သူနာပြုဆရာမအပေါ် အုပ်စုဖွဲ့အကြမ်းဖက်ခဲ့သူတွေကို ထိရောက်စွာအရေးယူပေးဖို့ ရခိုင်အမျိုးသမီးကွန်ရက်တောင်းဆို

By Boder News Agency (BNA) / 2022 May 13

ဘူးသီးတောင်မြို့နယ်က သူနာပြုဆရာမကို နေအိမ်ခန်းထဲထိ ဝင်ရောက်ပြီး အုပ်စုဖွဲ့ ရိုက်နှက်ဆဲဆိုခဲ့သူတွေကို ရာဇဝတ်ပြစ်မှုအရ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ ရခိုင်အမျိုးသမီးကွ န်ရက်က အစိုရကို ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွ န်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊စေတီတောင်ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေး ရုံရဲ့ ဆေးရုံအုပ်ဆရာဝန်၊သူ့ဇနီးနဲ့ သူ့တပည့်တို့က နေအိမ်အခန်းထဲထိ ဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုထာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို အုပ်စုဖွဲ့ရိုက်နှက်ခြင်းမတိုင်မီကလည်း ဖုန်းကနေတစ်ဆင့် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံး အနှုန်းတွေနဲ့ စာပို့ခဲ့တာ ရှိပါသေးတယ်။

ဒီလိုမျိုး အမျိုးသမီးတွေကို လုပ်ငန်းခွင့်အတွင်း လိ င်အမြတ်ထုတ်တာ၊အကြမ်းဖက်တာတွေဟာ သည်း ခံခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်တယ်လို့ မေလ ၁၃ ရက်က ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ငွေများလို့ အနိင်ရသွားတာမျိုးကို မလိုအပ်ဘူး။ နစ်နာသူအမျိုးသမီးရဲ့ ကျေနပ်လောက်တဲ့ ပြစ်ဒဏ်မျိုးကို ထိထိရောက်ရောက်လုပ်စေချင်တာပါ”လို့ အဲဒီကွန်ရက်ရဲ့ ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ရခိုင် ပြည်နယ်အတွင်းက အမျိုးသမီးထုတစ်ရပ်လုံးရဲ့ လုပ်ငန်းခွင်ဘ၀လုံခြုံ ရေး၊လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရမှုနဲ့ လိင်အမြတ်ထုတ်ခံရမှုတို့အပေါ် အကာအကွယ်ပေးမယ့်အခြေအနေတွေ ကင်းမဲ့နေတာကို မျက်ဝါး ထင်ထင်တွေ့မြင်နေရတယ်လို့ ရခိုင်အမျိုးသမီးကွန်ရက်က သတိပေးပါတယ်။

ဒါကြောင့် ဒီလိုဖြစ်ရပ်တွေကို နောက်မဖြစ်လာစေဖို့ အခုဖြစ်စဉ်အပေါ် ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။

“အမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုး အသက်ကိုပါ ရည်စူးပြီးတော့ အိန္ဒြေပျက်အောင်လုပ်တဲ့ဟာကို ထိထိရောက် ရောက်အရေးမယူဘူးဆိုရင်၊လွှတ်သွားခဲ့ရင် နောက်နောင်လူတွေကိုလည်း ဒီလိုလုပ်ဖို့အတွ က် လက်ကမ်းကြိုဆိုတာနဲ့ တူပါတယ်”လို့ ရခိုင်အမျိုးသမီးကွန် ရက်က ဒုတိယဥက္ကဌ ဒေါ်လှမေက ဆိုပါတယ်။

လက်ရှိမှာ အဲဒီစေတီတောင်ဆေးရုံအုပ်ကို စစ်တွေဆေးရုံသို့ ယာယီပြောင်းရွေ့ကြောင်း ရခိုင်ပြည်နယ် ကုသရေး ဦးစီးဌာနက အမိန့်စာထုတ်ထားပါတယ်။

အဲဒီအပြင် ထပ်ပြီးတော့ အပြစ်ပေးအရေးယူထာမျိုးမတွေ့ရသေးဘူးလို့ စေတီတောင်ဆေးရုံက ဝန်ထမ်းတွေက ပြောကြပါတယ်။

ဆရာဝန်လင်မယားတို့ရဲ့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရတဲ့ သူနာပြုဆရာမရဲ့မိသားစုကတော့ အဲဒီဖြစ် စဉ်အပေါ် ဘူးသီးတောင်မြို့နယ်၊ညောင်ချောင်းန ယ်ခြားစောင့်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ထိရောက်တဲ့ပြစ်ဒဏ်မျိုးနဲ့ အရေးယူပေးမှပဲ ကျေ နပ်နိုင်မယ်လို့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောထားကြပါတယ်။

စေတီတောင်ဆေးရုံအုပ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာပြုဆရာမဆီကို “အတူတူ အိမ်မယ်မလား၊ အိပ်သွားပြီလား” လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊ အိမ်ခပါယာလား” ဆိုတဲ့စာကို  ဖုန်းကနေပို့ခဲ့ပါတယ်။ အဲဒီကိစ္စကို သူနာပြုဆရာမဟာ မြို့နယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။

အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာ ပြုဆရာမပေါ် မကျေမနပ်ဖြစ်နေခဲ့တဲ့အတွက် ခုလိုမျိုး အငြိုးထားဆောင်ရွက်ခဲ့တာဖြစ်တယ် အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ ဆရာမနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=167189882389993&id=107469705028678

Leave a Reply

Your email address will not be published.