By Boder News Agency (BNA) / 2022 June 11

မိုးကောင်းကင်ပေါ်တွင် မိုးရိပ်မိုးသားများ မှောင်မဲနေပြီး တောင်လေတိုက်ခတ်မှုနှင့်အတူပါလာသောမိုး ရွာချလိုက်ခြင်းကြောင့် အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော မူဆလင်လူမျိုး ဦးလှမောင်မှာ ကျောက်ဖြူမြို့ကို လွမ်းတသသဖြစ်မိသည် ဟုဆိုသည်။
အဆိုပါ လွမ်းစိတ်က နှစ်စဉ်မေအကုန် ဇွန်အကူးကာလ မိုးဦးကျတွင် ပို၍ဖြစ်ပေါ်တတ်ပြီး ကျန်ကာလများတွင် ကြုံရာကျဘမ်းအလုပ်များဖြင့် ရှုပ်ထွေးနေသည့်အတွက် လွမ်းစိတ်ပေါ်ချိန်မရနိုင်ဟု ဦးလှမောင်က ပြောသည်။
“ကျောက်ဖြူမှာ နေဖို့မြေတစ်ကွက်ရရင်ပြီးပြီ၊ကျော က်ဖြူမှာက ကျနော်တို့ ဘာမှပြဿနာမရှိဘူး။အကု န်လုံးညီအစ်ကိုလိုနေကြတာ။”ဟု ကျောက် ဖြူမြို့တွင် နေထိုင်ခဲ့ပုံကို ပြောပြသည်။
ဦးလှမောင်သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင် ပြည်နယ်တွင်ဖြစ်ပွားခဲ့သ ည့် လူမျိုးရေးပဋိပက္ခကြောင့် ကျောက်ဖြူမြို့မှစစ်တွေမြို့နယ်၊ဒါးပိုင်ကျေး ရွာသို့ မိသားစုလိုက် ထွက်ပြေးလာခဲ့ရခြင်းဖြစ်ပြီး လက်ရှိဦးလှမောင်တို့မိသားစု ဒါးပိုင်အိုင်ဒီပီစခန်းတွင် နေထိုင်နေရသည်မှာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်ကာ နှောင့်နှေးနေသော အိုင်ဒီပီများပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကြောင့် ၎င်းတို့နေထိုင်ခဲ့သော ကျောက်ဖြူမြို့သို့ မပြန်နိုင်ကြသေးပေ။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊သမ္မတ ဦးသိ န်းစိန်အစိုးရလက်ထက်က လူသတ်မုဒိမ်းမှုတစ်ခုမှအစပြုခဲ့၍ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရခိုင်ရှိမြို့နယ်အသီးသီးမှ မူဆလင်များမှာ နေရပ်စွန့်ခွာကာ လုံခြုံရာသို့ ထွက်ပြေးခဲ့ရသည်။
တချို့မှာ တစ်မြို့တည်းရှိ ဆွေမျိုးနေအိမ်များနှင့်အစိုးရက စီစဉ်ပေးသည့်အိုင်ဒီပီစခန်းများသို့ ထွက် ပြေးခိုလှုံခဲ့ရကာ တချို့မှာမြို့နယ်ခြားရှိ ဆွေမျိုးနေအိမ်များနှင့်အိုင်ဒီပီစခန်းများကို ထွက်ပြေးခိုလှုံခဲ့ရသည်။
”၂၀၁၂ ခုနှစ်၊ဇွန်လနှင့်အောက်တိုဘာ လအတွင်းတွင် ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းအကြား အကြမ်းဖ က်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါသည်။၎င်းအကြမ်းဖက်မှုတွင် အနည်းဆုံး (၁၉၂) ဦး-[မွတ်ဆလင်(မွတ်ဆ လင်(၁၃၄)ဦးနှင့်ရခိုင် (၅၈) ဦး]_သေဆုံးခဲ့ရသည်။”
”အကြမ်းဖက်မှုဒဏ်ကို လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးခံခဲ့ရသော်လည်း ပုဂ္ဂလိကပိုင်ဆိုင်မှုများ ဖျက်ဆီးခံခဲ့ရမှုအခြေအနေမှာ ညီမျှမှုမရှိသည်ကိုတွေ့ရပါသည် ။ဖျက်ဆီးခံခဲ့ရသည့်လူနေအိမ် (၈၆ ၂၄)လုံးအနက် (၇၄၂၂)လုံးမှာ မွတ်ဆလင်များပိုင်ဆိုင်သည့် နေအိ မ်များဖြစ်ပြီး၊ယင်းပမာဏသည် ပျက်စီးဆုံးရှုံးမှုစုစုပေါင်း၏ (၉၅)ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။”
”ထို့ပြင် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေ ရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် (၁၄၀၀၀၀)နီးပါးရာတွင်၊ယင်း၏(၉၅)ရာခိုင်နှုန်းကျော်မှာ မွတ်ဆလင်များဖြစ်ပြီး ယင်းအရေအတွက်ရှိ (၁၂၀၀၀၀)ဦးရေခန့်သည် သန့်ရှင်းမှုနည်းပါးသည့်အပြင် အခြေအနေမကောင်းသည့် IDPစခန်းများတွင် နေထို င်နေကြရပါသည်။စစ်တွေမြို့တွင်းနှင့်
ကျောက်ဖြူမြို့နယ်အပါအဝင် ပြည်န ယ်အတွင်းရှိ နေရာဒေသအတော်များများတွင် မွတ်ဆလင်များ သည် မိမိတို့၏နေအိမ်မှ စွန့်ခွာခဲ့ရပါသည်။”ဟု
ရခို င်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ၂၀၁ ၇ ခုနှစ်၊သြဂုတ်လထုတ်၊အပြီးသတ်အစီရင်ခံ စာမှာဖော်ပြထားသည်။
“ဒီမှာက ကယ်ဆယ်ရေးက ပေးတဲ့ဟာနဲ့ပဲစားနေရတယ်။ကျောက်ဖြူမှာလို ဒီမှာစားလို့မရဘူး။”ဟု ဦးလှမောင်က ဒါးပိုင်အိုင်ဒီပီစခန်း၏ စားသောက်ရေး အ ခြေနေကို ပြောပြသည်။
မိသားစုခုနစ်ဦးရှိသော ဦးလှမောင်မှာ အသက်အရွ ယ်အားဖြင့်လည်း ကြီးနေပြီဖြစ်သည့်အတွက် လူငယ်၊လူလတ်ပိုင်းများကဲ့သို့ အပြင်ထွက်အလုပ်လုပ်ရန်လည်း အခက်အခဲရှိနေပြီး ကျောင်း သားနှစ်ဦး ပညာသင်ဖို့အတွက်လည်း အခက်အခဲရှိနေသည်ဟုဆိုသည်။
ထိုသို့ တခြားမြို့ရွာတွင် နေထိုင်နေရခြင်းက ကိုယ့်နေရာကိုယ့်ဒေသလောက် အလုပ်မမြင်ဖြစ်နေပြီး ယခင်နေထိုင်ခဲ့ သည့် ကျောက်ဖြူမြို့သို့သာ ပြန်ချင်သည်ဟု ဦးလှမောင်က ပြောသည်။
၂၀၁၂ ခုနှစ်၊ပဋိပက္ခကြောင့်နေရပ်စွန့် ခွာထွက်ပြေးခဲ့ရသည့် မူဆလင်အိုင်ဒီပီများကို ပြန်လည်နေရာချထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်ကဆောင်ရွက်ခဲ့သော်လည်း ဦးလှမောင်တို့မှာ ဆယ်စုနှစ်တစ်ခုကြာသည်အထိ နေရပ်မပြန်နိုင်ကြသေးဘဲယာယီစခန်းများမှာ ဒုက္ခပေါင်းစုံနှင့် ဆက်လက်နေထိုင်နေကြရသည်။
ယင်းသို့ နေရပ်ပြန်ရေးမျှော်နေလင့်နေချိန်မှာပင် စစ်အာဏာသိမ်းခဲ့မှုက အိုင်ဒီပီများ၏ အိမ်ပြန်ချိန်မျှော်လင့်ချက်မှာ ပိုမိုအလှမ်းဝေးကွာသွားသည်ဟု ဒါးပိုင်အိုင်ဒီပီစခန်းတာဝန်ခံက ပြောသည်။
“တိုင်းပြည်ကမောက်ကမဖြစ်ပြီး စစ်တပ်က အုပ် ချုပ်လိုက်တော့ ဘယ်သူကမှ နေရပ်ပြန်ဖို့ အသံမထွက်ရဲဖြစ်သွားတာပေါ့။သူတို့(စစ်အစိုးရ)စီစဉ်တဲ့အတိုင်းပဲ လိုက်လုပ်ရမှာပါ။”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအစိုးရက ကျောက်ဖြူမြို့၊ကျောက်တလုံးအိုင်ဒီပီစခန်းရှိ မူဆလင်များကို နေ ရာချထားရန်အတွက် အိုင်ဒီပီစခန်းအ နီးက မြို့ပြင်မြေနေရာမှာ နေအိမ်အ လုံးသုံးရာကျော်တည်ဆောက်နေသော်လည်း အဆိုပါနေရာမှာ မိုးရာသီ၌ ရေ နစ်မြုပ်ခြင်းများကြုံတွေ့နေရသည်ဟု ကျောက်တလုံးအိုင်ဒီပီစခန်းနေသူတစ်ဦးက ပြောသည်။
”IDPများအား ၎င်းတို့မူလနေထိုင်ရာဒေ သများတွင်ပြန်လည်နေထိုင်နိုင်ရန် ဦးစားပေးဆောင်ရွက်ပေးရမည်။ထိုသို့မလုပ်ဆောင်နိုင်ပါက IDPများပြောင်း ရွှေ့လိုသည့် နေရာသစ်သို့ပြောင်းရွှေ့နိုင်ရန်ဆောင် ရွက်ပေးရမည်။”ဟု ကိုဖီအာနန်ကော်မရှင်ကအကြံ ပြုထားသည်။
“အဲဒီနေအိမ်တွေက ကျောက်ဖြူမှာရှိတဲ့ လူတွေအတွက်ဖြစ်ပါတယ်။ကျနော်တို့အတွက်မဟုတ်ပါဘူး။ကျနော်တို့က ကျောက်ဖြူကနေ စစ်တွေကို ထွက် ပြေးလာတာဆိုတော့ ကျောက်ဖြူမှာ ပြန်လ ည်နေရာချထားရေးနဲ့ မသက်ဆိုင်ဖြစ်သွားတယ်။” ဟု ဦးလှမောင်က ပြောသည်။
”IDPများအား ၎င်းတို့မူလနေထိုင်ရာဒေ သများသို့ ပြန်လည်ပြောင်းရွှေ့နေရာချထားရေး(သို့မဟုတ်) ၎င်းတို့ရွှေ့ ပြောင်းမည့်ဒေသအတွင်းရှိနှင့်နေပြီးသော လူ့အဖွဲ့အစည်းများနှင့်သဟဇာတဖြစ်စွာပေါင်းစည်းနိုင်ရေးတို့အတွက်စီမံချက်များချမှတ်ခြင်းနှင့်အကောင်အထည်ဖော်ဆောင်ခြင်းတို့တွင် IDPများကိုယ်တိုင်ပါဝင်ခွင့်ရှိရမည်။” ဟု ရခိုင်ကော်မရှင်ကအကြံပြုထားသည်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် မူဆလင်အိုင်ဒီပီများအပါအဝင် တခြားစစ်ဘေးရှောင်များမှာလည်း နေထိုင်စားသောက်ရေးအခက်အခဲမျိုးစုံကို ပိုမိုကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်မိသားစုဝင်တချို့က ပြောသည်။
ယင်းအခက်ခဲများထဲတွင် ဆန်ရိက္ခာများ မကြာခဏဖြတ်တောက်ခံရခြင်း၊ ပြိုပျက်လာသောယာယီတဲများကို ပြု ပြင်မပေးခြင်းနှင့်ကုန်ဈေးနှုန်းများ မြှ င့်တက်လာခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ညောင်ချောင်းစစ်ဘေး ရှောင်စခန်းမှ စစ်ဘေးရှောင်မိသားစုတချို့က ပြောသည်။
“ပြိုပျက်နေတဲ့ ယာယီတဲတွေကို ပြုပြင်ပေးမယ့်သူမရှိဘူး။ကိုယ်ထူကိုယ်ထ လုပ်နေရတယ်။ထမင်းလည်း ငတ်တနပ် မွတ်တနပ်ပါပဲ။အဆိုးဆုံးကတော့ အခြေခံစားသောက်ကုန်တွေ ဈေးတက်လာတာဖြစ်ပါတယ်။လူလေးယောက်ရှိတဲ့ မိသားစုတစ်စုက တနေ့ကို ထမင်း စားဖို့ ငွေနှစ်သောင်းအနည်းဆုံးလိုနေပါတယ်။”ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းနေ ဒေါ်လှဦးကပြောသည်။
”အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပေးခြင်း၊ဝင်ငွေရရှိနိုင်သည့်လုပ်ငန်းစဥ်များ IDP စခန်းအတွင်း ဖန်တီးပေးခြင်းနှင့်IDP စခန်းပြင်ပတွင်
အလုပ်အကိုင်ရရှိအောင် စီစဥ်ဆောင်ရွ က်ပေးခြင်းဖြင့်အမျိုးသားနှင့်အမျိုးသ မီးIDPများ၏ အလုပ်အ ကိုင်အခွင့်လမ်းများတိုးတက်အောင်ဆောင်ရွက်ပေး
ရမည်။ထိုသို့ဆောင်ရွက်ပေးမှုကြောင့်IDPများအ နေဖြင့် နိုင်ငံတကာအကူအ ညီအပေါ် မှီခိုရမှုများလျော့ကျလာမည်ဖြစ်ပါသည်။”ဟု ကိုဖီအာနန်ကော်မရှင်က အကြံပြုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက် တွဲဆိုးကျိုးအဖြစ် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြှင့်မားလာခြင်းမှာ မြန်မာနိုင်ငံအ တွင်းရှိ လူသားအားလုံးအတွက် စိန်ခေါ်မှုကြီးဖြစ်နေသည်။
”ရခိုင်ပြည်နယ်သည် ဖွံဖြိုးမှုဆိုင်ရာအ ကျပ်အတည်း(Development Crisis) ၊လူ့အခွင့်အရေးဆိုင်ရာအကျပ်အတ ည်း(Human Rights Crisis)၊လုံခြုံရေးဆိုင်ရာအကျပ်အတည်း(Security Crisis)များလည်း ဖြစ်ပေါ်နေပါသည်။”ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊သြဂုတ်လထုတ်၊အပြီးသတ်အစီရင်ခံစာမှာဖော်ပြထားပါသည်။
အဆိုပါအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် အကြံပြုချက်များကို ဒီမိုကရေစီအစိုးရထံသို့ အကြံပြု တင်ပြနိုင်ခဲ့သော်လည်း ဒီမိုကရေစီအစိုးရမှ စစ်အစိုးရအာဏာသိမ်းယူလိုက်မှုကြောင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များမှာလည်း သဲထဲရေသွန်ဖြစ်ခဲ့ရသည်။
ယင်းသို့ မိမိနေရပ်သို့ မပြန်နိုင်ခြင်း၊ စားသောက်ရေးအဆင်မပြေမှုများ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မူဆလင်များမှာ မလေးရှားနိုင်ငံသို့ တ ရားမဝင်ထွက်ခွာခြင်းများရှိိလာပြီး တချို့မှာ မလေးရှားသို့ တရားမဝင်ထွက်ခွာစဉ် လမ်းခုလတ်တွင် စက်လှေတိမ်းမှောက်၍ သေဆုံးခြင်း၊ဖမ်းဆီးထောင်ချခံရခြင်းများကို ကြုံတွေ့နေရသည်ဟု သံတွဲမြို့မှတက်ကြွလှုပ်ရှားသူ ကမန်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
“လူတိုင်းက ကိုယ့်အိမ်ကိုယ့်ရာမှာ အေး အေးဆေးဆေး နေချင်ကြတယ်။ဒါပေမယ့် အိုင်ဒီပီတွေနဲ့စစ်ဘေးရှောင်တွေက ကိုယ့်အိမ်ဆိုတာတောင် ဘယ်နားမှာ မသိတော့တဲ့သူတွေရှိနေတယ်။အဲလိုအနေ အထားမှာ ပြည်ပကိုရတဲ့နည်းနဲ့ ထွက်ခွာလာကြတာပဲ။”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နှင့် ၂၅ ရက်က ရခိုင်ပြည် နယ် ဂွမြို့နယ်၊မကျည်းငူကျေးရွာနှင့်တောင်ပေါက်ကျေးရွာအုပ် စုတို့တွင် ရေနစ်သေဆုံးနေသည့် မူဆ လင်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ရသေ့တောင်မြို့နယ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာရန်စက်လှေဖြင့်ထွက်ခွာစဉ် စက်လှေနစ်မြုပ်သေ ဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ဆိုးများသည် ရခိုင်ပြ ည်နယ်တွင် နေထိုင်လျက်ရှိသော လူများ၏ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကို င်အဆင်မပြေမှုများကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။
သို့သော် စစ်တွေမြို့တွင်နေထိုင်လျက်ရှိသော မူဆလင်များမှာ ယခင်က တ ခြားလူမျိုးများနေထိုင်သော ရပ်ကွက်/ ကျေးရွာများကို ဝင်ရောက်သွား လာခွင့် အကန့်အသတ်ရှိခဲ့သော်လည်း လက်ရှိတွင် မူဆလင်အလုပ်သမားများမှာ မြို့ထဲရှိ နေအိမ်များသို့ လာရောက်၍ အလုပ်လုပ်ကိုင်ခြင်းများကို ပြုလုပ်လာကြပြီဖြစ်သည်။
“အရင်တုန်းက အလုပ်သွားလုပ်မယ့်နေ ရာမရှိခဲ့ဘူး။အခုတော့ မြို့ထဲက နေအိမ်တွေမှာ ပန်းရံ၊လက်သမားအလုပ် တွေကို သွားလုပ်လို့ အဆင်ပြေလာတ ယ်။အလုပ်လုပ်ခွင့်ပိုရလာတယ်ပေါ့။” ဟု စစ်တွေမြို့၊အောင်မင်္ဂလာရပ်ကွက်မှ ပန်းရံအလုပ်သမားမူဆလဆင်တစ်ဦးက ပြောသည်။
စစ်တွေမြို့မှ မူဆလင်အလုပ်သမားများမှာ မိမိမြို့ရွာအတွင်း နေထိုင်ကြသူများဖြစ်၍ အလုပ်ပြန်လည် လုပ်ကို င်ရန် အဆင်ပြေသော်လည်း ဧည့်သည်အဖြစ်လာရောက်နေထိုင်သော ဦးလှမောင်အတွက် ယင်းသို့အလုပ်သွားလုပ်ရန် မလွယ်ကူဟုဆိုသည်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ဦးလှမောင်မှာ သူမသေခင် မိမိနေရပ်ဖြစ်သော ကျောက်ဖြူမြို့သို့ ပြန်ချင်သည်ဟု ပြောသည်။
“ဘဝကတိုတောင်းတယ်။ကျနော့်အသ က်အရွယ်နဲ့ဆို ဘယ်လောက်လဲ မနေရတော့ဘူး။ဒါပေမယ့် ကျနော် ကျောက် ဖြူမြို့ပြန်ချင်တယ်။”ဟု ဦးလှမောင်က သူ၏ နောက်ဆုံးဆန္ဒကို ပြောပြသည်။
”IDPများအားပြန်လည်နေရာချထားသည့်လုပ်ငန်းစဥ်များဆောင်ရွက်ရာတွင် IDP များနှင့်၎င်းတို့အား ပြောင်းရွှေ့နေ ရာချထားပေးမည့်ဒေသရှိ မူလနေ ထိုင်သူများနှင့်ဆွေးနွေးညှိနှိုင်းမှုကို နှစ်ဖက်လူ့အ ဖွဲ့အစည်းအတွင်း အဓိပ္ပာယ်ရှိသည့် နည်းလမ်းများဖြင့်သေသေချာ ချာဆောင်ရွက်သွားရပါမည်။”ဟု ရခိုင်ပြည်နယ်ဆိုင်အကြံပေးကော်မရှင်ကအပြီး သတ်အစီရင်ခံစာတွင် ဆိုထားသည်။
ထိုအကြံပြုချက်များကို အကောင်အ ထည်ဖော်ဆောင်ရွက်နေသည်ဟုဆိုသော်လည်း စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အိုင်ဒီပီများ၏ အသက်ရှင်ရပ် တည်ရေးမှာပိုမိုဆိုးဝါးလာနေပြီးအိမ်ပြန်လမ်းမှာလည်း ပိုမိုဝေဝါးသွားသည်ဟု ရိုဟင်ဂျာအရေးလှုပ်ရှားသူတချို့က ဆိုသည်။
အနောက်မုတ်သုန်လေနှင့်အတူ မိုးစက်များက သ ည်းကြီးမဲကြီးရွာချနေချိန်စစ်တွေမြို့၊ဒါးပိုင်အိုင်ဒီပီးစခန်းမှ အသက် ၇၈ နှစ်အရွက် ဦးလှမောင်မှာ သူ့ မွေးရပ်ဇာတိ၊ကျောက်ဖြူမြို့သို့ သူအသက်မသေဆုံးမီ ပြန်ရောက်ချင်နေသည့်စိတ်ကြောင့် မျက်ရည်ပုလဲတချို့ရုတ်တရက်ကျဆင်းလာနေတော့သည်။ ။
https://www.facebook.com/permalink.php?story_fbid=173530135089301&id=107469705028678