AA တပ်ဖွဲ့များရှိရာနေရာသို့ ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြော

By Western News/ 2022 May 27

ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွားဖြစ်ပွားမှုများ ရှိခဲ့သည်ဟု ရက္ခိုင့်တပ် AA ကပြောသည်။

မေလ ၂၆ ရက်နေ့ နံနက် ၁၀နာရီလောက်က အဘောင်သားကျေးရွာအနီးမှာ မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုက ရက္ခိုင့်တပ်တော်၏ တပ်ဖွဲ့ဝင်များရှိသည့် နေရာကိုဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွါးခဲ့ရခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက Western News ကိုပြောသည်။

“မနေ့က မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီလောက်မှာ ပလက်ဝမြို့နယ် အဘောင်သားရွာအနားမှာ မြန်မာစစ်တပ်ရဲ့ ခမရ ၃၇၅က စစ်ကြောင်းတစ်ခုက ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့ နေရာကို ဝင်ရောက်လာတဲ့အတွက် အချိန်အတန်ကြာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ခဲ့တာရှိတယ်ခင်ဗျ။  အဲဒီ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်း မြန်မာစစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ တစ်နေကုန် လှမ်းပြီးပစ်ခတ်ခဲ့တာတွေရှိတယ်။ တခြားတိုက်ပွဲနဲ့ ပတ်သတ်ပြီး အချက်အလက်အသေးစိတ်အချက်အလက်ကတော့ ကျွန်တော်ဆီရောက်မလာသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွါးမှုနှင့်ပတ်သက်၍ နှစ်ဖက် ထိခိုက်မှုအခြေအနေအပါဝင်  တိုက်ပွဲဖြစ်ပွါးမှု အခြေအနေနှင့် ပတ်သတ်၍ အသေးစိတ်ကို AA ရုံးချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း အသေးစိတ်ကို ပြော၍ မရသေးကြောင်း ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

ပလက်ဝမြို့နယ်မှာ ယခင်ကတည်းက ကုန်စည်စီးဆင်းမှုအတွက် ကျောက်တော်မြို့ကို အဓိက အားထားနေရပြီး လက်ရှိတိုက်ပွဲဖြစ်လိုက်တာကြောင့် ပလက်ဝဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးအတွက်ပါ ထိခိုက်မှုတွေရှိနိုင်သည်ဟု ပလက်ဝဒေသခံ တစ်ဦးက Western News ကိုပြောသည်။

“ဒီနေ့အခြေကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ မနေ့ကတော့ နံနက် ၉ နာရီလောက်ကနေ နေ့လည် ၂နာရီကျော်လောက်အထိ လက်နက်ကြီးပစ်ခတ်ခဲ့တာတွေရှိတယ်။  ပလက်ဝမြို့နယ်က ယခင်ကတည်းက မတူပီလမ်းလည်း ပိတ်ထားတော့ ကျောက်တော်မြို့ကို အဓိက ကုန်စည်းစီးဆင်းဖို့ အားထားနေကြရတာဖြစ်တယ်။ အခုက မနေ့က အဘောင်သားရွာအနီးမှာ တိုက်ပွဲဖြစ်ကြတယ်ဆိုတော့ လမ်းပိတ်ဆို့မှုတွေဖြစ်လာမှာကို စိုးရိမ်ရတယ်။ နောက်တစ်ခုက ကျောင်းဖွင့်မယ့်အချိန်လည်းဖြစ်လာပြီဆိုတော့ ပလက်ဝမြို့ထက်လောက်က ကျောင်းတွေပဲဖွင့်နိုင်မှာဖြစ်ပြီး ရွာတွေက ကျောင်းတွေက လုံခြုံရေးအာမခံချက်မရှိတာကြောင့် ဖွင့်နိုင်ဖို့ မထင်ဘူး။ တိုက်ပွဲဆက်ဖြစ်လာရင် အခြေနေက တော်တော်လည်း အဆိုးဖက်ကို ရောက်သွားနိုင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို AA ဖက်က လက်နက်ငယ်တွေနှင့် ပစ်ခတ်ခဲ့တာတွေရှိသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းများကလည်း အမ်းမြို့၊ မြောက်ဦးမြို့နှင့် ဘူးသီးတောင်မြို့နယ်တို့က စစ်ကောင်စီတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတွေရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/ AA​၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကိုနှောင့်ယှက်မှုရှိနေသည့် အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မဖြစ်နိုင်ဟု ULA/AA​၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ၄င်း၏ တွယ်တာအကောင့်မှ တစ်ဆင့် သတိပေးမှုများရှိခဲ့သည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်တွင် စစ်ကောင်စီဖက်က မေလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ရခိုင်တွင် စစ်ရေးပဋိပက္ခများ ဖြစ်‌ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန်” စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ULA/ AA​၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကိုနှောင့်ယှက်မှုရှိနေသည့် အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မဖြစ်နိုင်ဟု ULA/AA​၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ၄င်း၏ တွယ်တာအကောင့်မှ တစ်ဆင့် သတိပေးမှုများရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/531072242032618

Leave a Reply

Your email address will not be published.