မောင်တောတွင် မူဆလင်ကလေးငယ် ၃ ဦး ရေနစ်သေဆုံး

By Narinjara / 2022 May 30

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယမန်နေ့က မူဆလင်ကလေးငယ် ၃ ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မောင်တောမြို့ ရပ်ကွက်(၂) (ခေါ်)မြို့မတောင်ရပ်ကွက်မှ မောင်အာလိုဝါဆာမတ်(၇ နှစ်)၊ မကာဘူ (၉ နှစ်)နှင့် မရေဇူ (၁ဝ နှစ်)တို့ဖြစ်သည်။

အိမ်နီးနားချင်းများဖြစ်ကြသည့် သူတို့ ၃ ဦးသည် ယမန်နေ့ မေလ ၂၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရပ်ကွက်၏တောင်ဘက် မောင်နီရပ်ကွက်ရှိ ပုစွန်ကန်တစ်ခုသို့သွားရောက်ကာ ငါးရှာနေစဉ် ရေနစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးလှသိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။

“ကလေးတွေက ငါးတွေဘာတွေရှာဖို့ ပုစွန်ကန်ဆီသွားတာ။ အဲဒီမှာ ရေကလည်း ကြီးနေတယ်။ လူလည်းမမြင်လိုက်။ ကလေးတွေကလည်း သတိမထားလိုက်လို့ အဲလိုသေသွားတာ”ဟု ပြောသည်။

အခင်းဖြစ်ပြီးနောက် အလောင်းများအား မောင်တောဆေးရုံသို့သယ်ဆောင်သွားခဲ့ပြီး ယမန်နေ့ ညတွင် ကျေးရွာသို့ပြန်လည်သယ်ဆောင်ကာ ဘာသာရေးထုံးတမ်းစဉ်လာအရ သင်္ဂြိုလ်လိုက်ပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5507784032566962

Leave a Reply

Your email address will not be published.