By Boder News Agency (BNA) / 2022 May 14
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်က မဟာမုနိစစ်ဘေးရှောင်စခန်းရှိ မီးလောင်သွားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုတွေအတွက် UNHCR ဆီကနေ လူသုံး ကုန်ပစ္စည်းတွေ လာရောက်ကူညီသွားတယ်လို့ သိရပါတယ်။
” UNHCR က အမိုးအကာ အကူအညီတွေရပါတယ်။စားရေးသောက်ရေးအတွက် အကူအညီတွကတော့ ပတ်ဝန်းကျင်ရွာတွေကလာပေးလို့ လောလော ဆယ်လုံလောက်မှုရှိပါတယ်။”လို့ မဟာမုနိစစ်ဘေးရှောင်စခန်းတာဝန်က ပြောပါတယ်။
အဲဒီမီးလောင်နေအိမ်အလုံး ၂၆၀အတွက် ဖျာများ၊စောင်များ၊မီးဖိုချောင်သုံးပစ္စည်းစုံများ၊တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစုံများ၊ဆိုလာမီးအိမ်နှင့်တာပေါ် လင်စတွေစတဲ့ အရေးပေါ်ကယ်ဆယ်ပစ္စ ည်းတွေကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ UNHCR မြန်မာက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် အကူညီတွေရရှိမှု နည်းနေသေးပြီး စား နပ်ရိက္ခာနဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ရေးအကူအညီတွေ အဓိက လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“စစ်ဘေးရှောင်တွေအတွက် ဒီမီးလောင်ဆုံးရှုံးသွားတဲ့အိမ်တွေကို သူ့နေရာနဲ့သူပြည်ဆောက်ပြီးတော့ နေရာတကျဖြစ်စေချင်တယ်။ဆန်ရိက္ခာတွေလည်း အကူညီတော့ရောက်တယ်။လုံလောက်တယ်လို့တော့ ပြောလို့မရပါဘူး”လို့ စစ်ဘေးရှောင်အမျိုးသ မီးတစ်ဦးက ဆိုပါတယ်။
အဲဒီမဟာမုနိစစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့ည ၁၂ နာရီကျော်လောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ် ၂၆၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမီးလောင်မှုနောက်ပိုင်း ပြန်လည်ထူထောင်ရေး ကော်မတီဖွဲ့ရာမှာ စစ်ကောင်စီတာဝန်ရှိသူတွေ၊တပ် မတော်အရာရှိတွေပါဝင်နေတာမို့ ဒေသခံတွေက ဝေဖန်ပြောဆိုမှုတချို့ရှိနေကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=167403865701928&id=107469705028678