စစ်တပ်ကဖမ်းသွားတဲ့ ရခိုင်ဒေသခံတွေကို မိသားစုအဆက်အသွယ်မရ

By Boder News Agency (BNA) / 2022 June 25

(ဓာတ်ပုံ-စစ်တွေမြို့ပေါ်တွင် ယခင် ရဲများဒေသခံများအားဖမ်းဆီးမှုတစ်ခု /BNA)

ရခိုင်ရှိ မြို့တချို့မှာ စစ်တပ်ကဝင်ရောက်ဖမ်းဆီးတာကိုခံလိုက်ရတဲ့ ဒေသခံတွေ ကို လက်ရှိအချိန်ထိ သက်ဆိုင်ရာမိသားစုတွေနဲ့ အဆက်အသွယ်မရရှိတဲ့ အတွက် မိသားစုအနေနဲ့ စိုးရိမ်ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီမှုပြုလုပ်ခဲ့တဲ့ ကျောက်တော်၊မြောက်ဦး၊ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့တို့က ဒေသခံတွေဖမ်းဆီးခံရတာ ရက် အတော်အတန်ကြာမြင့်လာပေမယ့် ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိသားစုကိုဆက်သွယ်အသိပေးလာတာမရှိသေးဘူးလိူ့လည်း ဆိုကြပါတယ်။

အဲဒီအထဲမှာမြောက်ဦးမြို့နယ်၊တိမ်ညိုတိုက်နယ်က ဦးပြည့်စုံဝင်းဆိုသူလည်း ပါဝင်ပြီး မိသားစုဝင်တွေက ခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

“ကျမအိမ်ရှင်က မြက်ရိတ်ကျွန်းကနေ ဟင်းအမြဲယူနေကျပါ။ဟင်းတွေသွား ယူပြီးအပြန်မှာ အဖမ်းခံရတာလို့ ဟင်းရောင်းပြီးပြန်လာတဲ့လူတွေက ပြောပါ တယ်။ကျမ အဲဒီနေ့နေ့အချိန် ၁၁ နာရီလောက်မှာ မိသားစုနဲ့အတူကားငှားပြီး မြောက်ဦးကို လိုက်သွားပါတယ်။ကျမအိမ်ရှင်ကိုရော ကားကိုပါ မတွေ့တော့ဘူး။”လို့ ဇနီးဖြစ်သူဒေါ်မလှဘုက ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးခံထားရသူတွေဟာ ဘယ်မှာရောက်နေပြီး ဘယ်လိုရှိနေတယ်ဆို တာမသိရတာများသလို ဘယ်နေရာမှာရှိတယ်ဆိုတာသိရသူတွေကလည်း

တွေ့ခွင့်မရကြဘူးလို့ဆိုပါတယ်။

”ဒါကြောင့် ၅၅၀ တပ်ရင်းသို့ လိုက်သွားတဲ့အခါ ဂိတ်မှာ ရဲသားတစ်ယောက်နဲ့ တွေ့ပါတယ်။အဲဒီရဲသားက တပ်ထဲမှာ ကားရော၊လူပါရှိတယ်လို့ ပြောပါတယ်။ သူ့မှာအပြစ်မရှိတာတော့မှန်တယ်ဆိုပေမယ့် ဖုန်းထဲမှာ ဓာတ်ပုံတွေ့တယ်။မသင်္ကာလို့ စစ်ဆေးမေးမြန်းပြီး ၁ ရက်၊ ၂ ရက်လောက်စစ်ဆေးပြီးရင် ပြန်လွှတ် လိုက်မယ်လို့ ပြောပါတယ်။ကျမယောက်ျားကို တွေ့ခွင့်ရမလား မေးတဲ့အခါ လည်း မရဘူးလို့ ပြောပါတယ်။”လို့ ဒေါ်မလှဘုက ဆက်ပြောပါတယ်။

အဲဒီလိုမျိုး စစ်တပ်ကဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့အဆက်အသွယ်မရရှိဘဲ ဖြစ်နေတဲ့အထဲ ကျောက်တော်မြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း ကို​ဆိုရင်လည်း လက်ရှိအချိန်ထိအဆက်အသွယ်မရလို့ မိသားစုက စိုးရိမ်နေ တယ်လို့ ဆိုပါတယ်။

ကိုဇော်ဝင်းကို ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့က နေအိမ်ကနေ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်၊လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ကြောင်း သိရပါတယ်။

“မယက ရုံးမှာရုံးထိုင်နေတဲ့ ဗိုလ်မှူးတစ်ယောက်ကို ဒီနေ့ ဆက်သွယ်ပြီးမေးကြ ည့်တော့ သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ဆရာဝန်တွေနဲ့ ဆေးပေးပြီး။အေးအေးချမ်းချမ်းလုံလုံခြုံခြုံရှိတဲ့နေရာတစ်ခုမှာ ထိန်းသိမ်းထား တယ်လို့ပဲ မှတ်ယူထားဆိုပြီးပြောပါတယ်။နေရာကိုတော့မပြောဘူး။”လို့ ကိုဇော်ဝင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်ခင်လှဇံက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို အထင်အမြင်တစ်ခုတည်းနဲ့ လိုသလိုဖမ်းဆီးနေပြီး ပြည်နယ်တွင်းဖမ်းဆီးခံရသူ ၄၀ နီးပါးရှိလို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး ရခိုင့်လူ့အ ခွင့်အရေးကာကွယ်မြင့်တင်သူ များအဖွဲ့က အရေအတွ က်နဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲ ဖြစ်တယ် လို့လည်း ပြောပါတယ်။

“အဖမ်းအဆီးသတင်းတွေကတော့ ဒီနေ့ နည်းနည်းငြိမ်သွားတယ်။ဖမ်းဆီးတယ် ဆိုတာကတော့ ဘယ်ကိုပဲ ရောက်ရောက် မိသားစုနဲ့ တွေ့ခွင့်ပေးရမယ်။အဲဒါ တွေက မတရားဖမ်းဆီးချုပ်နှောင်မှုလို့ ခေါ်တာပေါ့။သံသယနဲ့ ဖမ်းတာမျိုး ဖြစ်ပါတယ်။အဲဒီလို ဖမ်းဆီးသွားတာတွေအပေါ် မိသားစုတွေအနေနဲ့ ICRC တို့ကို ဆက်သွယ်တာတွေလုပ်သင့်တယ်ထင်တယ်။”လို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကစပြီး အေအေဖက်ကဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပြီးစစ်ကောင်စီဖက်ကလည်း ဒေသခံပြည်သူတွေကိုဆက်တိုင်း ဖမ်းဆီးနေပါတယ်။

https://www.facebook.com/permalink.php?story_fbid=176671301441851&id=107469705028678

Leave a Reply

Your email address will not be published.