By Western News/ 2022 June 14
စစ်အာဏာသိမ်းပြီးနောက် မြန်မာ စစ်တပ်ထဲမှ ထွက်ပြေးလာပြီး ရက္ခိုင့်တပ်တော် AA ထံတွင် စစ်ကောင်စီတပ်သားများ ရာနှင့်ချီ ခိုလှုံလျက်ရှိကြောင်း AA က ပြောဆိုလိုက်သည်။
ရက္ခိုင့်တပ်တော် AA ဆီသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအား လူသားချင်းစာနာမှုအပြည့်နှင့် ကူညီပေးနေသည်ဟု ယနေ့ဇွန် ၁၄ ရက်နေ့ အွန်လိုင်းက ပြုလုပ်သော တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA / AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
“AA ဆီကိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရေအတွက် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲလူတွေကို တတ်နိုင်သမျှ လူသားချင်းစာနာမှုအပြည့်နဲ့ ကျနော်တို့ ကူညီပေးနေတာတွေရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ ကျနော်တို့ထုတ်ပြောဖို့မရှိဘူး။ ဒါပေမဲ့ ထွက်ပြေးလာတဲ့သူတွေ ကျနော်တို့ဆီကို ရောက်လာတယ်ဆိုရင်တော့ ကျနော်တို့က အကောင်းဆုံးကူညီတာတွေ၊ နေရာချထားပေးတာတွေ အဲဒါတွေကို ကျနော်တို့ဖက်က လုပ်ဆောင်ပေးနေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း ကျောက်တော် မဟာမုနိဘုရားရင်ပြင်တွင် တပ်စွဲထားသည့် စစ်တပ်မှ စစ်သား ၃ ဦး လက်နက်မဲ့ထွက်ပြေးခဲ့ပြီး ဒုတပ်ကြပ်တစ်ဦးမှာ AA ထံသို့ အလင်းဝင်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF တပ်ဖွဲ့များဆီသို့ ထွက်ပြေးခိုလှုံလျက်ရှိနေသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်သော ဆွေးနွေးပွဲသို့လည်း AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစု မတက်ရောက်ခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/542825580857284