By Boder News Agency (BNA) / 2022 May 01
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ကနေ မြို၊ ခမီနဲ့ ဒိုင်းနက် မျိုးနွယ်စုတွေအနေနဲ့ အဖွဲ့အစည်းက အပြီးအပိုင် နုတ်ထွက်လိုက်ပြီဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို REC ကနေ အပြီးနုတ်ထွက်ရတာဟာ အဖွဲ့အစည်းအတွင်း လက်ရှိဆောင်ရွက်နေမှုတွေဟာ ဖွဲ့စည်းပုံမူဝါဒတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့်လို့ မျိုးနွယ်စုကိုယ်စားလှယ်တွေက ပြောပါတယ်။
မြိုစာပေယဉ်ကျေးမှုဥက္ကဌ လည်းဖြစ် REC အတွင်း မြိုလူမျိုးစုကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဇနီဖြူက “ ယုံကြည်မှုတည်ဆောက်ပြီး လုပ်ကြတဲ့အခါ နော က်ပိုင်းမှာ ကျနော်တို့ လူမျိုးဟာ အသုံးချခံရတယ်။ ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေက ပါဝင်သင့်ပါဝင်ထိုက်တဲ့နေရာမှာပါဝင်ရမယ်။သိသင့်သိထိုက်တာတွေကိုလည်း သိရပါတယ်။ပြီးရင် ဖွဲ့စည်း ပုံရှိပေမယ့် ရှေ့စကားနဲ့ နောက်စကားမညီလို့ ကျနော်တို့ ဆက်လုပ်လို့မရတော့ဘူး။လူမျိုးစုတွေကို ကုန်ကြမ်းလုပ်ပြီး သူတို့က ကုန်ချောထုတ်ပြီး လုပ် စားနေကြတဲ့ ပုံစံမျိုးက အဓိပ္ပယ်မရှိဘူး” လို့ ဆိုပါတယ်။
အဲဒီလူမျိုးစု ၃ စုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ REC အ ဖွဲ့အစည်းအမည်နဲ့ ဘယ်လိုစီမံကိန်း/ Project တွေကို လုံးဝဆက်လက်မလုပ်ဆောင်ဖို့၊အဖွဲ့အစည်းက ပိုင်ဆိုင်တဲ့ ရုံးပိုင်ပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို REC မှာ ပါဝင်တဲ့ လူမျိုးစုအားလုံးပိုင်ပိုင်ဆိုင်သင့်ကြောင်းလည်း ကြေညာထားပါတယ်။
အဲဒီသဘောထားထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တရားဥပဒေအရ ဆောက်ရွက်သွားမှာဖြစ်ကြောင်း မျိုးနွယ်စုကိုယ်စားလှယ်တွေရဲ့ နုတ်ထွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
REC ဥက္ကဌဖြစ်တဲ့ ဦးရွှေဘော်စိန်ဟာလည်း ရာထူးကနုတ်ထွက်လိုက်ကြောင်း သိရပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဌလည်းဖြစ် ခမီအင်အားစုဖောင်းဒေရှင်း ဒါရိုက်တာလည်းဖြစ်တဲ့ ဦးရွှေဘော်စိန်က “ကျနော်တို့ REC အနေနဲ့ အစပိုင်းမှာ ရည်မှန်းချက်ကြီးကြီးနဲ့ ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်တွေကို တစ်ဦးတစ်ယောက် တည်းက စီမံပြီးဆုံးဖြတ်ချက်တွေချလာတဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေက လက်မခံပါဘူး။အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေက ဆွေးနွေးသင့်တာတွေဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် ဖြစ်ပေါ်တိုးတက်မှုမရှိတဲ့အတွက် နုတ်ထွက်လိုက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ယခုကိစ္စနဲ့ပတ်သက်လို့ REC အတွင်းရေးမှူးဦးဇော်ဇော်ထွန်းကို မေးမြန်းရာမှာတော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုမြင်ပေမယ့် မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှာ ရခိုင်၊ မြို၊ခမီ၊သက်၊ဒိုင်းနက်လူမျိုးတို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး လူမျိုးတစ်မျိုးက (၅) ဦးစီပါဝင်တဲ့အတွက် လူ (၂၅) ဦးနဲ့ ဖွဲ့စည်းထားတာဖြ စ်ကြောင်း သိရပါတယ်။
REC ကို ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်ဟာ တိုင်း ရင်းသားမျိုးနွယ်စုတစ်ခုချင်းစီရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရရှိရေး စုပေါင်းလုပ်ဆောင်ဖို့၊ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အလုပ်အကိုင်ရရှိရေးကြိုစားဖို့နဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့ တိုင်းရင်းသားမျိုးနွယ်စုလူငယ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။
https://www.facebook.com/permalink.php?story_fbid=164359676006347&id=107469705028678