စစ်ကောင်စီတပ်က ကုန်းလမ်းအပြင်ရေကြောင်းခရီးစဉ်တွေကိုပါ စစ်ဆေးဟန့် တားမှုတွေ ပြုလုပ်လာ

(ရွှေပြည်တန်ခရီးသည်တွေရဲ့ အချက်အလက်တွေ စစ်ဆေးဂိတ်မှာပေးခဲ့ရ)

By Boder News Agency (BNA) / 2022 June 24

ဓာတ်ပုံ-စစ်တွေဆတ်ရိုးကျချောင်း/BNA

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းတလျှောက် အသွား အလာတွေကို စစ်ဆေးဟန့်တားမှုတွေ ပြုလုပ်နေတဲ့အပြင် ပုံမှန်ပြေးဆွဲနေတဲ့ ရေကြောင်းခရီစဉ်တွေကိုပါ ပြေးဆွဲခွင့်ပိတ်ပင်တားမြစ်တာတွေ ထပ်လုပ်လာ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊အရာရှိတွေ ဖမ်းဆီးခံရပြီးနောက် ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊စစ်တွေစတဲ့ မြိုတွေအထဲကိုဝင်ရောက်ပြီး သေနတ်ပစ်ဖောက်တာ၊ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေခဲ့တာပါ။

တပြိုင်တည်းမှာပဲ မြို့အဝင်အထွက်နေရာတွေ၊လမ်းဆုံလမ်းခွတွေနဲ့ ရန်ကုန် – စစ်တွေ ကားလမ်းတလျှောက် နေရာတွေမှာ သွားလာနေကြတဲ့ ခရီးသွားပြည် သူတွေကို ဟန့်တားစစ်ဆေးမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် လုပ်နေခဲ့ပါ တယ်။

ခုထပ်ပြီးတော့ ရခိုင်ပြည်နယ်အနှံ့ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းတွေကို မပြေးဆွဲဘဲ ခဏရပ်ထားဖို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းက တားမြစ်လာတာပါ။

စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀မှာရှိတဲ့ စစ်ဆေး ရေးဂိတ်ကနေ ရွှေပြည်တန် အမြန်ရေယာဉ်ကို ဒီနေ့မနက်ခြောက်နာရီကျော်လောက်မှာ ဖုန်းဆက်ပြီး အဲဒီလိုအကြောင်းကြားလာတာလို့ ရွှေပြည်တန်အမြန်ယာဉ်မှ ဆိပ်ကမ်း မန်နေဂျာကိုအောင်သန်းဦးက ပြောပါတယ်။

အဲဒီလိုဟန့်တားလာတဲ့အတွက် စစ်တွေကနေ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက် ဦးစတဲ့ မြို့တွေကို ပြေးဆွဲမယ့် ခရီးစဉ် တွေကိုရပ်နားလိုက်ရတယ်လို့ ရွှေပြည်တန်လက်မှတ်အရောင်းဌာနတွေက ပြောကြပါတယ်။

စစ်တွေကနေ ပေါက်တော၊မင်းပြား၊မြေပုံနဲ့ရသေ့တောင်၊ဘူးသီးတောင်တို့ကို ပြေးဆွဲမယ့် အမြန်ယာဉ်သုံးစီးမှာလိုက်ပါမယ့် ခရီးသည်တွေဟာ မနက်အစော ကြီးကနေနေ့လည်အထိ ထွက်ခွင့်ရဖို့စောင့်မျှော်နေခဲ့ကြပါတယ်။

ဒါပေမယ့် တစ်စုံတစ်ရာအကြောင်းမထူးတဲ့အတွက် ခရီးသည်တွေကို တောင်း ပန်ပြီး ငွေပြန်အမ်းလိုက်ရတယ်လို့ ကိုအောင်သန်းဦးက ပြောပြပါတယ်။

မင်းပြားနဲ့မြောက်ဦးကနေ ဒီနေ့မနက်မှာထွက်ခွင့်ရလာတဲ့ အမြန်ယာဉ်နှစ်စီး ဟာလည်း စစ်တွေမြို့အဝင် ဆတ်ရိုးကျချောင်း၀က စစ်ဆေးရေးဂိတ်မှာ စစ် ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အရင်တုန်းက အဲဒီလိုစစ်ဆေးတာမျိုးတစ်ခါမှမရှိခဲ့ဖူးဘူးလို့ ကိုအောင်သန်းဦး က ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်က စစ်ဆေးသူတွေဟာ ရွှေပြည်တန်အမြန်ယာဉ်မှာ စီးနင်း လိုက်ပါလာကြတဲ့ ခရီးသည်အား လုံးရဲ့ နာမည်တွေ၊ မှတ်ပုံတင်တွေပါတဲ့ ခရီးသည်စာရင်းတွေကို ဓါတ်ပုံရိုက်ယူသွားခဲ့တယ်လို့ ရွှေပြန်တန်အမြန်ယာဉ် က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ဘယ်တော့ ပြန်ထွက်ခွင့်ရမလဲဆိုတဲ့အခြေအနေနဲ့ ပတ်သက် လို့ မသိရသေးဘူးလို့ ကိုအောင်သန်း ဦးက ဒီနေ့ ညနေသုံးနာရီကျော်မှာ ပြောပါ တယ်။

ရေကြောင်းကိုပဲ အဓိကအားကိုးပြီး သွားလာနေကြရတဲ့ ရခိုင်မြောက်ပိုင်းမှာ ခုလိုမျိုး ရေယာဉ်တွေကို ပြေးဆွဲခွင့်ပိတ်လိုက်တာဟာ ခရီးသည်တွေအတွက် အခက်အခဲများစွာ ဖြစ်စေတယ်လို့ ခရီးသည်တစ်ဦးက ဆိုပါတယ်။

“ကားလမ်းတွေလည်း စစ်၊ရေလမ်းတွေလည်းပိတ်တော့ ဘယ်လိုသွားကြရ တော့မလဲ”လို့ အဲဒီခရီးသည်က ပြောပါတယ်။

မနေ့က ဇွန်လ ၂၃ ရက်နေ့ညက စစ်တွေမြို့မှာ ရေတပ်အရာရှိတစ်ဦးနဲ့ စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးခံ လိုက်ရတယ်လို့ သတင်းတွေထွက် ပေါ်ပြီး နောက်တနေ့မနက် ဒီနေ့မှာခုလိုမျိုး ရေကြောင်းခရီးစဉ်တွေကို ပြေးဆွဲခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=176446288131019&id=107469705028678

Leave a Reply

Your email address will not be published.