စစ်တွေက စက်သုံးဆီဆိုင်တချို့မှာ ဆီပြတ်​လပ်မှုတွေရှိနေ

By Boder News Agency (BNA) / 2022 June 03

ရခိုင်ပြည်နယ်၊စစ်တွေမြို့က စက်သုံးဆီဆိုင်တချို့မှာ ဇွန်လ ၃ ရက် ဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး စက်သုံးဆီတွေပြတ်လပ်နေတာကိုတွေ့ရတယ်လို့ သုံးစွဲသူတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ ဆီသွားထည့်တဲ့အခါမှာ အဲဒီမှာ အရော င်းဝန်ထမ်းတစ်ယောက်က ဆီပြတ်နေတယ်လို့ပြောတယ်။ဘာကြောင့် ပြတ်တယ်ဆိုတာတော့မသိရဘူး။အောက်တိန်း 92 ရော 95 ပါ ပြတ် လပ်နေတယ်လို့ ပြောပါတယ်။ဆီလာထည့်တဲ့ကားတွေ၊ဆိုင်က ယ်တွေလည်း မထည့်ခဲ့ရဘဲ ပြန်သွားကြတယ်”လို့စက်သုံးဆီသွားရောက်ဝယ်ယူခဲ့တဲ့ စစ်တွေဒေသခံတစ်ဦးပြောတာက ဆိုပါတယ်။

အဲဒီဒေသခံတွေရဲ့ ပြောကြားချက်အ ပြင် စက်သုံးဆီအရောင်းဆိုင်တချို့သို့ BNAက သွားရောက်ဝယ် ယူစုံစမ်းမေးမြန်းကြည့်တဲ့အခါမှာလည်း အရောင်းဝန် ထမ်းတွေကဆီပြတ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ အဲဒီလိုမျိုး စက်သုံးဆီတွေပြတ်လပ်မှုတွေရှိနေပြီး ဈေးနှုန်းတွေအဆမတန်မြင့်တက်ကာ ကုန်ဈေးနှုန်းတွေဒီထက်ပိုမြင့်တက်လာမှာကိုလည်းဒေသခံပြည်သူတွေ စိုးရိမ်နေပါတယ်။

“ဆီဈေးတွေ မြင့်တက်တယ်ဆိုတာနဲ့ နောက်ဆက် တွဲ ပြဿနာတွေက အရမ်းကြီးတယ်။မြန်မာနိုင်ငံရဲ့ ထုံးတမ်းအရ တက်သွားတဲ့ဈေးက ပြန်ကျသွားတယ်လို့မရှိဘူး။အခုလည်း စက်သုံးပြတ်တောက်သွားတယ်ဆိုတော့ ဆီနဲ့ အလုပ်လုပ်နေကြတဲ့ အိန္ဒိ ယသုံးဘီး၊ဆိုင်ကယ်နဲ့ကယ်ရီဆွဲပြီးလုပ်စားနေကြသူတွေ၊ကားသမားတွေရှိမယ် အဲဒီလူတွေက ဈေး နှုန်းတွေမြင့်တင် တောင်းဆိုလာပြီးတော့ တစ်ဆက် တည်းမှာ ကုန်ဈေး နှုန်းတွေတက်လာမှာကို စိုးရိမ်မိပါတယ်။”လို့ စစ်တွေဒေသခံတစ်ဦးက ဆိုပြောပါ တယ်။

လက်ရှိ စစ်တွေမြို့အတွင်း စက်သုံးဆီဈေးနှုန်း‌တွေဟာ ဆိုင်တစ်ခုနဲ့ တစ်ခုအနည်းငယ်ကွာခြားတာရှိပြီး တစ်လီတာကို ကျပ်နှစ်ထောင်ကျော်ကနေသုံးထောင်နီးပါးထိရှိနေပါတယ်။

ခုလိုမျိုးစက်သုံးဆီဈေးနှုန်း မြင့်တက်လာရတာဟာ ကမ္ဘာရေနံဈေးမြင့်တက်မှုတွေနဲ့အတူ မြန်မာနိုင်ငံအတွင်း လမ်း ခရီးသွားလာရေးတွေမှာ အစစ်အ ဆေးတွေများတဲ့အတွက် မလိုအပ်ပဲအချိန်ကြန့်ကြာမှုတွေကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အထိ စက်သုံးဆီတစ်လီတာကို ကျပ်တစ်ထောင်ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ တရိပ်ရိပ်မြင့်တက်လာနေတာဖြစ်ပါတယ်။

​စစ်အာဏာမသိမ်းခင်ကတည်းက ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေပေမယ့် ပြည်မကနေ ရခိုင်သို့တင်သွင်းနေတဲ့ကုန်ပစ္စ ည်းအားလုံးနီးပါးကို နယ်လုံခွင့်ပြုချက်ပါမှသာတင်သွင်းခွင့်ရတာမို့ အချိန်ကြန့်ကြာမှုနဲ့ငွေကုန်ကြေးကျများမှုတွေဖြ စ်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

https://www.facebook.com/permalink.php?story_fbid=171779491931032&id=107469705028678

Leave a Reply

Your email address will not be published.