ပေါက်တောမြို့နယ်သဲခုံရွာအနီးစက်လှေတစ်စီးပေါ်မှ မူဆလင် ၉ ဦးကို WFP စာတမ်းပါဆန်၁ဝဝအိတ်နှင့်အတူဖမ်းဆီးမိဟုဆို

By Narinjara / 2022 June 25

ဓာတ်ပုံ – ရခိုင်နေ့စဥ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံကျေးရွာအနီး စက်လှေတစ်စီးပေါ်မှ မူဆလင် ၉ ဦးကို  WFP စာတမ်းပါ ဆန် ၁ဝဝ အိတ် အပါအဝင် တခြားမီးဖိုချောင်သုံး ပစ္စည်းများနှင့်အတူဖမ်းဆီးမိသည်ဟု ပြည်နယ်အစိုးရ သတင်းပေ့ရှ်တစ်ခုဖြစ်သည့် ရခိုင်နေ့စဥ် သတင်းတွင် ဖော်ပြသည်။

သူတို့ကို ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ သဲခုံရွာအနီး ပွဲကြည့်တောင်၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အရှေ့မှ အနောက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးပေါ်မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ပေါက်တောမြို့နယ်မှဖြစ်ပြီး စက်လှေပေါ်ရှိ WFP စာတမ်းပါ ဆန် ၁ဝဝ အိတ်၊ စားဆီ ၆ဝဝ ဗူး(၃ လီတာဆံ့)၊ ကုလားပဲ ၂ဝ အိတ်နှင့် မြန်မာကျပ်ငွေအရောရောကျပ် ၈၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသည့် စက်လှေနှင့် စက်လှေပေါ်ပါပစ္စည်းများအား စစ်တွေမြို့ မြို့မရဲစခန်းတွင်ထိန်းသိမ်းထားရှိပြီး မူဆလင် ၉ ဦးအား ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5584165234928841

Leave a Reply

Your email address will not be published.