PDFဆက်စပ် သံသယနဲ့ သံတွဲဒေသခံနှစ်ဦး အလုပ်နဲ့ထောင်သုံးနှစ်ချမှတ်ခံရ

By Boder News Agency (BNA) / 2022 May 20

ရခိုင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးအမှုရင်ဆိုင်နေရတဲ့ သံတွဲဒေသ ခံဦးစိန်ချစ်နဲ့ကိုရဲနိုင်ဦးတို့ကို သံတွဲမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။

ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ချမှတ်လိုက်ကြော င်း အမှုလိုက်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

“သူတို့ကိုအမိန့်ချလိုက်ပါပြီ။တရားလိုနဲ့ လိုပြသက် သေတွေရဲ့ထွက်ဆိုချက်အရ တရားခံ ၂ ယောက် လုံးဟာပြစ်မှုကိုကျူးလွန်ခဲ့တယ်လို့ တရားသူကြီးအနေနဲ့ သုံးသပ်ရရှိတဲ့အတွက် စွဲဆိုထားတဲ့ အကြမ်း ဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ကျခံစေဖို့အမိန့်ချလိုက်ပါတယ်။” လို့ ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့အနေနဲ့ အယူခံတက်မတက်မသိရသေးကြောင်းနဲ့ လက်ရှိချမှတ်ခံထားရတဲ့ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်မှာ ချုပ်ရက်တွေကို လျော့ပေါ့ပေးသွားဖို့ရှိကြော င်းလည်း သိရပါတယ်။

“လျော့ပေါ့ပေးမဲ့ ချုပ်ရက်ကတော့ ရမန်ယူခဲ့တဲ့ရက်နဲ့ဆိုရင် ပြန်ပြီးတော့ တောင်းကြည့်ရအုံးမယ်။ကျမတို့ ခန့်မှန်းတာကတော့ သူတို့ချုပ်နှောင်ခံထားရတာ ၇ လလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ကျမတို့အမှုသည်တွေအနေနဲ့က သူတို့ကိုစွဲဆိုထားတဲ့အမှုကို ကျူးလွန်မှုမရှိဘူးလို့ တောက်လျှောက်အမှုရင်ဆိုင်လာရတာဆိုတော့ အခုချတဲ့အမိန့်နဲ့ ပတ်သက်ပြီး အယူခံဝင်မဝင်ကတော့ တရားခံတွေကတော့ မိ သားစုနဲ့ တိုင်ပင်ပြီးတော့ ရှေ့နေဆီကို ပြန်ဆက်သွယ်ဖို့ပြောထားပါတယ်” လို့ ရှေ့နေက ပြောပါတယ်။

ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ဟာ သူတို့ကို စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ၈ လနီးပါးကြာအမှုရင်ဆိုင်ခဲ့ရပြီး ဒီကနေ့ ရုံးထုတ်တဲ့အခါလည်း အစာအိမ်ရောဂါရှိတဲ့ ဦးစိန်ချစ်ဟာ ကျန်းမာရေးမကောင်းကြောင်း သိရပါတယ်။

သူတို့အမှုမှာ တရားလိုအဖြစ် အမှတ် (၅၅) ခြေမြန် တပ်ရင်းက ဗိုလ်နေဇော်ထက်ဖြစ်ပြီး တရားလိုပြသ က်သေ (၁၃) ဦးပါဝင်ကြောင်း သိရပါတယ်။

သူတို့နှစ်ဦးကို မူလက ရဲစခန်းမှာအမှုဖွင့်တဲ့အခါ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊၅၂ (က)ဆိုတဲ့ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီးဥပဒေ အကြံတောင်းခံတဲ့အခါ၅၂(က)နဲ့ပဲ စွဲဆိုပေးဖို့မအ ကြံပြုခဲ့တာပါ။

ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ဟာ လူမှုရေးကူညီရေးပရ ဟိတလုပ်နေသူတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း PDF ဆက်စပ်သံသယနဲ့ ဖမ်း ဆီးခံရသူ ၇ ဦးထက်မနည်းရှိနေပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အနည်းဆုံး ၅ မှုခန့်ရှိနေပါတယ်။

https://www.facebook.com/permalink.php?story_fbid=168750102233971&id=107469705028678

Leave a Reply

Your email address will not be published.