By Boder News Agency (BNA) / 2022 May 01
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားခဲ့ကြရတဲ့ မူဆလင်နဲ့ ဟိန္ဒူဒုက္ခသည် တစ်ထောင်ကျော်ကို ပြန်လည်လ က်ခံဖို့ အဆင်သင့်လုပ်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြ ည်နယ်စစ်ကောင်စီရဲ့ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး ရလက်ထက်ကတည်းက စလုပ်နေခဲ့တဲ့ ပြန်လည်လ က်ခံရေးအစီအစဉ်ကို စစ်ကောင်စီက ပြန်ပြီးလုပ် ဆောင်နေပါတယ်။
အဲဒီပြန်ဝင်လာမယ့်သူတွေကို လက်ခံဖို့လုပ်ထားတဲ့ မောင်တောမြို့နယ်က လှဖိုးခေါင်စခန်းကို ပြည်နယ်စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ဝင်တွေ ဧပြီလ ၂၉ ရက်က သွားကြည့်ခဲ့ကြပါတယ်။
ARSA နဲ့ စစ်တပ်တို့ရဲ့တိုက်ပွဲတွေအပြီးမှာ စစ်တပ်ကလုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးကြောင့် သိန်းချီတဲ့ မောင်တောနေ မူဆလင်၊ဟိန္ဒူတွေဟာ တဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီထွက်ပြေးသွားခဲ့ကြသူတွေထဲက ပြန်ဝင်လာကြမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမှာဖြစ်ပါတယ်။ခုလက်ခံမယ့်သူတွေထဲမှာ မူဆလင် ၇၁၁ ဦးနဲ့ ဟိန္ဒူ ၃၁၇ ဦးပါဝင်တယ်လို့ ဦးလှသိန်းက ဆို ပါတယ်။
အဲဒီအရေအတွက်စာရင်းဟာ NLD အစိုးရလက်ထ က်ကတည်းက နှစ်နိုင်ငံအစိုးရချင်း သဘောတူညီထားတဲ့စာရင်းဖြစ်ပါတယ်။
“သူတို့မလာသေးတာ၊မလာသေးပေမယ့် ငါတို့ဖက်ကတော့ ready (အဆင့်သင့်)ပဲ”လို့ ၎င်းက ဆိုပါတယ်။
ပြန်လည်ဝင်ရောက်လာကြတဲ့သူတွေကို ကနဦးအ နေနဲ့လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းမှာ ခေ တ္တထားရှိမှာဖြစ်ပါတယ်။ပြီးတော့ မူလကသူတို့နေ ထိုင်ခဲ့တဲ့နေရာတွေ (သို့မဟုတ်) မူလနေထိုင်ခဲ့တဲ့ နေ ရာနဲ့အနီးစပ်ဆုံးနေရာတွေမှာ နေရာချပေးသွားမယ်လို့ ဦးလှသိန်းက ရှင်းပြပါတယ်။
ပြန်ဝင်လာကြရင် လက်ခံရေးကိစ္စတွေ ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်စေဖို့အတွက် လှဖိုးခေါင်စခန်းမှာ ဝန် ထမ်း ငါးဆယ်ကျော်ကို ခန့်အပ်တာဝန်ချထားတယ်လို့လည်း ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိတော့ တစ်ယောက်မှ တ ရားဝင် ပြန်ဝင်လာတာမရှိသေးပါဘူး။ဘယ်တော့ ပြန်ဝင်လာကြမလဲဆိုတဲ့အခြေအနေနဲ့ ပက်သက်ပြီးတော့လည်း မသိရသေးဘူးလို့ ဦးလှသိန်းက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လ ည်နေရာချထားရေးဝန်ကြီးအပါအဝင် ကောင်စီဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်နယ်ကို ရောက်လာခဲ့ကြပြီး ပြန်လည်လက် ခံရေးကိစ္စရပ်တွေကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြပါတယ်။ဒါအပြင် မူဆလင်ဒုက္ခသည်စခန်းတွေကိုလ ည်း သွားရောက်ခဲ့တာရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့အပေါ်မှာ ကျရောက်နေတဲ့နိုင်ငံတကာဖိအားတွေ လျော့ကျစေရေးအတွက် ပြန်လည်လက်ခံရေးအစီအစဉ်ကို ကြိုး စားလုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=164379426004372&id=107469705028678