စစ်ကောင်စီခေါင်းဆောင်များ ရောက်ရှိနေ၍ စစ်တွေတွင် မီးမပျက်

By Western News/ 2022 June 14

စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်များရောက်ရှိနေ၍ စစ်တွေမြို့တွင် ယမန်နေ့  ဇွန် ၁၃ ရက်နေ့ နှင့် ယနေ့ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းအထိ မီးပြတ်တောက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က စစ်ကောင်စီဒုဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကေ ဖုန်းမြတ်၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေမှ ) တပ်မတော်အရာရှိကြီးများ ရခိုင်သို့ ရောက်ရှိလာကြသည်။

အထက်စစ်စီခေါင်းဆောင်များအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍  စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမများနှင့် ရိပ်သာတို့တွင် သီးခြားစီတွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတွေအကြီးအကဲများရောက်လျှင် ယခုလိုမျိုး ဟန်ပြလုပ်ဆောင်ခြင်းမှာ အစိုးရအဆက်ဆက်၏ မူဖြစ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ပြောသည်။

“အဓိကတော့ အစိုးရစနစ် အဆက်ဆက်က ဒီလိုမူကို ကျင့်သုံးတယ်။ ဥပမာ နိုင်ငံတော် အကြီးအကဲတွေ လာတယ်ဆိုရင် မီးမပြတ်ဘူး။ ဒါတွေကတော့ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်ပဲဖြစ်တယ်။ နိုင်ငံတော်အကြီးအကဲတော်ရောက်လို့ မီးမပြတ်တာလို့ပဲပြောချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ မီးမပျက်ရင် ပိုကောင်းတာပေါ့”ပြောသည်။

စစ်တွေတွင် တစ်နေ့လျှင် မီးတစ်ကြိမ်၊ နှစ်ကြိမ်ခန့်အထိ နေ့စဥ်နေ့တိုင်း ပြတ်နေပြီး တစ်ကြိမ်ပြတ်လျှင် ၃ နာရီခန့်ကနေ့ ၅ နာရီအထိ ပြတ်တောက်မှုများရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်လျှင် စစ်တွေမြို့နယ်လျှပ်စစ်ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း တစုံတရာမှတ်ချက်ပြု ဖြေကြားခြင်းမရှိပေ။

https://www.facebook.com/westernnewsagency/posts/542798070860035

Leave a Reply

Your email address will not be published.