ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာသည့် ရခိုင်လူမျိုး၆ ဦး မောင်တောစစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရ

By Narinjara / 2022 June 29

(ဓာတ်ပုံ- ဖြတ်ကျော်ဝင်လာသူ ၆ ဦးနှင့် ကားသမားအား ဖမ်းဆီးထားသည်ကိုတွေ့ရစဉ် /ရခိုင်နေ့စဉ်)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲသို့ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်လူမျိုး ၆ဦးကို ယမန်နေ့ ဇွန်လ ၂၈ရက်နေ့တွင် ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ၆ဦးမှာ ရခိုင်လူမျိုးများဖြစ်ကြသည့် ဦးမင်းသိန်းအောင်နှင့်ဇနီး ဒေါ်သိန်းကျော့မတို့၏သား နေထက်လင်း(၁၈)နှစ်၊ ဦးမောင်လှစိန်နှင့် ဇနီးဒေါ်မသာဦးတို့၏သား သက်ရင်(၂၃)နှစ်၊ ဦးမောင်ကျော်စိန်နှင့် ဇနီးဒေါ်မဝေသာတို့၏သား မောင်ယိုင်(၂၈)နှစ်၊ ဦးထွေးစံနှင့် ဇနီး‌ဒေါ်ယဉ်သာဦးတို့၏ သား သာထွန်းလှ(၃၁)နှစ်၊ ဦးမောင်စိန်နှင့် ဇနီးဒေါ်ရွှေစိန်၏သား စံထွီးမောင်(၃၂)နှစ်နှင့် ခမီလူမျိုး ဦးတောင်မရဲ နှင့်ဇနီး ဒေါ်ရုံပေါက်တို့၏သား မောင်မောင်(ခ) နန်ခရု(၁၈)နှစ်တို့ ဖြစ်ကြသည်။

ဖမ်းဆီးရမိခဲ့သူများကို စစ်ဆေးချက်အရ ၎င်းတို့သည်  မောင်တောမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မောင်တောမြို့နယ် သင်္ဘောလှ(အပြင်)ရွာအနီးသို့အရောက်တွင် ယာဥ်မောင်း မျိုးကျော်သူက ကားဖြင့်ခေါ်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ကြရသည်။

အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက “သူတို့အားလုံးကို မနက်ဖြန် ရုံးထုတ်မယ်လိုတော့ ကြားတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း အတည်မပြုနိုင်သေးဘူး”ဟုဆိုသည်။

https://www.facebook.com/narinjara.info/posts/5595590003786364

Leave a Reply

Your email address will not be published.