စစ်တွေမြို့နယ်က မူဆလင်တယောက်ကို စစ်ကောင်စီအမြောက်တပ်က ဖမ်းဆီးပြန်

By Arakan Princess Media / 2022 June 23

စစ်တွေမြို့နယ်၊ရွာသစ်ကေအုပ်စု၊ သက္ကေပြင်ဈီးမှ  မူဆလင်အမျိုးသား တယောက်ကို ဒေနိ (ဂျုန် ၂၃ ရက်နိ) မွန်းလွဲ ပိုင်းမှာ စစ်ကောင်စီအမြောက်တပ်က ဖမ်းခေါ်လားခကြောင်း သိရသည်။

အဖမ်းခံရသူ မူဆလင်အမျိုးသားမှာ ဦးဆော်လိမ် (ခ) ဦးမောင်မောင်ခင် (၄၆နှစ်)ဖြစ်ပြီး စစ်ကောင်စီအမြောက်တပ် တပ်ဖွဲ့ဝင်များက သူ့ကို နီအိမ်မှာလာ ဖမ်းလားခကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးသည့် အကြောင်းရင်းကို မသိရသိမ့်ဘဲ ဦးဆော်လိမ် (ခ) ဦးမောင်မောင်ခင်ကို အမြောက်တပ်ထဲမှာ ချုပ်နှောင်ထားသည်ဟု မိသားစုဝင်များက ဆိုပါသည်။

ကုန်ခသည့် ဂျုန် ၁၅ ရက်နိကလေ့ စစ်ကောင်စီတပ် ဖွဲ့ဝင် အင်အား ၂၀ပါ စစ်ကြောင်းတခုသည် စစ်တွေ မြို့နယ်၊ ဘောဒူဖရွာသို့ ဝင်ရောက်လာပြီး ရွာသား ၆ ယောက်ကို အကြမ်းပတမ်း ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားကြောင်း ရွာသားများက ပြောသည်။

ယင်းနည်းတူ မေ ၂၆ ရက်နိကလေ့ “အုန်းတောကြီးကယ်ဆယ်ရီးစခန်း”မှ မူဆလင် ၃ ယောက်ကို မှန်စီဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသည့် ဗိုလ်ကြီးဟိန်းထက်ဇော် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီး၍ လူမဆန်စွာ သီလုမျောပါးဝိုင်းဝန်းရိုက်နှက် သတ်ပုတ်လျက် ငွေညှစ်ခပါသိမ့်သည်။

လက်ဟိတွင် စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်၌ “လူဖမ်းပွဲကြီး”ကို ပရမ်းပတာ ကျင်းပလျက်ဟိရာ စစ်တွေမြို့တွင် လေ့ လမ်းဆုံ၊ လမ်းခွများ နန့် လူနီရပ်ကွက်များ၌ အပြစ်မဲ့ပြည်သူများအား စစ်ဆီးခြင်း၊ ဖမ်းဆီးခြင်းများကို ဥပဒေမဲ့ ထင်တိုင်းကြဲ လုပ်ဆောင်လျက် ဟိနီသည်ဟု သိဟိရပါသည်။

https://www.facebook.com/arakanprincessmedia1/posts/177449814674843

Leave a Reply

Your email address will not be published.