးခန်းတွေက ကြဲ (နည်း)တယ်။ကျေးလက်ဆေးပေးခန်းအဆင့်မှာ လုံလုံလောက်လောက်(ဝန်ထမ်း၊ဆေး ဝါး)ရှိရင် ဒါတွေ (မသေသင့်ဘဲ သေဆုံးရမှုများ) လျှော့ကျသွားမယ်။”ဟု ၎င်းက အကြံပြုသည်။

ထိုသို့သော အခြေအနေများကြောင့် ကျန်းမာရေးအသုံးစရိတ်ကို တိုးမြှင့်ချထားပေးရန် လွှတ်တော်ကိုယ်စား လှယ်များနှင့်ဒေသခံများက တောင်းဆိုကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ သတ် မှတ်ချက်အရ နိုင်ငံ၏ ကျန်းမာရေးဘက်ဂျက်သည် ၁၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်သော်လည်း မြန်မာနိုင် ငံ၏ ကျန်းမာရေးဘက်ဂျက်မှာ ၅ ရာခိုင် နှုန်းဝန်း ကျင်သာရှိခဲ့သည်။အဆိုပါ ဘတ်ဂျက်မှာ အရပ် သားအစိုးရလက်ထက်များတွင်ရှိခဲ့သောပမာဏဖြစ်ပြီး ယခုအာဏာသိမ်းစစ်အစိုးရ လက်ထ က်တွင် မည်မျှရှိလာမည်ကို မပြောနိုင်ပေ။

“အရပ်သားအစိုးရ လက်ထက်တွေမှာတောင် စစ်အသုံးစရိတ်က အများဆုံး၊ ကျန်းမာရေး၊ပညာရေးက အနည်းဆုံး ဖြစ်နေခဲ့တာလေ။”ဟု ရခိုင်လူငယ် ကိုဇော်မင်းက ပြောသည်။

ရခိုင်ပြည်အတွင်း ခရိုင်ဆေးရုံအပါအ ဝင် ဆေးရုံပေါင်း  ၁၉ ရုံ၊တိုက်နယ်ဆေးရုံပေါင်း ၅၄ ရုံ၊ကျေး လက်ကျန်းမာရေးဌာနပေါင်း  ၁၃၁ ခု နှင့် ဌာနခွဲပေါင်း ၅၅၉ ခုရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက နောက်ဆုံးဖြည့် စွက်ထားသည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ဆရာဝန်မရှိသော တိုက်နယ်ဆေးရုံများ

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ကျေး လက်ကျန်း မာရေးဌာနများ မပြည့်စုံမှုတို့အပြင် ဆေးရုံများတွင် ဆရာဝန်၊သူနာပြုတို့ ရှိမနေခြင်းကလည်း ပြည်သူ များအတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ အခ က်အခဲ ဖြစ်စေသည်ဟု ပြောကြသည်။

ရခိုင်ပြည်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် ဆရာ ဝန်ရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင် ရှိမနေသဖြင့် အမည်ခံဆေးရုံသာဖြစ်နေကာ ပြည်သူများ အားထား၍မရကြောင်း ဒေသခံများက ဆိုသည်။ယင်းကဲ့သို့ တိုက်နယ်တစ်ခုလုံးတွင် ဆရာဝန်မရှိသ ည့်အတွက် ဒေသခံများမှာတခြားသောအလှမ်းဝေးသည့် ဆေးရုံများကိုသာ အားကိုးကြရကြောင်း အ ငြိမ်းစားဆရာဝန် ဒေါက်တာအေးမောင်ဇံက ပြော သည်။

“တိမ်ညိုတိုက်နယ်မှာ ဆရာဝန်မရှိဘူး။ဘွဲ့လွန် သင် တန်းသွားတက်တယ်။သူ့ကို အစားထိုးဖို့ ဆရာဝန်မရှိဘူး။တိုက်နယ်တစ်နယ်လုံးမှာ ဆရာဝန်မရှိတော့ မြောက်ဦးကို လာရတာပေါ့။ကိုယ့်ရပ်ကိုယ့်ရွာမှာ အသေးစားခွဲစိတ်မှုတွေ၊ မွေးဖွားမှုတွေ လုပ်နေတာတွေဟာ အခုဆိုရင် မြောက်ဦးကိုလာရတယ်။”ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် ပြည်သူများအတွက် ငွေ ကုန်ကြေးကျ ပိုမများစေရန်၊အချိန်မီ ကုသမှုခံယူနိုင်စေရန်အတွ က် ဆရာဝန်လစ်လပ်ဆေးရုံများတွင် အမြန်ဆုံးအ စားထိုးခန့်အပ်ပေးရန်လိုအပ်ကြောင်း ဒေသခံများက တောင်းဆိုကြသည်။

“ဆရာဝန်မရှိတဲ့ဆေးရုံတွေမှာ ဆရာဝန်များနေတဲ့ဆေးရုံတခုခုက ယာယီပဲဖြစ်ဖြစ် ထုတ်ပြီးတော့ချပေးသင့်တယ်လို့ ထင်တယ်။”ဟု တိမ်ညိုကျေးရွာမှ ဒေသခံတစ်ဦးက ထောက်ပြသည်။

တိုက်နယ်ဆေးရုံများတွင် တာဝန်ကျနေသည့် ဆရာ ဝန်အချို့သည် ခွင့်ရက်ရှည်ယူခြင်း၊ပညာရေးအတွ က် ဘွဲ့လွန်ဒီပလိုမာများ တက်ရောက်နေခြင်းတို့ကြောင့်လည်း ဆေးရုံများတွင် ဆရာဝန်အလုံအ လောက်မရှိခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ပြောထားဖူးသည်။

မြန်မာနိုင်ငံအတွင်း တိုက်နယ်ဆေးရုံပေါင်း (၇၄၅) ရုံရှိသည့်အနက် ဆရာဝန်လုံး၀ချထားမပေနိုင်သေးသော တိုက်နယ်ဆေးရုံပေါင်း(၂၄၃)ရုံ ကျန်ရှိနေသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တော်သို့ တင်ပြခဲ့သည်။

ဆရာဝန်ခန့်ထားနိုင်သော ဆေးရုံများအပါအဝင် တစ်နိုင်ငံလုံးရှိ တိုက်နယ်ဆေးရုံများတွင် ခွင့်ပြုဝန်ထမ်းအရေအတွက်၏ ၇၄ ရာခိုင်နှုန်းကိုသာခန့် ထားနိုင်သေးကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောထားသည်။

“တခုခု အရေးပေါ်အခြေအနေတွေကြုံရင် တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်ရှိရင် သွားကုလို့ရတယ်လေ။အခုက မရှိတော့ မြို့ပေါ်ဆေးရုံကို သွားရမယ်။လမ်းမှာ အချိန်ပိုကြန့်ကြာတော့ အသက်အန္တရယ်တွေ စိုးရိမ်ရတာပေါ့။”ဟု တိမ်ညိုကျေးရွာသားတစ်ဦးက ပြောသည်။

ခွင့်ပြုအရေအတွက်ထက် ဝန်ထမ်းအင်အား နည်းပါးမှု

ဆရာဝန် လုံး၀မရှိသည့် ဆေးရုံများအ ပြင် ခွင့်ပြုအရေအတွက်ထက် ဆရာဝန်၊သူနာပြုစသည့် ကျန်း မာရေးဝန်ထမ်းအင်အားလျော့နည်းနေသည့် ဆေးရုံများမှာလည်း ရခိုင်ပြည်နယ်အတွင်းများစွာရှိနေ သည်။

“ဆေးရုံတိုင်းက ဝန်ထမ်းအင်အား မလောက်ငှဘူး။” ဟု ရခိုင်ရှိဆရာဝန်တစ်ဦးက ပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် လူနာများအတွက် များစွာနစ်နာရကြောင်း လူမှုကူညီရေးအဖွဲ့များနှင့် လူနာများက ပြောကြသည်။

မြောက်ဦးခရိုင်ဆေးရုံတွင် လွန်ခဲ့သည့်အပတ်က မေ့ဆေးဆရာဝန်မရှိသည့်အတွက် အရေးပေါ် ခွဲစိတ်ရမည့်လူနာများအား စစ်တွေဆေးရုံသို့ ပို့ပေးခဲ့ရကြောင်း မြောက်ဦးမြို့မှ နန်းရိပ်ဂရုဏာသွေးလှူရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။

“မေ့ဆေးဆရာဝန်မရှိလို့ အရေးပေါ်လူ နာတွေကို စစ်တွေကို တစ်ရက်မှာ နှစ်စီး၊ သုံးစီး ကျွန်တော်တို့ ပို့ပေးလိုက်ရတယ်။အပိုကုန်နေရတာပေါ့။ပြည့်ပြည့် စုံစုံရှိစေချင်တယ်။”ဟု ၎င်းက ဆိုသည်။

မြောက်ဦးခရိုင်ဆေးရုံတွင် လက်ရှိရှိနေသည့် ဆရာ ဝန်အရေအတွက်မှာ ခွင့်ပြုအရေအတွက်ထက်များစွာပင် လျော့နည်းနေကြောင်းလည်း ဦးအောင်သန်းထွန်းက ထောက်ပြသည်။

အစိုးရဆေးရုံများတွင် ခွင့်ပြုဝန်ထမ်းအပြည့်အ၀ ခန့်ထားပေးရန် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်း၌ မေးခွန်းများဖြင့် မကြာခဏ တိုက်တွန်းကာ အကြံပြုခဲ့ကြသည်။

အလားတူ မေးခွန်းမျိုးမေးခဲ့ဖူးသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ဆေးရုံများတွင် ဝန်ထမ်းအလုံအ လောက်မရှိသည့်အတွက် လူနာများမှာ ဆုံးရှုံးနစ်နာမှုများစွာကြုံတွေ့နေကြရပြီး အသက်အန္တရယ်နှင့်ပင် ရင်ဆိုင်နေကြရကြောင်း ဆိုသည်။

“ဆရာဝန်တစ်ယောက်ပဲရှိတဲ့အတွက် လူနာတစ်ယောက်က ဆေးကုသမှုခံနေရင် နောက်လူနာတစ်ယောက်က ထိုင်စောင့်နေရတယ်။အဲလိုစောင့်နေရင်းနဲ့ လူနာကမတော်ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ် ။ ”ဟု ၎င်းက ရခိုင်ပြည်၏ ကျန်းမာရေးအခြေအနေကို ပြောသည်။

လူဦးရေ သုံးသန်းကျော်ရှိသည့် ရခိုင်ပြည်တွင် ဆရာဝန်ပေါင်း ၁၆၀ ဝန်းကျင်ရှိကြောင်း အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏စာရင်းတွင် ဖော်ပြထားသ ည်။

ယင်းမှာ ဆရာဝန်တစ်ဦးလျှင် ပျမ်းမျှအားဖြင့် ပြည်သူပေါင်းနှစ်သောင်းကျော်ကို ကျန်းမာရေးစောင့် ရှောက်မှု ပေးရသည်ဆိုသော သဘောပင်ဖြစ် သ ည်။အချို့မြို့နယ်များတွင်မူ ဆရာဝန်တစ်ဦးသည် ပြည်သူပေါင်း ခြောက်သောင်းကျော်၏ ကျန်းမာ ရေးကို စောင့်ရှောက်ပေးနေရသည်။

“ဆရာဝန်အင်အားမရှိတော့ လူတစ်ယောက်လုပ်ရမယ့်ဟာကို နှစ်ယောက်လုပ်ရတာပေါ့။အဲဒီအခက် အခဲတွေရှိတယ်။အဲတော့ လူတွေ ပင်ပန်းလာတော့ စိတ်တိုတာတွေ‌၊ဘာတွေ ရှိတာပေါ့။ရှိတဲ့အင်အားလေးနဲ့အတတ်နိုင်ဆုံးတော့ လုပ်နေကြရတာပါပဲ။” ဟု ရခိုင်မှ ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတဝန်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများတွင်ပင် ဝန်ထမ်းအင်အားခန့်ထားနိုင်မှုမှာ ၅၈ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာ န၏စာရင်းတွင် ဖော်ပြသည်။

ကိုဗစ်ဖြစ်ပွားမှုအပါအဝင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဆေးတက္ကသိုလ်များလည်း ပိတ်ထားရသည့်အတွက် ဆရာဝန်အင်အား တိုးချဲ့ချထားနိုင်ဖို့မှာ မျှော်လင့်၍မရသည့် အခြေအနေသာဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။

”အစိုးရအနေဖြင့် ကျန်းမာရေကဏ္ဍတွင် အကျင့်ပျ က်မှု၊တရားမဝင်မှု၊အခကြေးငွေပေးရမှု၊မတရားအမြတ်ထုတ်မှုများ၊ခွဲခြားနှိမ့်ချဆက်ဆံမှုများရှိပါကတိုင်းကြားနိုင်သော နည်းလမ်းယန္တရားတစ်ခု ရှိစေရေးအတွက် ဆောင်ရွက်သင့်ပါသည်။ထိုမတရား မှုများကို ကျူးလွန်သူများအားလည်း ၎င်းတို့၏ ပြစ်မှုအတွက်တာဝန်ယူစေပြီး ထိုက်သင့်သည့်ပြစ် ဒဏ်များကို ပေးသင့်ပါသည်။”ဟု ရခိုင်ကော်မရှင်က အကြံပြုထားသည်။

မြို့နှင့်နီးသော ဆေးရုံ၊ဆေးခန်းနှင့် နီးသောဒေသမှ ပြည်သူတို့အဖို့ပင် ကျန်းမာရေးလက်လှမ်းမီမှု အပြ ည့်အ၀မရနိုင်သေးသော ရခိုင်ပြည်တွင်လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော၊ကျေးလက်ကျန်းမာရေးဌာနမရှိသော ဝေးလံခေါင်ပါးသောဒေသများမှ ပြည်သူတို့အဖို့ဆိုလျှင်ပို၍ ဝေးနေအုံးမည်သာဖြစ်ပေသည်။

ယင်းသို့သောအခြေအနေများကြောင့် ဆေးရုံ၊ဆေး ခန်းသို့အသွား လမ်းခုလတ်တွင် မသေသင့်ဘဲသေ ဆုံးခဲ့ရသည်ဆိုသော ဖြစ်စဉ်များကိုလည်း ထပ်မံ ကြားကြရအုံးမည်သာ။

https://www.facebook.com/permalink.php?story_fbid=173800961728885&id=107469705028678

Leave a Reply

Your email address will not be published.