စစ်ကောင်စီရဲ့ ပုဏ္ဏားကျွန်းလုပ်ရပ်ကိုကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်အစည်း အရုံး(ဂျပန်)ထုတ်ပြန်

By Boder News Agency (BNA) / 2022 June 19

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံပြည်သူလူထုကို အာဏာသိမ်းစစ်တပ် ကခြိမ်းခြောက်ဖမ်းဆီးနေတာတွေကိုကန့်ကွက်ရှုံ့​ချတယ်လို့ ရက္ခိုင်အစည်း အရုံး(ဂျပန်)က ဇွန်လ ၁၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။

”စစ်ကောင်စီတပ်သားတွေ အပြစ်မရှိတဲ့ပြည်သူတွေကို လက်နက်အားကိုး နဲ့ဥပဒေမဲ့မတရားဖမ်းဆီးနှိပ်စက်နေတာတွေကို ရှုံ့ချပြီးဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ရည်ရွယ်ပါတယ်။”လို့ ရက္ခိုင်အစည်းအရုံး (ဂျပန်)ရဲ့တာဝန်ရှိသူတစ်ဦးက BNA သို့ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်၊နေ့လည်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး ၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်သွားပြီးနော က်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူ ၄၀ ကျော်အထိ ဖမ်းဆီး စစ်ဆေးမှုတွေရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။

”စစ်ကောင်စီက လက်ရှိတည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်ကို မငြိမ်မသက် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်နေတာကို တားမြစ်လိုပါတယ်။”

လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေး၊အေး စေတီအနီးတဝိုက်မှာ ပြည်သူ ၃၀ ဝန်းကျ င်လောက်ကို ဇွန်လ ၁၈ ရက်၊မနေ့ကဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီ အဲဒီထဲ ကတချို့ကို ကြိုးတုတ်ကာ  ၅၅ ၀တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီပြင် ဇွန်လ ၁၇ ရက်၊မနေ့ကလည်းမြို့ခံ ၃ ဦး၊၁၆ ရက်နေ့ညက ၁၂ ဦးဝ န်းကျင်(တချို့က ၁၄ ဦးဟု ပြော)ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီအထဲကဘယ်နှစ်ယော က် ပြန်လွှတ်လာတယ်။ဘယ်နှစ်ယော က်ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်တ ယ်ဆိုတာကိုတော့ အတိအကျမသိရ သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

BNA အနေနဲ့လည်း အဲဒီအချက်အလက်တွေအပေါ် သီးသန့်အတည်မပြုနိုင် သေးပါဘူး။

အဲဒီဖမ်းဆီးထားသူတွေထဲက တချို့ကိုစစ်တွေမြို့ က ပြည်နယ်စရဖရုံးက စစ် ဆေးနေပြီး ရိုက်နှက်ခံရလို့ဒဏ်ရာရသွားသူသုံးဦးကိုတော့ စစ်တွေက ကုတင် ၁၀၀ စစ်ဆေးရုံးမှာ ဆေးကုသနေရတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်တစ်ဦးကို AA က ဖမ်းဆီးခဲ့တုန်းကလည်း မြို့တွင်းနေရာတော်တော် များများမှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည်အစုံနဲ့ စုဝေး၊သွားလာ နေတာ ရှိခဲ့ပါတယ်။

အဲဒီပြင် ဇွန်လ ၁၇ ရက်၊မနေ့ကလည်း မြောက်ဦးမြို့နယ်၊တိမ်ညိုရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို AAက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဝင်တွေကို စစ် ကောင်စီက ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် ခုလိုမျိုး ပြန်လည်ဖမ်းဆီးရတာ ဖြစ်ပြီး ULA/AA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရင် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရ ခိုင်သုခကသတင်းစာရှင်းလ င်းပွဲမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ် မိုးရာသီကုန်လောက်ကတည်းက ရခိုင်ပြ ည်တောင်ပိုင်းရော၊မြောက်ပိုင်းမှာပါ ရပ်ကွက်၊ကျေးရွာတွေကို ဝင်ရောက်စစ် ဆေးတာ၊ULA/AA တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အစပ်မလုပ်ဖို့ ဟန့်တားတာ၊ ULA/ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အဲဒီလို လုပ်ရပ်တွေကြောင့် သည်းမခံနိုင်တဲ့အနေ အထားရောက်လာရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ULA/AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက လစဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရက္ခိုင့်တပ် တော်(AA)ဟာ ရခိုင်ပြည် နယ်အတွင်း တိုက်ပွဲခေါ်တဲ့ပုံစံမျိုးတွေ လုပ်နေပြီး အဲဒါနဲ့ပက်သက်လို့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုဖို့ ခြိမ်းခြောက်သည့်အသွင်မျိုးနဲ့ မေလက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

https://www.facebook.com/permalink.php?story_fbid=175319181577063&id=107469705028678

Leave a Reply

Your email address will not be published.