တောင်ကုတ်မှဖမ်းဆီးခံရသူ တစ်ဦး၄ရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရ၍ စိုးရိမ်မှုများရှိ

By Narinjara / 2022 June 28

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ  အမျိုးသား ၁ဦးသည် ဖမ်းဆီးခံရပြီးနောက် ၄ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေရသည်ဟု သိရသည်။

ဖမ်းဆီးခံလိုက်ရသူမှာ တောင်ကုတ်က  အသက် ၄ဝ ကျော်အရွယ် ဦးစိုးသီဟ ဖြစ်သည်။

သူသည် ဇွန်လ ၂၃ ရက်တွင် စစ်တွေရှိ တည်းခိုခန်းတစ်ခုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လာရောက် ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယင်းနေ့တွင် ပြန်လွတ်လာကာ နောက်တစ်နေ့ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ထပ်မံဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ဦးစိုးသီဟသည် စစ်တွေတွင်ဖမ်းဆီးခံလိုက်ရပြီးနောက် ယနေ့အထိ မည်သည့် နေရာတွင်ထိန်းသိမ်းထားသည်ဆိုသည်ကို မသိရသလို အဆက်အသွယ်လည်း မရသေးသဖြင့် စိုးရိမ်ိနေသည်ဟု မိသားစုဝင်များက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/5592152164130148

Leave a Reply

Your email address will not be published.