ဘားမှာ ကန်ကျောက်၊ရိုက်နှက်ခံခဲ့ရတဲ့ LGBTQ ကျောင်းသူရဲ့အမှုကို တရားရုံးကလက်ခံ

By Boder News Agency (BNA) / 2022 June 10

ဓာတ်ပုံ-The Bay Bar

စစ်တွေမြို့က The Bay Bar မှာ အမျိုးသားတစ်ဦးရဲ့ကန်ကျောက်၊ရိုက်နှက်ခြင်းကိုခံခဲ့ရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQ)တက္ကသိုလ်ကျောင်းသူရဲ့ အမှုကို စစ်တွေမြို့နယ်တရားရုံးက လက်ခံလိုက်ပြီဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။

မေလ ၄ ရက်နေ့ညက သူငယ်ချင်းတွေနဲ့အတူ အဲဒီဘားမှာရှိနေတဲ့အချိန် သျှင်ထွီးဆိုတဲ့သူဟာ အနော က်ကနေ လှောင်ပြောင်၊စနောက်ပြီးနောက် ခြေထော က်နဲ့ ကန်ကျောက်ခြင်း၊ပါးကိုရိုက်နှက်ခြင်းတို့ပြုလု ပ်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်က ပြောထားပါတယ်။

အဲဒီလို ကန်ကျောက်၊ရိုက်နှက်ပြီး စော်ကားခံရတာကို လက်မခံနိုင်တဲ့အတွက် တရားရုံးမှာ ဦးတိုက် လျှောက် တိုင်တန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီတိုင်တန်းချက်ကို တရားရုံးက နာကျင်စေမှု ပုဒ် မ ၃၂၃၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့ ဒီနေ့ ဇွန်လ ၁၀ ရက်မှာ အမှုလက်ခံလိုက်တာလို့ ကာယကံရှင်က ပြောပါတယ်။

“ကျွန်မကတော့ အမှန်အတိုင်း ထွက်ဆိုထားပါတယ် ။သူတို့ဖက်ကလည်း အမှန်အတိုင်းတရားရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ သူမက ဆိုပါတယ်။

အဲဒီအမှုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ထပ်မံချိန်းဆိုထားတယ်လို့လည်း ၎င်းက ပြောပါတယ်။

အဲဒီလို အမှုလက်ခံလိုက်တဲ့အပေါ် ကြိုဆိုပြီး ရှေ့ဆ က်အမှုစစ်ဆေးတဲ့အဆင့်တွေမှာလည်း ဘက်မလို က်ဘဲ ဆုံးဖြတ်ပေးဖို့၊အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့လိုကြောင်း LGBTQ အရေးလှုပ် ရှားသူတစ်ဦးက တောင်းဆိုပါတယ်။

ရခိုပြည်နယ်အတွင်း လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQ)အရေး လှုပ်ရှားနေတဲ့ We Are One အဖွဲ့ကလည်း အဲဒီလိုကန်ကျောက်၊ရိုက်နှက်ခဲ့တာဟာ တဖ က်သတ်နိုင်ထက်စီးနင်းပြုလုပ်တာဖြစ်တဲ့အတွက် လက်ခံလို့မရကြောင်း ပြောထားပါတယ်။

The Bay Barကလည်း သျှင်ထွီးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြောင်း သူတို့ရဲ့ ဝန်ထမ်းတွေဆီကနေတဆင့်သိရပြီး ဥပေဒေကြော င်းအရ ရင်ဆိုင်ရမယ်ဆိုရင်လည်း မျက်မြင်အတိုင်း သက်သေထွက်ဆိုဖို့ အဆင်သင့်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=173386988436949&id=107469705028678

Leave a Reply

Your email address will not be published.