By Development Media Group (DMG)/ 2022 May 01
ပထမဆုံးကြိမ်မြောက် သက်အမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာတွင် ယနေ့(မေလ ၁ ရက်)နံနက်ပိုင်းကကျင်းပခဲ့သည်။
ရခိုင်ပြည်အတွင်း ပျံ့နှံ့နေထိုင်ကြသည့်သက်တိုင်းရင်းသားများ တစုတစည်းတည်းတွေ့ဆုံကာ စည်းလုံးညီညွတ်မှုရရှိရန်၊ သက်ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားများ မပျောက်ကွယ်သွားဖို့ ထိန်သိမ်းစောင်ရှောက်သွားရန်အတွက် သက်အမျိုးသားနေ့ကိုကျင်းပရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ ဦးဦးရွှေကပြောသည်။
သက်အမျိုးသားနေ့အခမ်းအနားသို့ သက်တိုင်းရင်းသားများအပါအဝင် ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် မြိုတိုင်းရင်းသားတို့နှင့် ခမီတိုင်းရင်းသားတို့ကလည်း တက်ရောက်ခဲ့ကြသည်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်သော သက်လူမျိုးတို့သည် မောင်တောမြို့နယ်၊ မယူတောင်တန်းဒေသတွင် အများဆုံးနေထိုင်ကြကာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း စသည့်မြို့နယ်တို့တွင်လည်းပျံ့နှံ့နေထိုင်ကြပြီး လူဦးရေစုစုပေါင်း ၆၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2282339485251783