ရခိုင်ရှိလူနည်းစုများ၏ ဘာသာစကားနှင့်ပညာရေးစိန်ခေါ်မှုများ

By Boder News Agency (BNA) / 2022 May 21

မေကြီးသျှင် ရေးသားပါတယ်။

(ဓာတ်ပုံ-ဗန်ဗွီးကျေးရွာမှ အောင်မကျော်ကျေးရွာသို့ သွားလမ်းတစ်နေရာ/BNA)

ရေစီးဆင်းမှုကြောင့် ကျောက်နံရံတွေမှာ ရေညှိတွေတွယ်ကပ်နေတာကို ငေးကြည့်ပြီးတော့ ဒီတောင်ပေါ်ခရောင်းလမ်းကို ဆက်ပြီးကျော်ဖြတ်၊မဖြတ်ဆိုတာကို အချိန်အနည်းငယ်ကြာ တွေးနေမိခဲ့တယ်လို့ အသက် ၂၉ နှစ်အရွယ် ကိုမောင်နီထွန်းကပြောပါတယ်။

ကျောက်နံရံဆိုပေမယ့်မာကျောမနေဘဲ ရေညှိကပ်းပါး ပင်လေးတွေကြောင့်ပျော့ညံ့နေတာတွေကို ဆွဲတက်ရင်လည်း တောင်ကမ်းပါးအောက်သို့ ပြုတ်ကျမှာကို သူ့စိတ်ကသိနေပေမယ့် လူနည်းစုကလေးသူတွေကို ပညာတတ်စေချင်တဲ့ စေတနာစိတ်က သူ့ရဲ့စိုးရိ မ်စိတ်ကို အနိုင်ရရှိခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

“ပျော့ညံ့နေတဲ့ ကျောက်နံရံတွေကို ဆွဲတက်မိတဲ့အခါ ကျောက်နံရံက အပိုင်းအစတွေနဲ့အတူ တောင်ကမ်းပါးကို ပြုတ်ကျတဲ့ အခိုက်အတန့်တွေအများကြီးကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။”လို့ ကိုမောင်နီထွန်းက ဖြည်းဖြည်းလေးပြောပါတယ်။

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ဗန်းဗွီးကျေးရွာမှာနေထိုင်တဲ့ ကိုမောင်နီထွန်းဟာ တောတွေ၊တောင်တွေနဲ့ချောင်း၊မြောင်းတွေကို အန္တရာယ်၊အခက်အခဲ

တွေကြားကနေ တစ်ယောက်တည်းခြေကျင်ဖြတ်ကျော်သွားနေခဲ့တာ  ခြောက်နှစ်ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

သူဟာ တောင်တက်သမားတစ်ယောက် မဟုတ်တဲ့ ပြင်ပကျောင်းဆရာတစ်ဦးဖြစ်ပြီးတော့ သူနေတဲ့ဗန်းဗွီးကျေးရွာကနေ ခြေကျင်ခရီးတနေကုန်သွားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊အောင်မကျော်ကျေးရွာက လူနည်းစုကလေးတွေကို စာသင်ပြနေသူတစ်ဦးဖြစ်ပါတယ်။

ရခိုင်က လူနည်းစုတစ်ခုဖြစ်တဲ့မြိုလူမျိုးတွေဟာ အများအားဖြင့်တောင်ယာအလုပ်နဲ့အသက်မွေး ဝမ်းကျောင်းပြုသူတွေဖြစ်ကြတာမို့ မိရိုးဖလာအစဥ်အဆက်ကတည်းက ဝေးလံခေါင်ပါးပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ မြို့ပေါ်နဲ့ ဝေးတဲ့တောတောင်တွေအနီးတွေမှာ နေထိုင်ကြတာများပါတယ်။

သူတို့အများစုဟာ သူတို့ရဲ့မြိုလူမျိုးဘာသာစကားကိုသာပြောဆိုလေ့ရှိကြပြီး တချို့ကျောင်းသားလေးတွေဟာ ရခိုင်စကားနဲ့ပြောဆိုတာ၊သင်ပြတာတွေကို နားမလည်ကြဘူးလို့ ဆိုကြပါတယ်။

အရပ်ရှည်ရှည်၊အသားညိုညိုနဲ့ ကိုမောင်နီထွန်းဟာ မနက် ၇ နာရီဆိုရင် သူ့ရဲ့ ရွာကစထွက်ပြီး တောတောင်၊ချော င်းမြောင်းနဲ့ကျောက်နံရံတွေကို ကျော်ဖြတ်သွားရတဲ့ ခရီးကို ရက်သတ္တပတ်မှာ တနင်္လာက သောကြာနေ့ထိ ငါးရက်ကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့အတင်းအဓမ္မစေခိုင်းချက်မပါဘဲ စာပြဖို့သွားနေခဲ့တာဖြစ်ပါတယ်။

သူစာပြနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊အောင်မကျော်ကျေးရွာဟာ ဝေးလံခေါင်ပါးပြီးလမ်းပန်းဆက်သွ ယ်ရေး ခက်ခဲတဲ့လူနည်းစုကျေးရွာလေးတစ်ရွာဖြစ်ပါတယ်။

သူဟာ စေတနာ၊အနစ်နာ၊ဝါသနာဆိုတဲ့ နာသုံးနာကို လက်ကိုင်ထားပြီး လမ်းခရီးမှာ ကြုံတွေ့ရတဲ့အန္တရာ ယ်တွေကို ကျော်ဖြတ်ပြီးတော့ ကလေးတွေ ပညာ တတ်ဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အောင်မကျော်ကျေးရွာကို ရောက်ဖို့ ဗန်းဗွီးကျေး ရွာကနေ တောင်တစ်လုံးကို ကျော်ဖြတ်ရပါတယ်။အဲဒီကတဆင့် ကျောက်နံရံတွေကို ကျော်ဖြတ်သွားရပြီးတော့ ချောင်းတွေကိုလည်း ဖြတ်ကူးရပါသေးတယ်။ချောင်းတွေကို ကူးဖြတ်တဲ့အခါမှာ ဘယ်နားမှာ ကျောက်တုံးတွေရှိနေမယ်မှန်းမသိဘဲ စမ်းတဝါး ဝါးနဲ့ မျက်ကမ်းတစ်ယောက်လို သွားခဲ့ရတယ်။”လို့ ရယ်ရယ်မောမောပဲ ပြောပြပါတယ်။

မိုးရာသီတွေမှာဆိုရင် မိုးကြီးပြီး ရေစီးသန်နေတဲ့အခါ ချောင်းကိုဖြတ်မကူးနိုင်ရင်တောင် သူ့ရဲ့ရွာကို ပြန်မလှည့်လာဘဲ ရေစီးမသန်တော့တဲ့အထိ တစ်နေ ရာကနေ ထိုင်စောင့်ပြီးမှ သူချစ်တဲ့ တပည့်တွေဆီကို အရောက်သွားပြီး စာဖြစ်အောင်သင်လိုက်သေးတယ်လို့ ကိုမောင်နီထွန်းက ပြောပါတယ်။

“ကျွန်တော်စာပြဖို့သွားတဲ့အချိန်မှာ မိုးကြီးပြီး ကျောက်တွေကြား ချော်လဲတယ်။ခြေထောက်တွေ နာသွားတာတို့၊ ရေထဲကိုလိမ့်ဆင်းပြီး ရေနစ်သွားတာတို့ ရှိခဲ့ပါတယ်။ရေနစ်နေတဲ့အချိန်မှာ နွယ်ပင်တစ်ခုကို လှမ်းကိုင်မိလို့ အဲဒီကတဆင့် တောင်ပေါ်ကို ပြန်တက်လာပြီးမှပဲ အသက်ရှင်ခဲ့တယ်ပေါ့။မိုးရာသီဆိုရင် ရေကြီးတယ်။တောင်တွေပြိုကျတယ်။ဒါတွေကို ငါဘယ်လိုဖြတ်နိုင်မလဲဆိုတဲ့ ကြောက်စိတ်တော့ ရှိပါတယ်။” လို့ ကို​မောင်နီထွန်းက မိုးရာသီမှာ အောင်မကျော်ရွာကို စာသွားသင်တုန်း သူတွေ့ရတဲ့ အခက်အခဲဒုက္ခတွေကို ပြောပြပါတယ်။

ရခိုင်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလတုန်းက ကျောင်းဆရာကိုမောင်နီထွန်းတစ်ယောက် စာသင်ဖို့သွားရင်း လမ်းမှာ မြန်မာ့စစ်တပ်က စစ် ကြောင်းနဲ့တွေ့ပြီး နေပူလှန်းခံရတာတွေ၊စစ်ကြောင်းခေါ်ရာနောက်ကို လိုက်ခဲ့ရတာတွေရှိတယ်လို့ ပြောပြပါတယ်။

“စစ်သားတွေဆီမှာ စစ်ဆေးခံခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။တစ်ယောက်ပြီးတစ်ယောက် ကျွန်တော့်ကိုစစ်ကြတယ်။အောင်မကျော်ရွာက အုပ်ချုပ်ရေးမှူးက ဒါကျွန်တော်တို့ရွာမှာ စာပြနေတဲ့ ကျောင်းဆရာလို့ ပြောမှ ကျွန်တော့်ကို ပြန်ခိုင်းတယ်ပေါ့။ဒါတင်မဟု တ်ပါဘူး။တောင်ကျော်လမ်းမှာ မိုင်းအ န္တရာယ်ကိုလည်း ကြောက်ရသေးတ ယ်။ ”လို့ သူက ပြောပြပါသေးတယ်။

တခါတလေမှာ သူဟာ တောင်ကိုကျော်ဖြတ်နေရင်း စစ်ကြောင်းနဲ့ထပ်တွေ့မလားဆိုတဲ့ ကြောက်စိတ်တွေ ဝင်​လာပေမယ့် အားခဲပြီး သူ့ရဲ့အသက်ကို ပ ဓာနမထားဘဲ ငါစာသင်ရဦးမယ်ဆိုတဲ့ အသိစိတ်ကိုထားပြီးတော့ သူ့ရဲ့ခြေ လှမ်းတွေကို နောက်မဆုတ်ခဲ့ဘဲ အောင်မကျော်ရွာဘက်ကို ဦးတည်ပြီး ဆက်သွားခဲ့တယ်လို့ ပြောပြပါတယ်။

အဲဒီလို အန္တရာယ်တွေကို ကျော်ဖြတ်ပြီး ကလေးတွေကို စာသွားမသင်လိုက်ရင် ကလေးတွေအနေနဲ့ ပညာမတတ်ဘဲဖြစ်သွားမှာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

သူဟာ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကလေးတွေကို စာလည်းသင်ပေးသလို ပျော်ရွှင်အောင်လည်း ထားပါတယ်။ ဒါကြောင့် အောင်မကျော်ရွာက ကလေးတွေဟာ သူတို့ရဲ့ ဆရာအပါ် အင်မတန်သံယောဇဉ်ဖြစ်ကြတယ်လို့ အောင်မကျော်ကျေးရွာက ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ခုလို သဘာဝဘေးအန္တရာယ်နဲ့မိုင်းနဲ့လ က်နက်ကိုင်ပဋိပက္ခအန္တရာယ်တွေကြားက ကလေးတွေဆီ စာသွားသင်နေပေမယ့် သူ့အတွက်လုံလောက်တဲ့ဝင် ငွေကိုလည်းမရရှိပြန်ဘူးလို့ ဆိုပါတယ်။

စစ်တပ်တစ်ပိုင်းအစိုရလက်ထက် ၂၀၁၅ တုန်းက တော့ ”တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ” ကို သမ္မတဦးသိန်းစိန်ကလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြဌာန်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဥပဒေပါအချက်တွေကိုတော့ လူန ည်းစုတွေက ရရှိခံစားကြရတာမရှိသေးဘူးလို့လ ည်း ဝေဖန်ပြောဆိုနေကြပါတယ်။

အောင်မကျော်ကျေးရွာမှာ စာသင်ကျောင်းဟာ မူလတန်းအထိရှိပြီး ကျောင်းကို အစိုးရကျောင်းဆရာ/မတွေ တာဝန်ကျပေမယ့် လူကိုယ်တိုင်မရောက်တဲ့အတွက် ကိုမောင်နီထွန်းကို အဲဒီကျောင်းမှာ တာဝန်ကျခဲ့တဲ့ မူလတန်းကျောင်းအုပ်ဆရာက လစာတစ်သောင်းနဲ့စာပြပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် ခုလိုစာပြဖြစ်သွားတာလို့ ဆိုပါတယ်။

ခုဆိုရင် အဲဒီကျောင်းမှာ စာပြတာ ၆ နှ စ်တိုင်ရှိပြီဖြစ်တဲ့အတွက် ကိုမောင်နီထွ န်းရဲ့ လစာမှာလည်း ခုနှစ်သောင်းခွဲအ ထိ တိုးလာပေမယ့်ရတဲ့လစာနဲ့ အောင်မကျော်ရွာမှာ စားစာရိတ်ပေးနေဖို့ မလုံ လော က်တဲ့အတွက် ခုလိုအန္တရာယ်များတဲ့ နေ့ချင်းပြန်ခရီးကို နှင်းနေရတာလည်း ဖြစ်ပါတယ်။

 “ကလေးတွေ စာမေးပွဲစစ်ချိန်မှာ အစိုးရဆရာ၊ဆရာမတွေ ရွာကိုတစ်ခါစီလာကြတာတွေရှိပါတယ်။သူတို့က အဲဒီရွာမှာ နေလို့ အဆင်မပြေတာတမျိုး၊နောက်ပြီးကလေးတွေက မြိုလူမျိုးဆိုတော့ ဆရာမတွေသင်ကြားတဲ့ ရခိုင်စကားကို သိပ်နားမလည်တာက တမျိုးပေါ့။မြို့ပေါ်ကဆိုတော့ ဒီမှာနေတာ နေသားမကျတာလည်း ပါတာပေါ့။တိုက် ပွဲတွေကြောင့်လည်း တကဏ္ဍပေါ့။အဲဒါကြောင့်ပဲ သူတို့ကကျွန်တော့်ကို စာပြဖို့ ခေါ်ခဲ့တာပါ။” လို့ ပြောပြပါတယ်။

ကျေးလက်နေသူပြည်သူတွေများပြီး ဆင်းရဲမွဲတေမှုမြင့်မားနေတဲ့ ရခိုင်ညပြည်မှာ ကျောင်းသားမိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ ပညာရေးထက် ဝမ်းဝရေးကိုသာ အာရုံစိုက်နေရပြီးတော့ အစိုးရကျောင်း ဆရာ/မတွေကလည်း ဝေးလမ်းခေါင်ဖျားတဲ့ ကျေး ရွာတွေနဲ့ သွားလာရခက်ခဲတဲ့ ကျေးရွာတွေဆိုရင် ကျောင်းမတက်ဘဲ လစာကိုထုတ်စား နေကြတယ်လို့ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပညာရေးစနစ်ဟာ ကန်ထရိုက်ပညာရေး၊ငွေကြေးပညာရေးဖြစ်နေပြီးတော့ ကျော င်းအုပ်တွေဟာ ကျောင်းသားတွေ ပညာတတ်ခြင်း၊ မတတ်ခြင်းထက် ကျောင်းသားဦးရေများလာဖို့ကိုပဲ အာရုံစိုက်နေကြတယ်လို့ ဆိုပါတယ်။

“ကျောင်းသားဦးရေအလိုက် အသေးသုံးတွေရတော့ ကျောင်းသားဦးရေတိုးဖို့ပဲ တွေးကြတယ်။အခြားတဖက်မှာလည်း ကျောင်းသားဦးရေတိုးလာရင် ကျောင်းဆောင်တွေလိုလာတယ်။ကျောင်းဆောင်ဆောက်ဖို့ ကန်ထရိုက်တွေ ရကြတယ်။အဲလို လုပ် စားနေကြတာ”လို့ လွှတ်တော်အမတ်ဟောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လမှာ စစ်ဆေးခဲ့တဲ့ ရခိုင်ပြည်နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်ဟာ ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိပြီးတော့ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေထဲမှာ ရခိုင် ပြည်နယ်ရဲ့ အောင်ချက်ဟာ အဆင့် ၁၃ မှာ ချိတ်နေပါတယ်။

ဒါတွေဟာ အုပ်ချုပ်သူအစိုးရ၊ပညာရေးဌာနနဲ့ ကျောင်းသားမိဘတွေမှာလည်း တာဝန်ရှိနေပါတယ်။နှစ်စဉ်နှစ်တိုင်း တက္ကသလိုလ်ဝင်တန်းအောင်ချက်တွေလျော့ကျနေပေမယ့် အောင်ချက်မြင့်မားရေးကို ဘယ်သူကမှအာရုံမစိုက်ကြဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

”ပညာသင်ကြားခွင့်၊ဆေးကုသခွင့်၊အ လုပ်အကိုင်ရပိုင်ခွင့်နှင့်စီးပွားရေးလုပ်ငန်းများတွင် တန်းတူညီမျှသော lအခွင့်အရေးများရပိုင်ခွင့်ရှိသည်။” လိုတိုင်းရ င်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊အခန်း (၃)တိုင်းရင်းသားလူမျိုးများ၏အခွင့် အရေးနှင့်ရပိုင်ခွင့်များမှာ ဆိုထားပါတယ်။

ထိုက်သင့်တဲ့ လစာကိုမရရှိပေမယ့် ငွေရေး ကြေးရေးကို အဓိကမကြည့်ဘဲ ကလေးတွေကိုစာပြနေရရုံနဲ့တင် ကျေနပ်နေတဲ့ကျောင်းဆရာ ကိုမောင်နီထွန်းဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။

“ကျွန်တော့်အတွက် အဲဒီငွေနဲ့ မလုံလောက်ပါဘူး။ဒါပေမယ့် ကိုယ့်ရဲ့ လူငယ်တွေ၊လူမျိုးတွေကို ပညာ သင်ပေးရရင် အဆင်ပြေပြီဆိုတဲ့စိတ်နဲ့၊စေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့ နာသုံးနာနဲ့သွားပြီးသင်ပေး နေတာပဲဖြစ်ပါတယ်။ ” လို့ သူက ပြောပါတယ်။

လူနည်းစုမြိုလူမျိုးတွေအနေနဲ့ တက္က သိုလ်ဝင်တန်းကို အောင်မြင်တဲ့လူငယ်တွေ၊ဘွဲ့ရပညာတတ်တွေ နည်းပါးတာကြောင့် လက်ရှိသူသွားနေတဲ့ လမ်းခ ရီးမှာ ရှေ့လျှောက်ဘယ်လိုအခက်ခဲမျိုးနဲ့ပဲကြုံကြုံ ကလေးတွေကို သူ့လိုပညာတပိုင်းတစမဖြစ်ရ အောင် တတ်နိုင်သလောက် ကြိုးစားပေးသွားမယ်လို့ ပြောပါတယ်။

”တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့်တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လမ်းပန်းဆ က်သွယ်ရေး၊စသည်တို့ပါဝင်သော လူမှု

စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်။” လို့တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေအခန်း(၂)ရည်ရွယ်ချက်များထဲမှာက(င)မှာဖော်ပြထားပါတယ်။

ဒါပေမယ့် အဲဒီရည်ရွယ်ချက်တွေ လိုအပ်ချက်တွေကိုတော့ အစိုးရအဆက်ဆက်အကောင်အထည်ဖော်မှုမရှိသလောက်နည်းပါးတယ်လို့ လူနည်းစုတွေကဝေဖန်ပြောဆိုနေကြပါတယ်။

ရခိုင်မှာ ပဋိပက္ခပေါင်းစုံဖြစ်ခဲ့သလို တော၊တောင်တွေကြားက လူနည်းစုတွေရဲ့ဘဝတွေဟာလည်း ပိုပြီးခက်ခဲ ကြမ်းတမ်းနေဆဲဖြစ်ပါတယ်။

ရခိုင်မှာ လူနည်းစုတွေနေတဲ့ တော၊တောင်တွေဘက်မှာ အစိုးရက လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ကူညီပေးတာ မရှိသလောက်နည်းပါးတာမို့ပညာရေး၊ကျန်းမာရေး၊စီးပွားရေးကအစ အရာရာမှာ စိန်ခေါ်မှုတွေအများကြီးကြုံတွေ့ခံစားနေကြရတယ်လို့ လူ နည်းစုတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

”ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူ မျိုးများ၏လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ကျန်းမာရေး၊စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်း။”လို့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊အခန်း (၅)ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များဆိုထားပေမယ့် ဘာတစ်ခုမှအကောင်အထည်ဆော င်ရွက်မပေးဘူးလို့လူနည်းစုတွေက ဆိုပါတယ်။

ဒါကြောင့် ကျောင်းဆရာကိုမောင်နီထွန်းတာဝန်ထ မ်းဆောင်နေတဲ့ လူနည်းစုဒေသက ဒေသပန်းလေးတွေပွင့်လန်းလာဖို့ တောပေါ်ခရောင်းလမ်းမှာဘယ် လိုအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ရပါစေ ခရီးဆက်နှင်းနေမယ်လို့ ခိုင်မာလေးနက်စွာ ပြောနေပါတော့တယ်။

https://www.facebook.com/permalink.php?story_fbid=168920055550309&id=107469705028678

Leave a Reply

Your email address will not be published.