ပျောက်ဆုံးနေတဲ့ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကို သုံးရက်ကျော်ကြာ သည်ထိ ရှာမတွေ့သေး

(အစိုးရနှင့်လုံခြုံရေးတာဝန်ရှိသူများကို မေးခွန်းထုတ်နေ)

By Boder News Agency (BNA) / 2022 June 19

ဓာတ်ပုံ-ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကို ဇွန်လ ၁၈ ရက်က လိုက်လံရှာဖွေနေပုံ/ဦးစရဏ

ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းကနေ ပျောက်ဆုံးနေတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း၊တောင်ပြိုလက်ဝဲမြို့၊သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ် ဆရာ ကြီးတစ်ဦးနှင့်ဆရာမတစ်ဦးကို သုံးရက်ကျော်ကြာတဲ့အထိ ရှာမတွေ့ သေးပါဘူး။

သူတို့နှစ်ဦးဟာ ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး ပြန်ပေးသမားတွေက ဘင်္ဂလား ဒေ့ရှ်တာကာငွေ သိန်း ၅၀(မြန်မာကျပ်ငွေသိန်းတစ်ထောင်ခန့်)နဲ့ ပြန်ရွေးဖို့ ဇွန်လ ၁၇ ရက်က တောင်းဆိုညှိနှိုင်းတာတွေ လုပ်နေကြပေမယ့် ဒီနေ့ထိဘယ် နေရာမှာရှိတယ်ဆိုတာကို မသိရသေးသလိုရှာလို့လည်းမတွေ့သေးပါဘူး။

ဒါက လက်ရှိ စစ်ကောင်စီအစိုးရနှင့်နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ သူတွေကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ မိမိတို့ဝန်ထမ်းများရဲ့ လုံခြုံရေးကို တာဝန်မ ယူနိုင်ဘူးလို့ မီးမောင်းထိုးပြရာ ရောက်နေသလို အခြားအဖွဲ့အစည်းများ အတွက်လည်း မိမိပတ်ဝန်းကျင်မှာ မျက်နှာပျက်စရာ ဖြစ်နေမှာကတော့ သေချာတယ်။”လို့ ကျောက်ဖြူမြို့က ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးကျော်လွင်က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေး သားထားပါတယ်။

ပျောက်ဆုံးနေတဲ့ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမကို ပြန်ရှာမတွေ့ရင် နောက် ထပ်ဒီလိုမျိုးဖြစ်စဉ်တွေ ထပ်ဖြစ်လာနိုင်ပြီး မောင်တောနယ်စပ်ဒေသမှာ တာ ဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေနဲ့ ဒေသခံတွေရဲ့လုံခြုံမှုက စိုးရိမ်စရာဖြစ် လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ ဖိအားအမျိုးမျိုးပေးပြီး ခိုင်းနေပေမယ့် သူတို့လုံခြုံရေးအတွက် တာဝန်ယူမှုမရှိဖြစ်နေတယ်။”လို့ မောင်တောမြို့နယ်က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမဟာ ဇွန်လ ၁၆ ရက်၊နေ့လယ် ၁ နာရီခန့်က ပညာရေးမှူးရုံးကို လာရောက်ဖို့ ခေါ်ယူခဲ့တာကြောင့်မောင်တောမြို့ကို ဆိုင်ကယ်နဲ့ လာရောက်စဉ် မောင်တော-တောင်ပြိုကားလမ်း၊ဇီးပင်ချောင်း ကျေးရွာအနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်ကိုတော့ ဇွန်လ ၁၆ ရက်ကတည်းက ရှာဖွေ တွေ့ရှိထားပါတယ်။

ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်ဆရာကြီးနှင့်ကျောင်းဆရာမကို လုံခြုံရေးတာဝန် ရှိသူတွေအားလုံးရှာ ဖွေပေးဖို့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေက တောင်းဆို ပါတယ်။

https://www.facebook.com/permalink.php?story_fbid=175313778244270&id=107469705028678

Leave a Reply

Your email address will not be published.