ရခိုင်ပြည်နယ်က အခြေခံပညာစာသင်ကျောင်းတွေဒီကနေ့ မေလ ၂၆ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံ

By Narinjara / 2022 May 26

ရခိုင်မှာ အခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွင်း  အခြေခံပညာစာသင်ကျောင်း အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကိုဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရ ဉ္စရာကိုပြောဆိုထားပါတယ်။ ရခိုင်မှာ ၂ဝ၁၇ ခုနှစ်ကစပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ပိတ်ထားရတဲ့ စာသင်ကျောင်း ၁၂၂ ကျောင်းကို အခုနှစ်မှာလည်းပြန်လည်ဖွင့်လှစ်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။

https://www.facebook.com/narinjara.info/posts/5496611530350879

Leave a Reply

Your email address will not be published.