လူထုကိုရှေ့ကထားပြီး အကြပ်ကိုင်တာဟာကျင့်ဝတ်မဲ့တဲ့စစ်တပ်ရဲ့လုပ်ရပ်လို့ စစ်ကောင်စီကိုတုံ့ပြန်

By Boder News Agency (BNA) / 2022 May 19

လူထုကိုရှေ့ကထားပြီးအကြပ်ကိုင်တာဟာ ကျင့်ဝတ်မဲ့တဲ့စစ်တပ်ရဲ့လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်ပြည်သူတွေက စစ်ကောင်စီကို တုံ့ပြန်ပြောဆိုလိုက်ပါတ ယ်။

အာဏာသိမ်းစစ်တပ်က မေလ ၁၉ ရ က်၊ဒီနေ့နေ့လည်က နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်း လင်းပွဲမှာ ရခိုင်မှာပြဿနာဖြစ်လာရင် တပ်မတော်ကိုအဆိုးမဆိုဖို့ပြောဆိုထားပါတယ်။

“လူထုကို ရှေ့ကထားပြီးတော့ ပစ်ရဲရင်ပစ်ကြည့်ဆိုတဲ့သဘောပေ့ါလေ။လူထုကို ရှေ့ကခံတပ်ထိုးပြီးတော့ အကြောင်းကျရင် ငါတို့ကို အဆိုးမဆိုတဲ့ဆိုတဲ့ဟာက လူထုနာမယ်လို့ ပြောတာပေ့ါလေ။ရွာသားတွေ နာမယ်ဆိုရင် ငါတို့ကို မပြောနဲ့ဆိုတဲ့သဘောပေ့ါလေ။အဲဒါကကျင့်ဝတ်မရှိတဲ့ စစ်တပ်တစ်ခုက ပြောတဲ့စကားပဲ။”လို့ လွတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်မှာတိုက်ပွဲခေါ်တဲ့ပုံစံမျိုးတွေလုပ်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ပြောခွင့်ရသူက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။

“ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေချင်လို့ ထိန်း သိမ်းနေတာဖြစ်ပါတယ်။စိတ်ရှည်သည်းခံပြီးတော့ကျ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန် တော်တို့လုပ်နေတာ ဖြစ်ပါတယ်။အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ အမျိုးသားညီညွှတ်ရေးအ စိုးရ(NUG)တို့ တွေ့ဆုံဆွေးနွေးပြီး သုံးရက်အကြာ မေလ ၁၉ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတ င်းစာရှင်းလင်းမှာ အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွင်း အစိုးရယန္တရားတွေကို ဝင်ရောက်လုပ်ကိုင်တာ၊ဝင်ရောက်နှောင့်ယှက်တာမျိုးတွေ လုပ်နေပြီး အဲဒီအပေါ် သည်းခံနေရကြောင်းလည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်န ယ်အတွင်း ရက္ခိုင့်တပ်တော်ရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေး ယန္တရားတွေကို ဝင်ရောက်နှောင့်ယှက်နေတာရှိပြီး အဲဒီအပေါ် သည်းမခံနိုင်တော့တဲ့အခါ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ကျင့်ဝတ်ရှိတဲ့စစ်တပ်ဆိုရင် လူထုကို ညှာတာရမှာဖြစ်ပြီး အဲဒါတွေဟာ နှစ်ဖက်တပ်တွေအချင်းချင်း ပြောရမယ့် စကားသာဖြစ်တယ်လို့လည်း ဦးဖေသန်းက ဆက်ပြောပါတယ်။

စစ်တပ်ဟာ အရင်တိုက်ပွဲတွေဖြစ်တုန်းကလည်း ကျေးရွာတွေကို မီးရှို့တာ၊ ရွာတွေ၊ရပ်ကွက်အတွင်းသို့ လက်နက်ကြီးတွေနဲ့ပစ်တာစတဲ့ လုပ်ရပ်တွေကို ကျင့်ဝတ်မဲ့စွာလုပ်ဆောင်ခဲ့တယ်လို့ ရခိုင်အရေးလေ့လာသူတွေက ပြောကြ ပါတယ်။

“သူတို့က အဲဒီလိုပဲ စစ်ပွဲဖြစ်လာတိုင်း လူထုကို ရှေ့ ကထားပြီး လူထုကို မှေးပြီးတော့ အလုပ်လုပ်တယ်။ ”လို့ ဦးဖေသန်းက ပြောပါတယ်။

စစ်ကောင်စီဟာ ခုလိုမျိုးလူထုကို ဒိုင်းကာအဖြစ်သုံးခြိမ်းခြောက်အကြပ်ကိုင်နေတာဟာ စိုးရိမ်စိတ်လွန် ကဲနေလို့ ပြောနေတာဖြစ်တယ်လို့ ရခိုင်လူငယ်ကိုဇော်မင်းက သူ့အမြင်ကို ပြောပါတယ်။

ရက္ခိုင်တပ်တော်(AA)တပ်မှူးချုပ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအား သတိပေးခဲ့တဲ့အ ကြောင်းကိုလည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ပါတယ်။

အဲဒီပြင် AA တပ်မှူးချုပ်ရဲ့ယောက္ခမမိသားစု ပြည်ပသို့အလည်အပတ်သွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့လ ည်း ထည့်ပြောခဲ့ပါတယ်။

စစ်ကောင်စီက ခုလိုမျိုးပြောဆိုလာတာဟာ AA ရဲ့ထုတ်ပြန်ချက်တွေမှာ စစ်ကောင်စီတပ်တွေကို သ တိပေးတာ၊တပ်မှူးချုပ်က ရခိုင်အခြေစိုက်အနော က်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို သတိပေးတာ၊NUG နဲ့တွေ့တာ စတဲ့အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုကြပါတယ်။

“အဲဒါတွေအပေါ် စိတ်ထဲမှာ မခံမရပ်ဖြစ်ပြီးတော့ ပွင့်ထွက်တဲ့အခြေအနေဖြစ်နိုင်ပါတယ်။”လို့ ရခိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။

ရခိုင်မှာ စစ်တပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်လယ်ပိုင်းကတည်းက တိုက် ပွဲတွေ ရပ်နားနေခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီကတည်းက စစ်ကောင်စီတပ်တွေဟာ ရခိုင်ကကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာ၊စခန်းချ နေထိုင်တာတွေ ရှိခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ ရွာတွေကို ဝင်စစ်တာအပြင် ရွာသားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုတဲ့အကြော င်းပြချက်နဲ့ ဖမ်းဆီးတာတွေ၊ULA/AA နဲ့ မဆက်စပ်ဖို့ သတိပေးပြောဆိုတာတွေ ရှိနေပါတ ယ်။

https://www.facebook.com/permalink.php?story_fbid=168540472254934&id=107469705028678

Leave a Reply

Your email address will not be published.