(တာကာငွေတောင်းခံသူများနှင့် ညှိနှိုင်းနေဆဲ)
By Boder News Agency (BNA) / 2022 June 18
ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းကပျောက်ဆုံးနေတဲ့ မောင်တောမြို့နယ် မြောက် ပိုင်းတောင်ပြိုလက်ဝဲမြို့ သင်္ဘောလှမူလွန်ကျောင်းကကျောင်းအုပ်ဆရာကြီး တစ်ဦးနဲ့ ဆရာမတစ်ဦးကို ဒီနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းထိ ဆက်လက်ရှာဖွေ နေဆဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း ၅၀(မြန်မာကျပ်ငွေသိန်းတစ်ထောင်ခန့်)နဲ့ ပြန်ရွေးဖို့ ဇွန်လ ၁၇ ရက်က တောင်းဆိုထားပါတယ်။
ပျောက်ဆုံးနေတဲ့ဆရာမမှာ ပါသွားတဲ့ဖုန်းနဲ့ အမျိုးသားတစ်ဦးက ဆက်သွယ် လာတာဖြစ်ပေမယ့် သူတို့တောင်းတဲ့ ဘင်္ဂလားဒေ့ရှ်တာကာငွေကို ပေးမယ့် နေရာ၊ပေးရမယ့်သူတွေကို တိတိကျကျ မပြောသေးဘူးလို့ ပျောက်ဆုံးနေ သူတွေကိုရှာဖွေရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“သူတို့ပြောချင်တဲ့အချိန်ကျမှ ဖုန်းစက်ဖွင့်ပြီးတော့ ပြောတယ်။ပြီးရင်ဖုန်းကို ပြန်ပြီးစက်ပိတ်ထားတ ယ်။”လို့ ၎င်းကပြောပါတယ်။
ပြန်ပြေးဆွဲတဲ့သူတွေဟာ ဖုန်းကတဆင့် စကားပြောခဲ့တာဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ၊ဘယ်အဖွဲ့ဆိုတာကိုတော့ ပြောရခက်နေပါသေးတယ်။
လိုက်ရှာနေတဲ့အဖွဲ့တွေကတော့ မနေ့ကကျောင်း အုပ်ဆရာကြီးနှင့် ဆရာမရဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ကျောက်ချောင်းကျေးရွာအနီးတောစပ်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ဇွန်လ ၁၆ ရက် နေ့လယ် ၁ နာရီခန့် က ပညာရေးမှူးရုံးကို လာ ရောက်ဖို့ ခေါ်ယူခဲ့တာကြောင့်မောင်တောမြို့ကို ဆိုင်ကယ်နဲ့ လာရောက်စဉ် မောင်တော-တောင်ပြိုကားလမ်း ဇီးပင်ချောင်းကျေးရွာအနီးမှာ ပျောက်ဆုံးခဲ့ တာဖြစ်ပါတယ်။
သူတို့နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်ကိုတော့ ဇွန်လ ၁၆ ရက်ကတည်းက ရှာဖွေတွေ့ ရှိထားပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်ဆရာကြီးနှင့် ကျော င်းဆရာမကို လုံခြုံရေး တာဝန်ရှိသူတွေအားလုံးရှာ ဖွေပေးဖို့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေက တော င်းဆိုပါတယ်။
https://www.facebook.com/permalink.php?story_fbid=175103998265248&id=107469705028678