ပြန်ပေးသမားလက်ကလွတ်လာတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ခရိုင်ထွေ/အုပ် ရိပ်သာမှာ ထိန်းသိမ်းထား

By Boder News Agency (BNA) / 2022 June 25

ပြန်ပြေးဆွဲခံခဲ့ရပြီး လွတ်မြောက်လာတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးရိပ်သာမှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲ မြို့၊သင်္ဘောလှကျေးရွာ၊မူလွန်ကျောင်းကနေ မောင်တောမြို့ရှိ ပညာရေးမှူးရုံး ကို လာရောက်တဲ့အခါ မောင်တော- တောင်ပြိုကားလမ်း၊ဇီးပင်ချောင်းကျေးရွာ အနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အဲလိုပျောက်ဆုံးခဲ့တာဟာ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး ပြန်ပေးသမားတွေတော င်းတဲ့ ဘင်္ဂလားဒေ့ရှ်တာကာငွေသိန်းငါးဆယ်(မြန်မာငွေသိန်းတစ်ထောင်ခန့်)နဲ့ ပြန်ရွေးဖို့ ပြောခဲ့တာကြောင့် မောင်တောခရိုင်အုပ်ချုပ်ရေးအစီစဉ်နဲ့လွှဲပေးခဲ့ ပါတယ်။

အဲဒီလို လွှဲပြီးတဲ့နောက် ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ပြန်ပြေးသမားတွေက လွတ်ပေးခဲ့ပြီးတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ် (BGB)က ဇွန်လ ၂၃ ရက်မှာ မြန်မာနယ်ခြားစောင့်ရဲ(BGP)ကို တောင်ပြိုနယ် စပ်ချစ်ကြည်ရေးတံတားကနေ တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။

အဲလို လွှဲပြောင်းပေးပြီးနောက် ဇွန်လ ၂၄ ရက်မှာ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှာ မိသားစုတွေကို ထပ်မံလွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ပြန်ပြေးသမားလက်က လွတ်လာတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို မောင်တောခရိုင်ထွေ/အုပ်ရိပ်သာမှာပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သူတို့ကို လုံခြုံရေးအရဆိုပြီး ထွေ/အုပ်ရိပ်သာမှာ ထိန်းသိမ်းထားပါတယ်။ အဓိကတော့ သူတို့ကို လူတွေမေးကြမှာကို စိုးရိမ်လို့ထင်ပါတယ်”လို့ မောင်တောမြို့ခံတစ်ဦးက ဆိုပါတယ်။

ဘယ်လိုအကြောင်းအကြောင်းကြောင့် ဆက်လက်ထိန်းသိမ်းထားတယ်ဆို တာကိုတော့ BNAက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=176611524781162&id=107469705028678

Leave a Reply

Your email address will not be published.