ကျောင်းဆရာ ၂ ဦးပြန်လွတ်မြောက်ရေး စစ်ကောင်စီတွင် တာဝန်ရှိ၊ အရပ်သားများအား ဖမ်းဆီးစစ်ဆေးမှု ရပ်တန့်ရန် ANP စာထုတ်

By Western News/ 2022 June 21

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင်  ပြန်ပေးဆွဲခံထားရသည့် မူလတန်းလွန်ကျောင်းအုပ်ကြီးနှင့် လက်ထောက်ကျောင်းဆရာမ ၂ ဦးတို့ ပြန်လည်လွတ်မြောက်ရန် စစ်ကောင်စီတွင် တာဝန်အပြည့်အဝရှိကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့မှ အပြစ်မဲ့အရပ်သားများအား ဖမ်းဆီးစစ်ဆေးခြင်းများရပ်တန့်ရန် ANP က စာထုတ် တောင်းဆိုလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ရခိုင်အမျိုးသားပါတီက ANP က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တောင်းဆိုချက်တွင် ပြန်ပေးဆွဲခံ ကျောင်းဆရာများကဲ့သို့ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ရန် ပြည်နယ်စစ်ကောင်စီနှင့် ပြည်ထောင်စု စစ်ကောင်စီမှာ တာဝန်ရှိကြောင်း ရေးသားထားသည်။

ထိုကျောင်းဆရာ ကျောင်းဆရာမ ၂ ဦးမှာ ဇွန်လ ၁၆ ရက်နေ့က အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် စစ်ဦးစီချုပ် တပ်မှူးချုပ်ထွန်းမြတ်နိုင်ကမူ ထိုကျောင်းဆရာ ၂ ဦးအား ARSA အာဆာ အဖွဲ့မှ ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့ ညနေက ၎င်း၏ တွယ်တာတွင် စာဖြင့်ရေးသား စွပ်စွဲပြောဆိုထားသည်။

AA စစ်ဦးစီချုပ်၏ စွပ်စွဲပြောဆိုချက်အပေါ် အခြေအမြစ်မရှိ ပြောဆိုခြင်းဖြစ်ပြီး အာဆာအဖွဲ့အနေဖြင့် ထိုကျောင်းဆရာ ၂ ဦးအား ပြန်ပေးဆွဲထားခြင်းမရှိဟု အာဆာအဖွဲ့ထုန်ပြန်ချက် ထုန်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/547502057056303

Leave a Reply

Your email address will not be published.