ရခိုင်အမျိုးသားပါတီ(ANP)အရေးပေါ်ညီလာခံကျင်းပရေးအတွက် ပြင်ဆင်ရေးကော်မတီဖွဲ့စည်း

By Narinjara / 2022 May 21

ရခိုင်အမျိုးသားပါတီ(ANP)အရေးပေါ်ညီလာခံကျင်းပနိုင်ရေးအတွက် အရေးပေါ် ပါတီညီလာခံ ပြင်ဆင်ရေးကော်မတီကို ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီမှလူ ၉ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့စွဲဖြင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုး လက်မှတ်ရေးထိုးထုတ်ပြန်ရာတွင် အရေးပေါ်ပါတီညီလာခံ ပြင်ဆင်ရေး ကော်မတီ ခေါင်းဆောင် ဦးကိုချေ(ခ)ဦးကျော်ဝင်းချေဖြစ်ပြီး အဖွဲ့ဝင်များမှာ ဦးဖိုးစံ၊ ဦးခိုင်မိုးထွန်း၊ ဦးအောင်သာနို့၊ ဦးထွန်းထွန်း၊ ဦးခင်ဝင်းမောင်(ခ) ဂန်ဘာရီ၊ ဦးမောင်မောင်ဖြူ၊ ဦးခိုင်ငြိမ်းချမ်း၊ ဦးရာဇာမင်းအောင်တို့ ဖြစ်ကြသည်။

၎င်းကော်မတီအား ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ဂွမြို့တွင် ကျင်းပခဲ့သော ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဂွမြို့အစည်းအဝေးတွင် ပါတီအရေးပေါ်ညီလာခံကျင်းပရန်လည်း ဆုံးဖြတ် ခဲ့ကြသည်ဟု သတင်းရရှိသည်။

https://www.facebook.com/narinjara.info/posts/5480562238622475

Leave a Reply

Your email address will not be published.