ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ၁၀ တန်းအောင်စရင်း မထွက်သေးဘူးလို့ ပြည်နယ်ပညာရေးမှူးပြော

By  Voice Of Westland (VOW)/ 2022 June 12

မြန်မာနိုင်ငံအတွင်းမှာ တက္ကသိုလ်ဝင်တန်း ​အောင်စာရင်းအဖြေကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ သိရမှာဖြစ်တယ်လို့ သတင်းတွေကြားနေရပေမဲ့လည်း ဒီကနေ့မှာ အောင်စာရင်း မထွက်သေးဘူးလို့ ပြည်နယ်ပညာရေးမှူးရဲ့ ပြောပြချက်အရ သသိရပါတယ်။

“မထွက်သေးဘူး။ ဒါပဲ ပြောနိုင်ပါတယ်´´လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) ဖြေဆိုထားတဲ့ ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ ဆယ်တန်းအောင်စာရင်းကို ဇွန်လ ၁၂ ရက်နေ့မှာ ထွက်ဖို့ မျော်လင့်ထားနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆယ်တန်းအောင်စာရင်းဟာ အများပြည်သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့သလို့ အောင်စာရင်းထွက်ဖို့ ရက်အထိအကျကိုလည်း မသိရသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းက ဆယ်တန်းဖြေဆိုထားတဲ့ ကျောင်းသား/ကျောင်းသူတွေသိစေဖို့အတွက် ရခိုင်ပြည်နယ် ပြည်ညာရေးမှူးရဲ့ ပြောဆိုချက်ကို VOW သတင်းဌာနက အတည်ပြုဖော်ပြလိုက်တာဖြစ်ပါတယ်။

ရခိုင်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံသူ ကျောင်းသား/ကျောင်းသူ ၄ သိန်း ၃ ထောင်ကျော်ရှိပြီး အဲဒီအထဲမှာ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၃၇၀၀၀ ကျော်နဲ့ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ  ၉၆၂၀၀ ကျော်၊ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူဦးရေ ၂၆၉၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

https://www.facebook.com/VOW2ppl/posts/172143468538372

Leave a Reply

Your email address will not be published.