စစ်တွေနဲ့ပေါက်တောမြို့တို့ကတင်လာတဲ့ သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိ

(ဘီလီယံနဲ့ချီတဲ့မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းမိသော်လည်း ပိုင်ရှင်မဲ့များ သာဖြစ်နေ)

By Boder News Agency (BNA) / 2022 June 27

ရေကြောင်းကနေတဆင့် စက်လှေနဲ့ မလေးရှားနိုင်ငံကိုသွားပို့မယ့် သိန်းနှစ် သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရခိုင်ပြည်နယ် မြေပုံမြို့အနီး မြစ်ပြင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်စစ်ကောင်စီက သတင်းထုတ် ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စက်လှေ ပေါ်မှာ ပါလာတဲ့လူတွေကို ဖမ်းမိခြင်း မရှိဘဲ မူးယစ်ဆေးဝါးတွေကိုပဲ သီးသန့် ဖမ်းဆီးရမိခဲ့တာပါ။အဲဒီစက်လှေကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့အခါမှာ လှေပေါ်ပါလာသူတွေဟာ ရေထဲသို့ခုန်ချပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စိတ်ကြွရူးသွပ်ဆေးအမျိုးအစားတစ်ခုဖြစ်တဲ့ ICE(ရေခဲ) ၁ ကီလိုဂရမ်ပါ အထုတ် ပေါင်း တစ်ထောင်တင်လာတဲ့ အဲဒီစက်လှေပေါ်မှာ “ထာ၀ရဓနပွားအောင်” ဆိုပြီး ရေးထိုးထားကာ အဲဒီစာသားကိုဆေးသုတ်ဖျက်ဆီးထားတယ်လို့လည်း ပြည်နယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်လှေမှပါလာတဲ့ အဲဒီမူးယစ်ဆေးဝါးတွေဟာ စစ်တွေမြို့၊ပေါက်တောမြို့ အပါအဝင် ဖရုံကာကျွန်းအရှေ့ဖက် ကျေးရွာတွေကနေ တင်ဆောင်လာတာဖြစ် ပြီး မလေးရှားနိုင်ငံကို သွားရောင်းဖို့ ထွက်လာတာတာဖြစ်တယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တန်ဖိုး ဘီလီယံချီတဲ့ မူးယစ်ဆေးဝါးတွေကို မကြာခဏ ဖမ်းဆီးရမိနေပါတယ်။ဒါပေမယ့် အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ပိုင်ရှင်တွေကိုတော့ ဖမ်းဆီးရမိတာ မရှိသလောက်ပဲလို့ လေ့လာသူတွေက ဆိုကြပါတယ်။

“ဘယ်တော့မှပိုင်ရှင်ကိုမမိဘူး။မိရင်လည်း ကယ်ရီပို့တဲ့သူတွေလောက်ပဲ မိတာ ပါ။ ထွက်ပြေးသွားတာတို့၊ဘာတို့ပဲတွေ့တယ်။ဒါလည်း စဉ်းစားစရာပဲလေ။ ကြားထဲမှာ ဘယ်လိုဆက်စပ်မှု‌တွေရှိမလဲ စဉ်းစားစရာပေ့ါ”လို့ ရခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ဘင်္ဂလာဒေရှ့်၊မလေးရှားစတဲ့နိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ ပေးပို့ရာမှာ ကြားခံပြည်နယ်တခုဖြစ်တယ်လို့ အဲဒီအကြောင်း လေ့လာသူ တွေက ပြောကြပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်ကနေတဆင့် ကားတွေနဲ့သယ်လာကြပြီး နယ်စပ်မြို့ဖြစ်တဲ့မောင်တောကနေတဆင့် တဖက်နိုင်ငံကိုပေးပို့မှုတွေ ရှိသလို ရေကြောင်းကနေတဆင့် သစ်တွေနဲ့သိုဝှက်သယ်ယူပေးပို့ကြာတာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

“မလေးရှား၊ ဘင်္ဂလားဒေရှ့်တို့ကို သစ်တွေ မှောင်ခို သွားပို့ကြတာရှိတယ်လေ။ ရခိုင်ကလူတွေပါပဲ။အဲဒီသစ်တွေထဲမှာ အခေါင်းဖောက်ပြီး ဝှက်ပြီး သယ်ကြ တာလည်းရှိတယ်”လို့ လေ့လောသူတစ်ဦးက ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးလုပ်ငန်းရှင်တွေဟာ မြို့တော်စစ်တွေ အပါအဝင် မြို့ကြီးတွေမှာ မြေကွက်တွေကို သိန်းပေါင်းသောင်းချီပေးကာ ဝယ် ယူနေကြတယ်လို့ စစ်တွေမြို့ခံအချို့က ပြောကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=177049281404053&id=107469705028678

Leave a Reply

Your email address will not be published.