By Voice Of Westland (VOW)/ 2022 May 15

(၉၄) ကြိမ်မြောက် မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားပွဲတော်ကို မနေ့က မေလ (၁၃) ရက်နေ့ကစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။
ဘုရားပွဲတော်မှာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ၊ ကဆုန်ညောင်ရေ သွန်းပွဲ၊ ပြိုင်လောင်း(လှေပြိုင်ပွဲ)၊ ရခိုင်ရိုးရာ ကျင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာလည်းဖြစ်ပါတယ်။
အဲဒီ ပွဲတော်ကို မေလ (၁၃)ရက်နေ့က စတင်ပြီး မေလ (၁၆) ရက်နေ့ထိ (၄)ရက်တိုင်တိုင် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ သျှစ်သောင်းဘုရားပွဲတော်ဟာ မိုးမကျမီကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ဒီပွဲတော်ကို အနယ်နယ်
အရပ်ရပ်က လာရောက်ကြတဲ့သူတွေဟာ မြောက်ဦးချောင်းထဲမှာ ရေပက်ကစားကြလေ့ ရှိပါတယ်။
မြောက်ဦးမြို့ရဲ့အထင်ကရ ရန်အောင်ဇေယျပုထိုး(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးကို မြောက်ဦးခေတ်(၁၂)ဆက်မြောက်ဘုရင်မင်းပင်(ခေါ်) မင်းဘာကြီးက သူရတန်မင်းတွေလက်ထဲကျရောက်နေတဲ့ ရခိုင်ပိုင်နက်ဘင်္ဂါ (၁၂) မြို့ကို ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့သက္ကရာဇ် ၈၉၇ ခု တန်ဆောင်မုန်းလပြည့်နေ့မှာ စတင် တည်ထားခဲ့တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။