စေတီတောင်‌ဆေးရုံက သူနာပြုဆရာမအမှု ဥပေဒအကြံပေးတင်ထားပြီမို့ အမြန်ဆုံးတရားစွဲတင် အရေးယူပေးဖို့ ကာယကံရှင်တောင်းဆို

By Boder News Agency (BNA) / 2022 June 25

အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမ အမှုကို တရားစွဲတင်နိုင်ရေး ဥပေဒရုံးမှာ ဥပေဒအကြံပေးတင်ထားပြီးလို့ ဘူးသီးတောင်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့တစ်လကျော် မေလ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊စေတီတောင် ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေးရုံရဲ့ဆေးရုံအုပ်ဆရာဝန်၊သူ့ဇနီးနဲ့ သူ့တပည့်တို့က အဆောင်ခန်းထဲထိ ဝင်ရောက်ပြီးရိုက်နှက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုအုပ်စုဖွဲ့ရိုက်နှက်ခြင်းမတိုင်မီကလည်း ဖုန်းကနေတစ်ဆင့် လိင်ပိုင်းဆိုင် ရာစော်ကားတဲ့ အသုံး အနှုန်းတွေနဲ့ စာပို့တာရှိခဲ့တယ်လို့ ကာယကံရှင်က ပြော ထားပါတယ်။

အဲဒီကိစ္စ ရိုက်နှက်ခံရသူကိုယ်တိုင်က ရဲစခန်းမှာ ပုဒ်မသုံးခုနဲ့အမှုဖွင့် တိုင်ကြား ထားတာဖြစ်ပြီး အမှုကိုတရားရုံးမှာ စွဲတင်နိုင်ရေးအတွက် ရဲစခခန်းက ဥပေဒရုံး ရဲ့ ဥပဒေအကြံကို တောင်းခံထားတယ်လို့ ဆိုပါတယ်။

“ဥပေဒအကြံပေးတင်ထားပါတယ်ခင်ဗျ။အဲဒီက ပြန်ကြားတဲ့အချိန်စောင့်ရမှာ ပေ့ါ။”လို့ ဘူးသီးတောင်မြို့မရဲစခန်းမှူးဒုရဲမှူးဇော်မြင့်သူက BNAသို့ ပြောပါတယ်။

အဲဒီကိစ္စကို ကာယကံရှင်သူနာပြုဆရာမကိုယ်တိုင် တရားလိုလုပ်ပြီး ထောင် ဒဏ်နှစ်နှစ်အထိ ချမှတ်လို့ရတဲ့ ကာယအိန္ဒြေပျက်ပြားအောင် အကြံနဲ့လက် ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄၊ထောင် ဒဏ်နှစ်နှစ်မှ ခုနှစ်နှစ်အထိ ချမှတ် လို့ရတဲ့ အိမ်ကျော်နှင်းမှု ပုဒ်မ ၄၅၁၊ထောင်ဒဏ်သုံးလအထိချမှတ်လို့ရတဲ့ ဆဲဆိုမှုပုဒ်မ ၂၉၄ တို့နဲ့ မေလ ၁၁ ရက် နေ့ကတည်းက အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။

တရားလိုဖြစ်တဲ့ သူနာပြုဆရာမကတော့ အမှုအခြေအနေကို ကြန့်ကြာနေ တယ်လို့ပြောပြီး အမြန်ဆုံးတရားရုံးတင်စစ်ဆေးနိုင်ရေး ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတောင်းဆိုပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက်အပါအဝင် အမျိုးသမီးအရေးလှုပ်ရှားသူတွေကလည်း ဒီအမှုကို မြန်မြန် ဆန်ဆန်တရားရုံးတင်ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက် မှုမျိုးတွေပြုလုပ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ဒီကိစ္စဟာအမျိုး သမီးအကြမ်းဖက်မှုမြောက်ပြီး အဲဒီအပေါ် ကျူးလွန်တဲ့သူတွေကို ထိရောက် တဲ့အရေးယူဆောင်ရွက်မှုမျိုးပြုလုပ်ပေးဖို့ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်း ထားပါတယ်။

လက်ရှိမှာတော့ ဆေးရုံအုပ်ဒေါက်တာညီညီမောင်ကို စေတီတောင်ဆေးရုံကနေ စစ်တွေမြို့ဆေးရုံသို့ နယ်ပြောင်းတာကလွှဲလို့ တခြားသောအရေးယူမှုမျိုးတွေ မတွေ့ရသေးဘူးလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ဘူးသီးတောင်မြို့မရဲစခန်းကတော့ အဲ ဒီအမှုနဲ့ပက်သက်လို့ အသေးစိတ်အချက် အလက်တွေကို မပြောလိုဘူးလို့ဆို ပါတယ်။

“ကျွန်တော်တို့က ဥပဒေနဲ့အညီဆောင်ရွက်သွားမှာပါ။”လို့ ဒုရဲမှူး ဇော်မြင့်သူက ဆက်ပြောပါတယ်။

အဲဒီကိစ္စကို ဘူးသီးတောင်မြို့နယ်၊ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းမှာ အမှုဖွင့်လှစ်တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ဘူးသီးတောင်မြို့မရဲစ ခန်းကိုလွှဲပေးခဲ့တာဖြစ်တယ်လို့ ကာယကံရှင်သူနာပြုဆရာမက ပြောပါတယ်။

စေတီတောင်ဆေးရုံအုပ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာပြု ဆရာမဆီကို “အတူတူ အိပ်မယ်မလား၊ အိပ်သွားပြီလား”လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊အိပ်ခပါယာလား”ဆိုတဲ့စာကို  ဖုန်းကနေပို့ခဲ့ပါတယ်။အဲဒီကိစ္စကို သူနာပြုဆရာမဟာ မြို့နယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီး ဧပြီလ၁၉ ရက်မှာ ဒေါက်တာညီညီမောင်ရဲ့ဇနီးဟာ ဆေးရုံက ဖန်ခွက်တွေကို ဆေးရုံအရှေ့မှာ ရိုက်ခွဲခဲ့တဲ့အတွက် အနည်းငယ်စကားများ ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာ ပြုဆရာမပေါ် မကျေမ နပ်ဖြစ်နေခဲ့တဲ့အတွက် ခုလိုမျိုး အငြိုးထားဆောင်ရွက်ခဲ့တာဖြစ်တယ် အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရတဲ့ ဆရာမနဲ့ သူရဲ့လုပ် ဖော်ကိုင်ဖက်တွေက ပြောထားကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=176680434774271&id=107469705028678

Leave a Reply

Your email address will not be published.