စစ်ကောင်စီနဲ့ ALPတို့ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်ထောင်စုအရေးကို အဓိကဆွေးနွေး

By Boder News Agency (BNA) / 2022 June 13

အာဏာသိမ်းစစ်ကောင်စီနဲ့ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)တို့ ဇွန်လ၁၃ ရက်၊ဒီနေ့နံနက်က နေပြည်တော်မှာ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ထောင်စုအရေးကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ ALP က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကိုဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP )ကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ALP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခိုင်စိုးမြက“ ရခိုင်ပြည်နယ်အရေးနဲ့ကတော့ ကျနော်တို့က ရခိုင်ပြည်ကို ကိုယ်စားပြုပြီး လာရောက်တာဖြစ်တဲ့အတွ က် ဗမာပြည်အရေးဆိုတာထက် ရခိုင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးအပိုင်းတွေ နောက်ကျနေတယ်လို့ ကျနော်တို့မြင်တွေ့ရတဲ့အတွက် လက်ရှိအုပ်ချုပ်နေသူ တွေအနေနဲ့ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ပြီး အလုပ်လုပ်ပေးဖို့ တင်ပြခဲ့တယ်။”လို့ BNA သို့ပြောပါတယ်။

ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီးစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုချီတ က်တဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ယုံကြည်မှုတွေ အားနည်းနေတဲ့ အတွက် အဲဒါတွေကို ပြန်လည်တည်ဆောက်ပြီး စစ်မှန်တဲ့ပြည်ထောင်စုကို အကောင်အထည်ဖော်ဆောက်ရွက်ဖို့အစရှိတဲ့ အခန်းကဏ္ဍတွေကို နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ALP နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဏာသိမ်း စစ်ကောင်စီဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက် ခဲ့ပြီး မနက်ဖန်မှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

မနက်ဖန် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့တွေ့ဆုံမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ဆက်နွယ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်းတွေကို ဆွေး နွေးနိုင်တယ်လို့ ALPဖက်က ပြောပါတယ်။

ALP အနေနဲ့ ခုလိုအာဏာသိမ်းစစ်ကောင်စီကိုတွေ့ ဆုံဖို့ နေပြည်တော်သို့သွာ ရောက်တဲ့အပေါ် ရခိုင်လူငယ်အဖွဲ့အစည်း ၂၀ ကျော်လောက်က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးမလုပ်ဖို့ ကြိုတင်ကန့်ကွက်တယ်လို့ ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေနဲ့ အဲဒီလိုမျိုးစစ်ကောင်စီနဲ့ တွေဆုံမှုအပေါ် ကန့်ကွက်ဝေဖန်မှုတွေရှိနေတာကြောင့် ရခိုင်ပြည်နဲ့ ပြည်သူအကျိုးအ တွက် တွေ့ဆုံဆွေးနွေတာလို့ဆိုပါတယ်။

ဗိုလ်မှူးကြီးခိုင်စိုးမြက “ ပြည်သူတွေကို ပြောချင်တာကတော့ ပါတီရဲ့ သဘောထားက ကျနော်တို့ ပြည်သူတွေလိုချင်တဲ့အရာကို ပွင့်ပွင့်လင်းလင်း နဲ့မဆွေးနွေးဘဲရလာမှာမဟုတ်ဘူး။ကျနော်တို့ လိုချင်တဲ့အပိုင်းကို ပွင့်ပွင့်လင်း လင်းဆွေးနေတဲ့အခါမှပဲ ကျနော်တို့ရဲ့ အမြင်သဘောထားတွေကို သူတို့သိ လာမယ်။ပြီးမှပဲ ရှေ့ကိုဆက်ပြီးသွားတဲ့အခါ အဆ င်ပြေနိုင်မယ်။ဒါကြောင့် ရခိုင်ပြည်သူတွေရဲ့လိုချင်တဲ့ဆန္ဒတွေကို ဆွေးနွေးဖို့လာတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 ALP အပေါ်ကို အမြင်မတူ၊သဘော ထားကွဲလွှဲပြီး ဝေဖန်နေကြတဲ့အပေါ်မှာ လည်း လက်ခံပြီး အပြစ်မပြောလိုကြောင်းနဲ့ လုပ်ရပ်ကအကောင်ထည်ပေါ် လာမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“တစ်ခုပြောချင်တာကတော့ ဒီကိစ္စတွေက လုပ်ရပ်ကအကောင်အထည် ဖော်လာပါလိမ့်မယ်။ကျနော်တို့ ဒီနေ့ ဆွေး နွေးနေတယ်ဆိုတာကလည်း ကိုယ် ရေးကိုယ်တာထက် ရခိုင်ပြည်အရေးနဲ့ ရခိုင်ပြည်သူတွေရဲ့ လိုအင်ဆန္ဒ တွေကို အကောင်ထည်ဖော်ဖို့ လာတာဖြစ်ပါတယ်။ကျနော်တို့ရဲ့ ဒီနေ့အကောင်အထည် ဖော်နေတဲ့ကိစ္စတွေရဲ့ ကြားကာလထဲမှာ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်ပေးဖို့ ပြည်သူတွေကို ပြောချင်ပါတယ်။” လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP )ကို လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်က ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း  တည် ထောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်(NCA)မှာ လက်မှတ် ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

ရခိုင်မှာ အင်အားအများဆုံးနဲ့ပြည်သူလူထုထောက်ခံမှုအများဆုံးရရှိထားတဲ့ ရက္ခိုင့်တပ်တော်(AA)က တော့ အာဏာသိမ်းစစ်ကောင်စီဖိတ်ခေါ်တဲ့ဆွေးနွေး ပွဲသို့ ညီနောင်မဟာမိတ်တွေနဲ့အတူမတက်ရောက်ဘူးလို့ သိရပါတယ်။

https://www.facebook.com/permalink.php?story_fbid=174010701707911&id=107469705028678

Leave a Reply

Your email address will not be published.