ပလက်ဝမှာ ဟင်းရှာသွားတဲ့စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး မြေမြုပ်မိုင်းနင်း မိပြီး ဒဏ်ရာပြင်းထန်

By Boder News Agency (BNA) / 2022 June 20

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ဇွန် လ ၂၀ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်​က ဟင်းရှာသွားတဲ့စစ်ဘေးရှောင်သုံးဦးထဲမှ မြေမြုပ်မိုင်းနင်းမိပြီး နှစ်ဦးဒဏ်ရာ ရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ပလက်ဝမြို့ပေါ် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှာခိုလုံနေတဲ့ စစ်ဘေးရှောင် တွေ အမျိုးသားတစ်ဦး၊အမျိုးသမီးနှစ်ဦးတို့ ဟင်းရှာသွားကြစဉ် ပလက်ဝမြို့ရဲ့ အနောက်ဘက်လေးမိုင်ခန့်အကွာ ရုပ်နီချောင်းမရောက်မီ တောအုပ်အတွင်း မြေမြုပ်မိုင်းနင်းမိကြတာလို့ သိရပါတယ်။

“သူတို့က ကျနော်တို့ပလက်ဝစစ်ဘေးရှောင်စခန်းကပါ။ဟင်းသီးဟင်းရွက် ရှာဖို့သွားတာ။အဲဒီမှာ လူသွားလမ်းဘေးက တောထဲမှာဝင်ပြီး အသီးခူးတာမှာ အပင်အောက်က ပေါက်ကွဲမှုဖြစ်သွားတယ်။”လို့ ပလက်ဝမြို့နယ်ကြက်ခြေနီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုကြောင့်ဒေါ်ဝင်းခင် (၄၅)နှစ်၊ညာဘက်ဒူးအောက် ဖြတ်လိုက် ရတဲ့ဒဏ်ရာ(အသက်အန္တရာယ်စိုးရိမ်ရ) နဲ့မျက်နှာမိုင်းစထိမှန်ဒဏ်ရာရရှိသွားပြီး၊ဒေါ်ချစ်ခင်(ဦးအောင်ထွန်းရဲ့ဇနီး)အသက် (၅၀)နှစ်၊ညာဘက်လက်ဖျံလက် မောင်းမိုင်းစထိမှန်ပြီးဒဏ်ရာ ၃ ချက်နဲ့ အသေးစားဒဏ်ရာတချို့ ရရှိသွား တယ်လို့ သူက ပြောပြပါတယ်။

အဲဒီဒဏ်ရာရသူတွေကို ပလက်ဝမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အဲဒီဆေး ရုံမှာ လိုအပ်ချက်၊မပြည့်စုံမှုတွေရှိပါက ကျောက်တော်နဲ့စစ်တွေဆေးရုံကို ပို့ ဆောင်ဖို့ တာဝန်ယူလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

“ဒီလိုကူညီမှုတွေက ကျနော်တို့အမြဲလုပ်နေကျပါ။ကျောက်တော်ကြက်ခြေနီ အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ် ဆောင်နေကျပါပဲ။ဒီမှာ မသက်သာလို့ရှိရင် ကျောက် တော်၊စစ်တွေကို ပို့မယ်။အဲဒီမှာလည်း မိုင်းထိတဲ့လူ နာနဲ့ပတ်သက်လို့ ICRC က ဝိုင်းကူလုပ်ပေးတယ်။စစ်တွေမှာ ဆေးရုံတက်တာကအစ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ကအစ လုပ်ပေးတယ်။”လို့သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးမပြေ လည်တာမို့ဝမ်းစာရှာထွက် ရာက ခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

အဲဒီပလက်ဝမြို့နယ်အတွင်းအာဏာသိမ်းစစ်တပ်နဲ့ ရက္ခိုင်တပ်တော်(AA) တို့ကြား မေလကုန်ပိုင်က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ တောတောင်တွေမှာတပ်စွဲတာ၊စခန်းချနေ ထိုင် တာတွေရှိနေဆဲလို့ ဒေသခံတွေကဆိုပါတယ်။

ယခုလပိုင်းအတွင်း ပလက်ဝအပါအဝင် ရခိုင်ကမြို့ နယ်တချို့မှာလည်း ဒေသခံ တချို့ မြေမြုပ်မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ ရှိနေပါတယ်။

https://www.facebook.com/permalink.php?story_fbid=175591844883130&id=107469705028678

Leave a Reply

Your email address will not be published.