By Boder News Agency (BNA) / 2022 May 25
အာကာပျံ(သံတွဲ)ရေးသားသည်။

ရခိုင်လူမျိုးအများစုမှာ ရိုးစင်းသောစိတ်ဓာတ်အ ခြေခံရှိကြသူများဖြစ်ကြသည်။ စကားအပြောအဆိုကအစ အနေအထိုင်၊ အပြုအမူများတွင်လည်း ပကတိရိုးသားဖြူစင်သူများဖြစ်ကြသည်။ ထို့ကြောင့် တခါတလေလူအများနှင့် ဆက်ဆံပြောဆိုရာတွင် အဆင်မပြေမှုများရှိတတ်ကြသည်။
ထိုသို့ အကြောင်းမသိသူများက ရခိုင်များကိုရိုင်းသည်၊ဆက်ဆံရေးခက်ခဲသည်ဟုဆိုကြသည်။ သို့ရာတွင် ရိုးစင်းသော ရခိုင်သားတို့၏ စိတ်နေသဘောထားကို အသုံးချ၍ နိုင်ငံရေး အမြတ်ထုတ်ခံခဲ့ကြသည်။
ရခိုင်နိုင်ငံရေးခေါင်းဆောင်ဆိုသူများမှာ မိမိတို့ အသုံးချခံလိုက်ရခြင်းကိုပင် သတိပြုမိကြမည်မဟုတ်ပေ။ မိမိအလုပ်သည်ဟုပင် ထင်မှတ်ပြီး အဟုတ်ကြီးဟုတ်လှပြီဟု ထင်မှတ်ဂုဏ်ယူနေကြသည်များ ရှိနေတတ်ကြကြောင်းတွေ့မြင်ရသည်မှာ ယိုသူမရှက်၊မြင်သူရှက်ဆိုရမည်ကဲ့သို့ဖြစ် နေပေတော့သည်။
ရခိုင်သမိုင်းစဉ်တလျောက်ကို လေ့လာလျှင် အသုံးချခံရခိုင်ခေါင်းဆောင်များ အကြောင်းကို တစွန်းတစတွေ့မြင်နိုင်မည်ဖြစ်သည်။ တချို့ဆိုလျှင် အမျိုးသားသစ္စာဖေါက်များအဖြစ် ရာဇဝင်တွင် စာတင်မှတ်တမ်းဝင်ခဲ့လေပြီ။
အမျိုးသားသစ္စာဖေါက်၊သမိုင်းတရားခံ
ခေါင်းဆောင်ဆိုသော အချို့သူများ၏ မိုက်မဲမှုကြောင့် ရခိုင်သမိုင်းတွင် ဖြေဖျောက်၍ မရနိုင်သော ရခိုင်ပြည်သူတို့ အတွက်တသက်စာ၊ တသက်တာသာမက၊ တဘဝလုံးသင်္ခန်းစာများကို ရရှိခဲ့ရသည်။
ရခိုင်မြောက်ဦးခေတ်၏ နောက်ဆုံး အချိန်ကာလများကို ကြည့်လျှင် ခေါင်းဆောင်ဆိုသူများသည် အသုံးချခံခဲ့ရသူများဖြစ်သည်။ တစ်ခုထူးခြားသည်က ၎င်းတို့မှာကိုယ်တိုင်သွားရောက်ပြီး မိမိအားအသုံးချရန် သွားရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ရခိုင်အမျိုးသား သစ္စာဖေါက်ငသံဒွေသည် မြန်မာဘုရင်ထံသွားပြီး စစ်ပန်ခဲ့သူဖြစ်သည်။ ရခိုင်ပြည်ကိုရောင်း စားခဲ့သူလည်းဖြစ်သည်။ သူ့အထင်တွင် လက်ရှိရခိုင်ဘုရင်အားနန်းချပြီး မိမိအားသစ္စာ ခံဘုရင်အဖြစ် နန်းအပ်ခြင်းခံရမည်ဟုထင်မှတ်ခဲ့ဟန်လည်းတူသည်။ ကိုယ့်စိတ်ကူးဖြင့်ကိုယ် စိတ်ကူးယဉ်ကာ ရခိုင်နိုင်ငံတော်အားတိုင်းတပါးသားထံ သွားရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အထင်နှင့်အမြင် တလွဲစီဖြစ်ကာ နောက်ဆုံး၌ ရခိုင်နိုင်ငံတော်ကျဆုံးခြင်းသို့ ရောက်ခဲ့ရသည်။ ထီးသုဉ်း၊နန်းသုဉ်း၊မင်းဆက်သုဉ်းခဲ့ရသည်။ ငသံဒွေကား အသုံးချခံသက်သက်သာဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အမျိုးသားသစ္စာဖေါက်အဖြစ် သမိုင်းအတင်ခံခဲ့ရသူဖြစ်သည်။
ရခိုင်အမျိုးသားသစ္စဖေါက်များသည်ပင် ရခိုင်ဘုရင်နောက်ဆုံးပုန်းခိုရာနေရာအား လိုက်လံပြသခဲ့သဖြင့် ရခိုင်ဘုရင်အား ကြက်ကလေးငှက်ကလေးလိုဖမ်း ဆီးယူဆောင်သွားခြင်းခံခဲ့ရသည်။
ငသံဒွေနှင့် ၎င်း၏နောက်လိုက် အမျိုးသားသစ္စာဖေါက်များ၏လုပ်ရပ်များကား ရခိုင်သမိုင်းတွင် မေ့ပျောက်၍ မရနိုင်သောဖြစ်ရပ်များလည်းဖြစ်သည်။
ရခိုင်ပြည်သည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ရပြီးနောက် ရခိုင်ခေါင်းဆောင်အချို့သည် နိုင်ငံတော်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လျှို့ဝှက်စီစဉ်ခဲ့ကြသည်။
မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီး အောင်ကျော်ရှီ၊မြို့သူကြီးအောင်ကျော်ဇံ စသောခေါင်းဆောင်များ၏ လျှို့ဝှက် အကြံအစည်များအား လုပ်ဖော်ကိုင်ဖက် စံရဖွေဆိုသူက ဗြိတိသျှတို့အား လက်ထောက်ချ ဖော်ကောင်လုပ်ခဲ့သဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များ ပျက်ပြားခဲ့ရသည်။ ခေါင်းဆောင်များသည်လည်း ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။
ရခိုင်သမိုင်းတွင် စံရဖွေ၏ အမည်သည် အမျိုးသားသစ္စာဖေါက်အဖြစ် ကဗ္ဗည်းမှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ စံရဖွေသည် မိမိ၏ရာထူးအာဏာအတွက် တိုင်းပြည်ကို ရောင်းစားခဲ့သူ၊ သစ္စာဖေါက်ခဲ့သူဖြစ်သည်။ဗြိတိသျှနယ်ချဲ့တို့၏ အသုံးချခံလည်းဖြစ်ခဲ့သည်။
ရခိုင်သမိုင်းတွင် ငသံဒွေနှင့်နောက်လိုက်များသည်လည်းကောင်း၊ စံရဖွေ၏ မျိုးဆက်များသည်လည်းကောင်း အမျိုးသားသစ္စာဖေါက်သူများ အနေအထားဖြင့် သမိုင်းတရားခံများအဖြစ် မှတ်တမ်းတင်ခြင်းခံထားရသူများဖြစ်သည်။
အသုံးချခံခဲ့ရသည်
ထို့အတူပင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမီးရှူးတန်ဆောင်ဆရာတော် ဦးဥတ္တမမှာလည်း နိုင်ငံရေးသမားတို့၏ ပါးနပ် လိမ္မာစွာ အသုံးချခံခဲ့ရသော ပုဂ္ဂိုလ်ဖြစ်သည်။
ဆရာတော်၏ အစွမ်းသတ္တိ၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ လေးစားကြည်ညိုမှုကို အသုံးချခေါင်းဆောင်တင်ကာ ထိုစဉ်က မြန်မာနိုင်ရေးသမားတို့ ဆရာတော်အား အသုံးချသွားခဲ့ကြသည်။
ဆရာတော်၏ ပကတိရိုးသားဖြူစင်ပြီး အမျိုးချစ်သောစိတ်၊လွတ်လပ်ရေးကို ရယူလိုသသောစိတ် သဘောထားများမှာ မြန်မာနိုင်ငံရေးသမားတို့အတွက် အသုံးချရန် အကောင်းဆုံးပင်ဖြစ်ခဲ့သည်။ ဆရာတော်ကား နိုင်ငံရေးအာဏာကိုလည်း မမက်မော၊စည်းစိမ်ဥစ္စာကိုလည်း မမက်မော။ဆရာတော် မက်မောလိုချင်ခဲ့သည်မှာ ကိုယ်ပိုင်လွတ်လပ်သောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။
ထို့ကြောင့်ပင် ဆရာတော်သည်လွတ်လပ်ရေးလမ်း ကြောင်းမှ သွေဖည်ခြင်းမပြုဘဲ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံရေးအကွဲအပြဲ၌ ဆရာတော်၏ ဘဝမှာစုန်းစုန်းနစ်မြုပ်ခဲ့ရသည်။ ဘုရားပြီးငြမ်းဖျက်ဆိုသကဲ့သို့ ဆရာတော်အား မလိုအပ်တော့သည့်အချိန်တွင် ပစ်ပယ်လျစ်လျူရှုခဲ့ကြသည်။ အလွန်ရင်နာစရာကောင်းလှဘိသည်။
ပကတိ ရိုးသားဖြူစင်သော စိတ်ရင်းအမှန်ဖြင့် အမျိုးသားနိုင်ငံရေးကိုသာ ဆောင်ရွက်ခဲ့သော ဆရာတော်မှာအခွင့် အရေးမျှော်နိုင်ငံရေးသမားတို့၏ အသုံးချခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ပျောက်ဆုံး
၁၉၂၀ပြည့်လွန်နောက်ပိုင်း ၁၉၄၈ နှစ်ကာလအထိ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလတွင်လည်း ရခိုင်အမျိုး သားနိုင်ငံရေးခေါင်းဆောင်များသည် ရိုးမအရှေ့မှ နိုင်ငံရေးခေါင်းဆောင်များ၏ နောက်လိုက်အနေဖြင့် ပါဝင်ခဲ့ကြသည်။ သိသာထင်ရှားသည်မှာ မိမိတို့၏လှုပ်ရှားဆောင်ရွက်မှုဟူသမျှ ၌ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူတို့၏ အရေးထက် အခြားတိုင်းရင်းသားပြည်သူများ အရေးအခင်းအတွက်သာပါဝင်လှုပ်ရှားခဲ့ကြသည်များ ကိုတွေ့ရသည်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင်ကျယ်လာသောကွန်မြူနစ်အယူအဆလွှမ်းမိုးခြင်းကိုခံရပြီး လူမျိုး ရေးဆိုသည်ထက်လူတန်းစားညီမျှရေးအတွေးအ ခေါ်များလွှမ်းမိုးခြင်းကိုသာခံခဲ့ရခြင်းလည်းဖြ စ်သည်။အထူးသဖြင့် ဖဆပလ၊ကွန်မြူ နစ်အကွဲအပြဲတွင် ပိုမိုသိသာထင်ရှားခဲ့သည်။
ဗဟို၏ချုပ်ကိုင်မှုအောက်တွင် ခြင်းမရှိခဲ့။ရခိုင်လူ ငယ်များသည်ရခိုင်အမျိုးသားရေးနှင့်ရခိုင် ပြည်အရခိုင်နိုင်ငံရေးသမားများလှုပ်ရှားကပြခဲ့ကြရသည်။ရခိုင်ပြည်နယ်အကျိုးစီးပွားအားဖော်ဆောင်နိုင်ကျိုးစီးပွားထက်ပြည်မနိုင်ငံရေးပါတီများ ၏ကစားကွက်တွင်သာပါဝင်ခဲ့ကြရခြင်းဖြစ်သည်။
သို့ရာတွင် ထိုစဉ်ကခေါင်းဆောင်များကတော့ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အကျိုးစီးပွားအားဆောင် ရွက်ခဲ့သယောင်မှတ်ထင်နေခဲ့ကြဟန်ရှိသည်။ ရခိုင်လူငယ်တို့၏အသက်၊ သွေးချွေးများ၊ရခိုင်ပြည်နယ်မှစုဆောင်းရရှိသောဘဏ္ဍာငွေကြေးများသည် ရခိုင်ပြည်သူ တို့အတွက်မဟုတ်ဘဲ ၎င်းတို့အားချုပ် ကိုင်ထားရာဗဟိုအဖွဲ့အတွက်သာဖြစ်ခဲ့ကြောင်းရင့်နင့်ဖွယ်ရာတွေ့မြင်ခဲ့ရသည်။
ဖဆပလနှင့် ကွန်မြူနစ်ပါတီများတွင်ပါဝင်ခဲ့သောရခိုင်ခေါင်းဆောင်ဆိုသူများသည်ရခိုင်အမျိုးသားရေးအသိ၊အမြင်များမရှိကြ။လူတန်းစားရေးအမြင်များသာလွှမ်းမိုးခြင်းကိုခံနေကြရပြီးအမျိုးသားရေးစိတ်ဓာတ်များပျောက်ကွယ် နေခဲ့ကြ ကာ၊၎င်းတို့ပါဝင်ခဲ့သောဗဟိုအဖွဲ့အစည်းများ၏ညွှန်ကြားရာအတိုင်းလိုက်နာဆောင်ရွက်နေခဲ့ကြရသည်။ကိုယ် ပိုင်ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြ။ရိုးမအရှေ့ မှနိုင်ငံရေးပါတီကြီးများ၏ အသုံး ချခြင်း ကိုအသုံးချခံရမှန်းမသိဘဲ ကြေကြေနပ်နပ်ပင်လိုက်နာဆောင်ရွက်ခဲ့ကြခြင်း လည်းဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်များတွင် ရခိုင်အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာခဲ့သည်။ရိုးမရှေ့မှနိုင်ငံရေးပါ တီကြီးများ၏နောက်လိုက်မဟုတ်ဘဲသီးခြားရခိုင်အမျိုးသားရေးလှုပ်ရှားမှုများအသွင်ဖြင့်လှုပ်ရှား လာခဲ့ကြသည်။ရခိုင်ပြည်နယ်ရရှိရေးအပါအဝင် ရခိုင်ပြည်သူတို့၏အကျိုးစီးပွားကိုရှေးရှုဆောင်ရွက်ခဲ့ကြသည်။
သို့ရာတွင်ရိုးမအရှေ့နိုင်ငံရေးပါတီကြီးများ၏ နိုင်ငံရေးပရိယာယ်အတွင်းမသိမသာကျရောက်ခဲ့ကြရသည်။၁၉၆၂ ခုနှစ်ရွေးကောက်ပွဲတွင်ပြည်ထောင်စုပါတီ(ဦးနု၏သန့်ရှင်းဖဆပလ)နှင့်တည်မြဲဖဆပလတို့အကြားအားပြိုင်မှု၌ ရခိုင်တိုင်းရင်းသားညီညွတ်ရေးပါတီ(ရ-တ-ည)သည် ဦးနု၏ပါတီအာဏာရရှိရေးအတွက်ထောက်ခံခဲ့သည်။
ယင်းအတွက်ဆုလာဘ်အဖြစ်ရခိုင် တိုင်းရင်းသားဝန်ကြီးတစ်နေရာ ဖန်တီးပေးခဲ့ရာ၊ပါတီတွင်းဝန်ကြီးနေရာရယူရေးအတွက်စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ခဲ့ရသည်။ပါတီတွင်းညီညွတ်ရေးပြိုကွဲပျက်စီးခဲ့ရသည်။
ထိုစဉ်ရခိုင်အမျိုးသားညီညွတ်ရေးပါတီ၏ ရည်မှန်း ချက်ပန်းတိုင်မှာဝန်ကြီးနေရာရယူရေးမဟုတ်။ရခိုင်ပြည်နယ်ရရှိရေးပန်းတိုင်ဖြစ်သည်။သို့သော်ဝန်ကြီးနေရာကြောင့်စိတ်ဝမ်း ကွဲပြားမှုများဖြစ်ခဲ့ရသည်။တော်သေးသည်ဟုဆိုရမည်။၁၉၆၂ ခုနှစ်မတ်လတွင်တပ်မတော်မှနိုင်ငံတော်အာဏာရ ယူခဲ့သဖြင့်နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍနိဋ္ဌိတံဖြစ်ခဲ့ရသည်။ထိုသို့မဟုတ်ဆိုပါကရခိုင်တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(ရ-တ-ည)၏အခန်းကဏ္ဍမှာမည်သို့ဖြစ်သွားမည်ကိုမှန်းဆမရနိုင်ပေ။
အမှားကြီးမှားခဲ့လေသလား
၁၉၉၀ ပြည့်လွန်နှစ်များက ရခိုင်နိုင်ငံ ရေးပါတီများအလျှိုအလျှိုပေါ်ပေါက်ခဲ့သည်။တစ်ခုတည်းသောရည်မှန်းချက်ချင်းတူပါလျက် မတူကွဲပြားခဲ့ကြသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများဖွဲ့စည်း ခွင့်ရရှိလာသည့်အခါ ရခိုင်အမျိုး သားပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP)သည်အားကောင်းမောင်းသန်ဖြင့်ပေါ်ထွက်လာခဲ့သည်။ရခိုင်ပြည်သူများကလည်းတခဲနက်အားပေးခဲ့သည်။
ထို့ကြောင့် ၂၀၁၀ ခုရွေးကောက်ပွဲတွင်(RNDP)ပါတီ သည်ရခိုင်ပြည်နယ်တွင်အမတ်နေရာအများစုဖြင့်အနိုင်ရခဲ့သည်။
၂၀၁၂ ခုနှစ်တွင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ပါတီအားပြန်လည်ဖွဲ့စည်းမှတ်ပုံတင်ခဲ့သဖြင့်အင်အားကောင်းသောရခိုင်အမျိုးသားရေးပါတီနှစ် ပါတီပေါ်ထွန်းလာခဲ့သည်။ရခိုင်ပြည်သူများအ နေဖြင့် ရခိုင်ပါတီနှစ်ခုရှိနေသည်ကိုမလိုလား ခဲ့ကြ။တပေါင်းတစ်စည်းတည်းဖြစ်စေရန်ရဟန်းရှင်လူပြည်သူများက တောင်းဆိုခဲ့ကြသည်။
ပြည်သူများ၏တောင်းဆိုချက်အရ RNDP နှင့် ALD နှစ်ပါတီ တို့ပေါင်းစည်းခဲ့သော်လည်း စလယ်ဝင်ဖင်မမဲခင်ကပင်အက်ကြောင်းထင်လာခဲ့ပြီး၊၂၀၁၇ ခုနှစ်တွင်ပြန်လည်ကွဲ ထွက်သွားခဲ့သည်။
၂၀၁၅ ခုနှစ်တွင်နှစ်ပါတီပေါင်းစည်းထားသောရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်လွှတ်တော် အ ပါအဝင်ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ် တော်များတွင်အများစုအနိုင်ရခဲ့သည်။
ရခိုင်အမျိုးသားပါတီသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအားမျက် ကွယ်ပြုကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာရရှိရေးတောင်းဆိုခဲ့သည်။
ဝန်ကြီးချုပ်နေရာမပေးပါက ပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏အဆိုပါတောင်းဆိုခဲ့မှု၊ဆုံးဖြတ်ခဲ့မှုမှာ မည်ရွေ့မည် မျှမှန်သည်၊ မှားသည်ဆိုခြင်းကိုယခုအချိန်တွင်ပြန်လည်လေ့လာသုံးသပ်သင့်သည်။
တခါတလေခေါင်းဆောင်ဆိုသူများ ၏အမျက်စောင်းမာန်ကြီးမှု၊မာန်မာနကြီးမှုများသည်အကောင်းထက်အဆိုးဖက်သို့ရောက်သွားတတ်ကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ၏အစိုးရနှင့်မပူး ပေါင်းရေးဆုံးဖြတ်ချက်ကြောင့်ဖြစ် ပေါ်ခဲ့သည့် အကျိုးသက်ရောက်မှုများကိုလေ့လာသုံးသပ်ဆင်ခြင်ရန်လိုအပ်သည်။ယခုမှသုံးသပ်သည်ဆိုခြင်းမှာ သမိုင်းသင်ခန်းစာရယူနိုင်ရန်ဖြစ်သည်။
သိပိုင်ခွင့်ဆုံးရှုံး
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် ၏အချုပ်အခြာအာဏာကိုမဏ္ဍိုင်သုံးရပ်ဖြင့်ထိန်း ကျောင်းသည်ဟုဆိုသည်။ထိုမဏ္ဍိုင်သုံးရပ်မှာ ဥပဒေညပြုရေးအာဏာ၊စီမံခန့်ခွဲရေးအာဏာနှင့်တရားစီရင်ရေးအာဏာများ ဖြစ်ကြသည်။
ရခိုင်အမျိုးသားပါတီမှလွှတ်တော်ကို ယ်စားလှယ်အများစုပါဝင်သောရခိုင်ပြည်နယ်လွှတ်တော်၏ အဓိကတာဝန်မှာဥပဒေပြုရေးဖြစ်သည်။
အခြားတဖက်တွင်လည်းအုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာကိုထိန်း ကျောင်းရန်တာဝန်လည်းရှိသည်။သို့ရာတွင် စီမံခန့်ခွဲရေးအာဏာကိုအဓိကတာဝန်ယူဆောင်ရွက်နေသည်မှာအစိုးရအဖွဲ့ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှပြည် နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးသုံးဦး၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတစ်ဦး၊တပ်မတော်သားကိုယ်စား လှယ်တစ်ဦးနှင့်ပြင်ပတတ်သိပညာရှင်သုံးဦးပါဝင် ခဲ့သည်။
သို့ရာတွင် ရခိုင်အမျိုးသားပါတီမှပါ တီဝင်များမှာပြည်နယ်အစိုးရအဖွဲ့တွင်တစ်ဦးမျှပါဝင်ခြင်းမရှိခဲ့ပေ။ထိုသို့မရှိခဲ့ခြင်းကြောင့်အစိုးရအဖွဲ့၏ငွေကြေးဆိုင်ရာသုံးစွဲမှုများ၊လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများ ဆောင်ရွက်ချက်များတွင်ရခိုင်အမျိုးသားပါတီအနေဖြင့်ပါဝင်ဆွေးနွေးခွင့်မရခဲ့သည်သာမက၊လုပ်ဆောင်ချက်များကို လည်းသိပိုင်ခွင့်မရှိဖြစ်ခဲ့ရသည်။
အစိုးရအဖွဲ့မှလွှတ်တော်သို့တင်ပြလာမှသာ (နောက်ကျပြီးမှသာ)သိခွင့်ရတော့ သည်။အထူးသဖြင့် ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင်ပေါ် ပေါက်ခဲ့သည့်မောင်တောဒေသ အကြမ်းဖက်မှုများနောက်ပိုင်း ပြည်ထောင်စုအစိုးရမှဆောင်ရွက်ချက်များ၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆောင်ရွက်ချက်များကိုရခိုင်အမျိုးသားပါတီအနေဖြင့်သိနိုင်ခွင့်များဆုံးရှုံးခဲ့ရသည်။
အစိုးရအဖွဲ့နှင့်ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်နေသည့်NGOsအဖွဲ့များ၊ကုလသမဂ္ဂဆိုင်ရာ UNHCR,UNDP , WFP အဖွဲ့များ၏သွားလာလုပ်ကိုင်ဆောင်ရွက်ခြင်းများကိုလည်းသိရှိနိုင်ခြင်းမရှိတော့သဖြင့် ရခိုင်အမျိုးသားပါတီ အနေဖြင့် မျက်စိကန်း၊နားပင်းသလိုမျိုးဖြစ်နေခဲ့သည်။
စည်းလုံးညီညွတ်မှုပျက်ပြား
အထူးသဖြင့်ရခိုင်အမျိုးသားပါတီမှဦးအေးသအောင်(ယခင်ALD)အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာတွင်လက်ခံဆောင်ရွက်ခဲ့မှု၊ရခိုင်ပြည် နယ်အစိုးရအဖွဲ့တွင်ရခိုင်အမျိုးသားပါတီမှဦးကျော်လွင်တာဝန်ယူလက်ခံခဲ့မှုများကြောင့်ရခိုင်နှစ်ပါတီပေါင်းစည်းဖြစ်ပေါ်ခဲ့သည့်တစ်ခုတည်းသောရခိုင်အမျိုးသားအင်အားစုပါတီဖြစ်သည့် ရခိုင်အမျိုး သားပါတီမှာပြန်လည်အက်ကြောင်းထင်လာခဲ့သည်။
ထိုနှစ်ပါတီသည်၂၀၁၇ခုနှစ်တွင်အ တိအလင်းခွဲထွက်မှုများဖြစ်လာခဲ့သည်။ပါတီကွဲခြင်းမှာပြည်သူများအတွင်းကွဲခြင်းလည်းဖြစ်သည်။
ထိုမျှသာမက ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဖြစ်သောဒေါက်တာအေးမောင်မှာပါတီမှနှုတ်ထွက်ပြီးပါတီသစ်ထူထောင်ရန်ကြိုးပမ်းဆောင်ရွက်လာခဲ့သည်။
ဒေါက်တာအေးမောင်မှာ (RNDP)(ALD) ပါတီများပေါင်းစည်းရေးဆောင်ရွက်စဉ်က၊နှစ်ပါတီပေါင်းစည်းရေးကိုအ လေးအနက်ထားခဲ့သူဖြစ်ပြီး၊အကယ်၍နှစ်ပါတီပေါင်းစည်းခြင်းမပြုနိုင်လျှင် ပါတီမှနှုတ်ထွက်မည်ဟု အတိအလင်း ပြောကြားခဲ့သူဖြစ်သည်။
နိုင်ငံရေးပါတီများပေါင်းစည်းရေးကိုလိုလိုလား လားရှိခဲ့၊တက်တက်ကြွကြွဦးစီးဆောင်ရွက်ခဲ့သူ နိုင်ငံရေးပါတီခေါင်းဆောင်က တတိယပါတီတစ်ခုအဖြစ်ရခိုင်ဦးဆောင်ပါတီကိုသီးခြားထူထောင်ကာ တစ်စင်ထောင်ခဲ့သည်။ဤဆောင်ရွက်ချက်များကရခိုင်နိုင်ငံရေးပါတီများ၏အကွဲအပြဲကိုပိုမိုနက်ရှိုင်း သောသက်ရောက်မှုများဖြစ် ပေါ်စေခဲ့သည်။
ဦးအေးသာအောင် အမျိုးသားလွှတ် တော်ဒုတိယဥက္ကဋ္ဌနေရာလက်ခံခဲ့မှု၊ ဦးကျော်လွင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာလက်ခံဆောင်ရွက်ခဲ့မှု တို့ကြောင့်ရခိုင်အမျိုးသားပါတီတွင်းသဘော ထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ရပြီး ရခိုင်ပြည်သူတို့အတွင်းစည်းလုံးညီညွတ်မှုပျက်ပြားခဲ့ရသည်။
ထို့အပြင်ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ပါတီမှနှုတ်ထွက်စာတင်ပြီးပါတီသစ်ထူထောင်ခဲ့ခြင်းမှာလည်းရခိုင်ပြည်သူတို့အကြားစည်းလုံးညီညွတ်မှုကိုထိခိုက်စေသည်သာမကဝါးအစည်းပြေသကဲ့သို့ပင် ရခိုင်ပြည်သူတစ်ရပ်လုံး၏စည်းလုံးမှုကိုပျက် ပြားစေခဲ့ ရပြီးဖြစ်သည်။
ဤအချက်များကိုကြည့်ပါကစည်းလုံးညီညွတ်သောရခိုင်ပြည်သူတို့အကြားသပ်လျှိုသွေးခွဲရန် အကြံအ စည်များရှိကောင်းရှိနေမည်ဖြစ်ရာယင်းအကြံအ စည်အောင်မြင်ရေးအတွက် ရခိုင်နိုင်ငံ ရေးပါတီခေါင်းဆောင်များအသုံးချခံလိုက်ရခြင်းပင်ဖြစ် ကြောင်းမှန်းဆသုံးသပ်နိုင်ပေသည်။
ရခိုင်ပြည်သူများ၏ရိုးဖြောင့်မှု၊မဟုတ်မခံစိတ်ရှိမှု၊ဒေါသအမျက်ကြီးမားမှု၊မာန်ထန်မှုများစသည့်ရခိုင်ခေါင်း ဆောင်များ၏ ပျော့ကွက်ဟာကွက်များ ကိုအသုံးချကာ ရခိုင်ပြည်နှင့်ရခိုင်ပြည်သူတို့အားသွေးကွဲစေခဲ့သည်မှာရှေးယခင်ကာလများကပင်ဖြစ်သည်။
ယနေ့ကာလတွင်လည်း ရခိုင်ပြည်သူ များနှင့်ရခိုင်နိုင်ငံရေးခေါင်းဆောင်များ အသုံးချခံမဖြစ်ရေးမှာခေါင်းဆောင်များ၏စဉ်းစားချင့်ချိန်ဉာဏ်နှင့်သုံးသ ပ်လုပ်ကိုင်ဆောင်ရွက်ရေးအပေါ်တွင်မူတည် နေပေသည်။
သတိမမူပါကသာမန်အသုံးချခံသက် သက်သာမ ဟုတ်ဘဲအမျိုးသားသစ္စာဖေါက်များအဖြစ်လည်း ကောင်း၊သမိုင်းတရားခံများအဖြစ်လည်းကောင်း ရခိုင်သမိုင်းတွင်ထင်ကျန်ရစ်ခဲ့မည်မှာမလွဲမသွေပင်ဖြစ်သည်။
https://www.facebook.com/permalink.php?story_fbid=169814995460815&id=107469705028678