ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် စစ်တွေတွင် လူငယ်များသစ်ပင်စိုက်ပျို

By Development Media Group (DMG)/ 2022 June 05

ယနေ့ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် All Arakan Youth Organizations Network နှင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့တို့မှဦးစီးကာ လူငယ်များဖြင့် စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗျိုင်းဖြူရွာတစ်လျှောက်နှင့် ရွှေမင်းဂံဆင်းလမ်းတစ်လျှောက်တို့တွင် သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် လူငယ် ၁၀၀ ကျော်ခန့်ပါဝင်ပြီး “ငါရို့မြီကို ငါရို့ပိုင်ရေ၊ ငါရို့အတူတူကာကွယ်မေ” စာတန်းပါ ဆင်တူဝတ်စုံများကိုဝတ်ဆင်ကာ ပျိုးပင်ပေါင်း ၃၅၀ ကို စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ၁၉၇၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး အဏ္ဏဝါညစ်ညမ်းမှုများ၊ လူဦးရေ အဆမတန်တိုးပွားမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအား သတိပြုမိလာစေရန် ကျင်းပခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကမ္ဘာအနှံ့အပြားတွင်ကျင်းပလေ့ရှိသည်။

https://www.facebook.com/dmgnewsagency/posts/2310284952457236

Leave a Reply

Your email address will not be published.