By Boder News Agency (BNA) / 2022 May 31

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ကန့်သတ်ထားတဲ့အတွက် လူဦးရေတစ်သောင်းကျော်ရှိတဲ့ အမ်းမြို့နယ်၊ဒါးလက်ချောင်းအတွင်းရှိ ကျေးရွာတွေမှာ စားသောက်ကုန်တွေရဲ့စျေးနှုန်းဟာ အဆမတန်မြင့်တက်နေတယ်လို့ အဲဒီဒေသခံတွေက ပြောကြပါတယ်။
အဲဒီမှာအခြေခံစားသောက်ကုန်တွေထဲမှာမရှိမဖြစ်လိုအပ်တဲ့ ဆန်အပါအဝင် စက်သုံးဆီတွေကို သယ် ယူခွင့်ကန့်သတ် လိုက်တာဖြစ်ပြီး ခုလိုမျိုး ဒါးလက်ချောင်းအတွင်းသို့ ရိက္ခာသယ်ယူခွင့် ကန့်သတ်တာကို စစ်တပ်က ဒုတိယအကြိမ်ထပ်မံလုပ်ဆောင်လာတာဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်း ထန်နေခဲ့တဲ့ ၂၀၁၉၊ ၂၀ ၂၀ တုန်းကလည်း စစ်တပ်က အဲဒီလိုမျိုး ကန့်သတ်မှုတွေပြုလုပ်ခဲ့ပါတယ်။
“အကုန်လုံးစျေးတက်သွားပါတယ်။ဒီထဲကလူတွေက ဆင်းရဲသူ၊ဆင်းရဲသားများတော့ ပိုပြီးဒုက္ခရော က်ကြတာပေ့ါ ။ဒီအတိုင်းကြာရင် တော်တော်အခက် အခဲဖြစ်ကြမှာ။”လို့ ဒါးလက်ချောင်းအတွင်းနေ ဒေသခံတစ်ဦးက BNA သို့ပြောပါတယ်။
ခုလိုရိက္ခာသယ်ယူခွင့်ကန့်သတ်လိုက်တဲ့အတွက် ယခင်က နှစ်သောင်းဝန်း ကျင်ပဲပေးခဲ့ရတဲ့ ဆန်နှစ်တောင်း၊တစ်အိတ်ကို သုံးသောင်းဝန်းကျင်အထိ ပေးဝယ်နေရပြီး ဓါတ်ဆီဆိုရင်လည်း အမ်းမြို့ ပေါ်မှာ ၂၇၀၀ သာပေးရပြီး ဒါးလက် ချောင်းအတွင်းက ရွာတွေမှာ ၃၅၀၀ လောက်အထိ ပေးနေရတယ်လို့ ပြောကြပါတယ်။
နောက်ပြီး ကြက်သွန်၊ငရုတ်၊မုန့်စတဲ့ တခြားသော အခြေခံစားသောက်ကုန်တွေရဲ့ စျေးတွေဟာလည်း ပုံမှန်ထက် မြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အမ်းမြို့ကနေ ဒါးလက်ချောင်းအတွင်းကျေးရွာတွေကို လာတဲ့လမ်းမှာ စစ်တပ်က စစ်ဆေးရေးဂိတ် ၄ ခု ဖွင့်ထားပြီး အဲဒီဂိတ်တွေမှာ စစ်ဆေးမှုခံယူပြီးမှသာ ရိက္ခာတွေကို သယ်ယူနေရတာဖြစ်ပြီး စစ်တပ်ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းကနေ တစ်နှစ်ကျော်ကြာတဲ့အထိ ရိက္ခာသယ်ယူခွင့်ကန့်သတ်ထားခဲ့ပြီး ပြန်ဖွင့်ပေးခဲ့ပါတယ်။
ခု ၂၀၂၂ မေလဆန်းမှာ ပြန်ပြီးတော့ ရိက္ခာသယ်ခွင့်ကို ပိတ်ပင်လိုက်ပြီးနှစ်ပ တ်လောက်အကြာမှာတော့ ရိက္ခာတွေကို အကန့်အသတ်နဲ့သယ်ခွင့်ပြန်ရလာတာဖြစ်တယ်လို့ ဒါးလက်ချောင်းအတွင်းမှာရှိတဲ့ အလယ်ကျွန်းရွာသားတစ်ဦးက ဆိုပါတယ်။
“ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေဆီကနေတဆင့် အ ကြောင်းကြားပြီးမှ သယ်ရတယ်။အဲဒါတောင် အက န့်အသတ်နဲ့ပါ။”လို့ သူက ပြောပါတယ်။
စပါးစိုက်လယ်ယာမြေမရှိတဲ့ ဒါးလက်ချောင်းအတွင်းက ကျေးရွာတွေမှာ ဆန်ရိက္ခာ ပိုပိုလျှံလျှံမရှိကြဘဲ မြို့ပေါ်ကနေ ဝယ်ယူစားသုံးနေကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါးလက်ချောင်းအတွင်းက ဒေသခံတွေဟာ သစ်ခုတ်၊ဝါးခုတ်၊ငါးရှာ၊ဟင်းခူးစတဲ့အလုပ်တွေနဲ့ အသက် မွေးဝမ်းကျောင်းပြုလုပ်နေကြသူတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း စစ်တပ်က ရိက္ခာသယ်ခွင့်ကန့်သတ်ထားတုန်းက ထောင်ချီတဲ့ ဒလက်ချောင်းဒေသခံတွေဟာ စားနှပ်ရိက္ခာအကြပ်အတည်းနဲ့ ကြုံခဲ့ကြရပါတယ်။
တချို့ရွာတွေမှာဆိုရင် ဆန်လုံး၀မရှိတော့တဲ့အတွ က် အငတ်ဘေးနဲ့ ကြုံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ အမ်းဒေသခံတွေက
ပြောပါတယ်။
ခုလည်း လွန်ခဲ့တဲ့ ၂၀၂၀ တုန်းကလိုမျိုး ရက္ခိုင်တပ်တော်(AA)နဲ့ စစ်တပ်တို့ စစ်ရေးအခြေအနေတင်းမာလာမယ်၊ တိုက်ပွဲတွေဖြစ်လာမယ်ဆိုရင် ဒလက်ချောင်းအတွင်းက ဒေသခံတွေမှာ စားနပ်ရိက္ခာအ ခက်ကြုံလာရနိုင်တယ်လို့ ဒလက်ချောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလည်း ဟိုဖက်၊ဒီဖက် အေးဆေးမကျဘူး။တင်းမာမယ်ဆိုရင်တော့အခက် အခဲတွေကြုံလာရနိုင်တယ်။”လို့ သူက ဆိုပါတယ်။
အမ်းမြို့နယ် ဒလက်ချောင်းအတွင်း ကျေးရွာပေါင်း ၄၂ ရွာရှိပြီး လူဦးရေ တစ်သောင်းကျော်နေထိုင်ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ရခိုင်မှာ စစ် ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ပြီး ဒေသခံတွေကို စစ်ဆေးတာ၊သယ်လာတဲ့ပစ္စည်း၊ရိက္ခာတွေကို စစ် ဆေးတာစတဲ့အလုပ်တွေကို ယခင်ကထက်ပိုပြီး လုပ်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအပြင် ရွာတွေကို ဝင်ရောက်စစ် ဆေးတာ၊စခ န်းချနေထိုင်တာ၊ဒေသခံတွေကို AA နဲ့ ဆက်စပ်တ ယ်ဆိုပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာ စတဲ့လုပ်ရ ပ်တွေကိုလည်း ရခိုင်ပြည်တောင်ပိုင်းရော၊မြောက်ပိုင်းမှာပါ ခပ်စိပ်စိပ်လုပ်လာနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အဲဒီလိုလုပ်ရပ်တွေနဲ့ပတ်သက်လို့ AA ဖက်က သတိပေးပြောဆိုထားပြီး သည်းမခံနိုင်ရင် တိုက်ပွဲတွေဖြစ်လာနိုင်တ ယ်လို့လည်း ဆိုထားပါတယ်။
ရခိုင်မှာ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလက တည်းက တိုက်ပွဲဖြစ်ပွားမှုတွေရပ်တန့်နေခဲ့ပေမယ့် ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီးနှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
https://www.facebook.com/permalink.php?story_fbid=171161201992861&id=107469705028678