By Boder News Agency (BNA) / 2022 May 20
အသက် ၁၈ နှစ်အထက် ပြစ်ဒဏ်ကျသူများအတွက် အပြစ်ခံယူရာနေရာဖြစ်သော အကျဉ်းထောင်က ယ ခုအခါ အသက်အရွယ်မရွေး ပြစ်ဒဏ်ပေးသည့် နေ ရာတစ်ခုဖြစ်နေပြီ။အသက် ၁၈ နှစ် မပြည့်သေးသောလူငယ်လူရွယ်သာမဟုတ် နို့စို့အရွယ်သာရှိသော အသက်နှစ်နှစ်ခန့်ရှိကလေးငယ်တစ်ဦးမှာ အ ကျဉ်းထောင်ထဲတွင် သေဆုံးခဲ့သည်မှာ အချိန်အား ဖြင့် နှစ်လကျော်သာရှိသေးသည်။
နို့စို့အရွယ်ကလေးငယ်မှာ မည်သည့်ပြစ်မှုမှ ကျူး လွန်ခဲ့ခြင်းမရှိသော်လည်း မိခင်အပေါ် မတရားစွပ် စွဲ၊ဖမ်းဆီးချုပ်နှောင်ထားမှုက ကလေးငယ်ကိုပါ ပြစ်မှုထဲဆွဲခေါ်ရာကျခဲ့ပြီး အသက်ကိုပါ စတေးခဲ့ရသည်။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖျက်ဆီးခဲ့သော စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်များမှာ နိုင်ငံတကာဥပဒေများကိုမလိုက်နာသော ငရဲခန်းများဖြစ်လာခဲ့သည်။
အဆိုပါကလေးငယ်မှာ ရခိုင်ပြည်နယ်၊သံတွဲမြို့နယ် ငပလီမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၏သမီးငယ်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်၊ည ၉ နာရီခန့်က သံတွဲအကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ခြင်းဖြစ်သ ည်။
ထိုသေဆုံးခဲ့သူ သမီးငယ်၏မိခင်ဒေါ်ငြိမ်းအိဖြိုးကျော်မှာ မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် ခုခံတော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များကို ငွေကြေးထောက်ပံ့သည်ဆိုသော သံ သယဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ၎င်းနေထိုင်သည့်နေအိမ်မှ မတရားဖမ်းဆီးခံခဲ့ရသည်။
ဒေါ်ငြိမ်းအိဖြိုးကျော်ဖမ်းဆီးချုပ်နှောင်ခံရပြီးနော က် သုံးလကျော်ခန့်အကြာတွင် သမီးငယ်မှာသေဆုံး ခဲ့ရခြင်းဖြစ်ကာ သမီးငယ်သေဆုံးပြီး တစ်လခွဲကျော်အကြာ မတ်လ ၃၁ ရက်တွင် ဒေါ်ငြိမ်းအိဖြိုးကျော်အပါအဝင် အမျိုးသမီးသုံးဦးကို သံတွဲခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၀(ည)ဖြင့် ထောင်ဒဏ်ဆယ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရသည်။
မွေးရာပါ အစာလမ်းကြောင်းမပြည့်စုံမှုနှင့် စအိုမပါသည့်အတွက် ခွဲစိတ်မှုပြုလုပ်ထားရသော သမီးငယ်မှာ မိခင်၏အနီးကပ် ပြုစုစောင့်ရှောက်မှုကို လိုအပ်နေသော်လည်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း ထားခြင်းကိုခံထားရသော မိခင်အတွက် သမီးကို အ နီးကပ်ပြုစုခွင့်မရခဲ့ဘဲ ၎င်းနှင့်အတူ သံတွဲအကျဉ်း ထောင်ထဲသို့ ခေါ်သွားခဲ့ရသည်။
မိမိနေအိမ်ထက် သန့်ရှင်းမှုမရှိသောအကျဉ်းထောင်ထဲတွင် ခန္ဓာကိုယ်ခွဲစိတ်မှုခံထားရသည့် ကလေးအ တွက်ပြုစုစောင့်ရှောက်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ခဲ့ပေ။
“ထောင်ဆိုတာက ကိုယ့်အိမ်လောက် မသန့်ရှင်းဘူး။ လူမျိုးစုံရှိနေတာ။လူမျိုးစုံမှာ ရောဂါပေါင်းစုံလည်း ရှိနိုင်တယ်။ဒီလိုအခြေနေမှာ ကလေးရဲ့ကျန်းမာရေး အတွက် ဘယ်လိုမှစိတ်ချမရဘူး။ဒါပေမယ့် မတတ်နိုင်ဘူးလေ။အမေနဲ့အတူထားမှ အဆင်ပြေတဲ့အရွ ယ်ဆိုတော့ ထောင်ထဲမှာအမေနဲ့အတူ ထားလိုက်ရတာပေါ့။”ဟု ဒေါ်ငြိမ်းအိဖြိုးကျော်၏ မိသားစုဝင် တစ်ဦးက ပြောသည်။
ဒေါ်ငြိမ်းအိဖြိုးကျော် သမီးငယ်၏ဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ ပြန်မပြောပြချင်တော့ဟု ခင်ဗွန်းဖြစ်သူက ပြောသည်။
ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်လာရသည့် အ ဓိကအကြောင်းအရင်းမှာ မြန်မာစစ်တပ်က နိုင်ငံ တော်အာဏာကို သိမ်းယူခဲ့သောဖြစ်စဉ်၏ နောက် ဆက်တွဲ ဆိုးကျိုးများဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများက ပြောသည်။
၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလတွင်ကျင်းပခဲ့သော အ ထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုများရှိသည်ဟုဆိုကာ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်။
ထိုသို့ အာဏာသိမ်းယူပြီးနောက် ငါးရက်အကြာ ဖေ ဖော်ဝါရီ ၅ ရက်တွင် ဒီချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားများ အဓိကပါဝင်သော ပြည်သူ့လွတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကို ဖွဲ့စည်းခဲ့ပြီးနော က် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကို မတ်လ ၈ ရက်တွင် ထပ်မံဖွဲ့စည်းခဲ့သည်။
ထို့နောက် CRPH နှင့် NUCC တို့ ညှိနှိုင်းတိုင်ပင်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ၂၀၂၁ ခုနှစ်၊ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ထိုမှတဆင့် မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို မေလ ၅ ရက်တွင် ဖွဲ့စည်းခဲ့သည်။
စစ်အာဏာသိမ်းမှုကို မလိုလားသည့် လူများက ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊အကြမ်းမဖက် အာဏာဖီဆန်ခြင်းတို့ဖြင့် ဆန့်ကျင်ခဲ့သော်လည်း လူထုလိုလားချက်ကို မလိုက်လျောပေးသည့်နောက်ဆုံး ခုခံကာကွယ်ရေးတပ်၊ပြည်သူ့ကာကွယ်ရေးတပ် (PDF)များကို ဒေသအသီးသီးတွင် ဖွဲ့စည်းကာ ခုခံတော်လှန်စစ်ကို စတင်ဆင်နွဲခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လတွင် ဖခင်ဖြစ်သူ CDM စည်ပင်ဝန်ထမ်းတစ်ဦးကို မဖမ်းမိ၍ ဇနီးဖြစ်သူနှင့်ဇနီးသည်၏ မိခင်ဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပြီး ဇနီးသည်တွင် မိခင်နို့မပြတ်သေးသည့် နှစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးမှာလည်း မိခင်နှင့်အတူ ထောင်ထဲကို ရောက်ရှိခဲ့ရသည်။
အဆိုပါကလေးငယ်မှာ သူမ၏သုံးနှစ်ပြည့်မွေးနေ့ကိုပင် အကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။ CDMလှုပ်ရှားမှုသည် အကြမ်းမဖက်ဘဲ အာဏာဖီ ဆန်ရေးလှုပ်ရှားမှုဖြစ်ပြီး အာဏာသိမ်းပြီးများမ ကြာမီကာလအတွင်းတွင် အစိုးရဝန်ထမ်းများက စတင်ဦးဆောင် လှုပ်ရှားခြင်းဖြစ်သည်။
မိခင်ကိုဖမ်းဆီး၍ မိခင်နို့မလွတ်သည့် ကလေးငယ်များမှာ အကျဉ်းထောင်ထဲသို့ မိခင်နှင့်အတူ ပါသွားကြပြီး ဖမ်းဆီးခံရစဉ် ကိုယ်ဝန်ပါလာပြီး အကျဉ်း ထောင်ထဲတွင် မွေးဖွားရသည့်ကလေးငယ်များလည်းရှိနေသည်။
“အကျဉ်းထောင်ထဲမှာရှိတဲ့ ကလေးတစ်ယောက်အတွက် ကောင်းတဲ့ပတ်ဝန်းကျင် တစ်ခုလို့ သတ် မှတ်လို့မရဘူး။ခံစားမှုမျိုးစုံ၊ လူမျိုးစုံ၊ စရိုက်စုံဟာ ကလေးနဲ့ ထိတွေ့တာကြောင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရဖို့ ခက်ခဲနိုင်တယ်။”လို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ပြောသည်။
အရွယ်ရောက်ပြီးသား အကျဉ်းကျခံရသူတချို့မှာပင် စိတ်ဒဏ်ရာများ ရှိတတ်ကြသည့်အတွက် အ ကျဉ်းထောင်ထဲက ကလေးငယ်များမှာ ပို၍ခံစားရပြီး အကျဉ်းထောင်ပြင်ပရောက်လာချိန်တွင် စိတ်ဒဏ်ရာများ မခံစားရအောင် အကြံပြု နှစ်သိမ့်ဆွေးနွေးဖို့ လိုအပ်သည်ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် ခုခံတော်လှန်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းခြင်း မရှိခဲ့ဘဲ အ ကြမ်းမဖက် အာဏာဖီဆန်မှု(CDM)မှာလည်း မရှိသလောက် နည်းပါးခဲ့သည်။ရခိုင်တွင် CDM လှုပ် ရှားမှုကြောင့် အလုပ်မှထုတ်ပယ်ခံရသူနှင့် ဖမ်းဆီးတရားစွဲဆိုခံရသူမှာ ဆယ်ဦးတောင် မပြည့်ပေ။
သို့သော်လည်း PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသူမှာ အမျိုးသားလေးဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ကိုးဦးရှိနေသည်။ တချို့မှာ ထောင်ဒဏ်ဆယ်နှစ်ထိ ချမှတ်ခံထားရပြီး တချို့မှာပြစ်မှုထင်ရှားခြင်းမရှိသည့်အတွက် တရား ရုံးက ပြန်လွတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်က တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဌ ကိုမင်းကိုဦးကို PDF ၊ NUG ၊ CRPH တို့နှင့် ဆက်သွယ်သည်ဟုဆိုကာ တောင်ကုတ်မြို့မရဲစခန်းမှူးက ဖမ်းဆီးခဲ့ပြီး သံတွဲခရိုင်တရားရုံးတွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့သည်။ သို့သော် သံတွဲခရိုင်တရားရုံးက ပြစ်မှုထင်ရှားခြင်း မရှိသည့်အတွက် ဧပြီလ ၁၈ ရက်က တရားသေလွတ်ပေးခဲ့သည်။
“ဒါကမတရားဖမ်းဆီးခံရတာပါ။ အဲဒီလို မတရားဖမ်းဆီးခံရတဲ့အတွက် တရားဉပဒေအတိုင်း တုန့်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အပြစ်မရှိတဲ့အတွက် တရားရုံးက ပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်”ဟု ကိုမင်းကိုဦးက ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ ရောက်ရှိလာသူများကို ထောင်တွင်းအစားအသောက်အဖြစ် ရက်သတ္တတစ်ပတ်လျှင့် ကြက်တောင်မွှေးများ ပါသော ကြက်သား နှစ်ရက်၊ အကြေးခွံများ ခွာထားခြင်းမရှိသော ငါးဟင်း နှစ်ရက်၊ ကြက်ဉရေလုံပြုတ် နှစ်ရက်ကျွေးမွေးပေးပြီး ကျန်ရက်များတွင် အသီးအရွက် ရေလုံပြုတ်များဖြင့် စားသောက်ရသည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာသော တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မိုးတွင်းကာလဆို ယင်ကောင်တွေပေါတာကြောင့် ပဲဟင်းထဲမှာ ယင်ကောင်မဲမဲတွေ ပေါလော့နဲ့။ နုတ်နုတ်စင်းထားတဲ့ ကန်းစွန်းရွက်အချည်ဟင်းထဲမှာ တီကောင်အပိုင်းလေးတွေနဲ့ပါ။”ဟု အကျဉ်းထောင်အတွင်း စားသောက်ရပုံကို ရှင်းပြသည်။
နေထိုင်ရသည့်အခန်းမှာ ရန်ကုန်မြို့ရှိ တိုက်ခန်းကျဉ်း တခန်းစာသောက်ကို လူအယောက် ငါးဆယ်မှ ရှစ်ဆယ်ထိ နေရပြီး ကျေတခင်းစာတွင် ပစ္စည်းလည်းထား၊ လူလည်းအိပ်ရကြောင်း ၎င်းကဆက်ပြောသည်။
ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းရှိသော်လည်း အပူလျော့ဆေး ပါရာစီတာမောက်နှင့် ဗီတာမင်စီ စီဘိအပြင် တခြားဆေးများမရှိ။ ထိုဆေးများမှာလည်း ရက်လွန်နေပြီဖြစ်သည့် အတွက် အစေးပေါက်ကာ မှိုစွဲနေပြီဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“ကုသမှုကလည်း ထောင်ဝန်ထမ်းတွေဟာ အပြစ်သားတွေကို ဆက်ဆံသလို ဆက်ဆံကြတာမို့ ထိတွေ့စမ်းသပ်တာမျိုး မလုပ်ကြပါဘူး။ ဆေးထိုးဆေးကုတာဟာလည်း မတ်တပ်ရပ်ထဘီဆွဲချပြီး ဆေးထိုးပေးလိုက်တာပါ။”ဟု ၎င်းကဆို သည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတဝန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပေါ်ပေါက်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စည်းကြောင်း ကြေညာချက် တစ်စောင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော်လည်း လှုပ်ရှားမှု မရှိခဲ့ပေ။
သို့သော် စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သည့် တပ်ဖွဲ့များ တစ်နိုင်ငံလုံးတွင်ရှိနေသည်ဟု ဖော်ပြလို၍ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတချို့ကို PDF နှင့် ဆက်စပ်နေသည်၊ ငွေကြေးထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း သံတွဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။
“ရခိုင်မှာ အေအေရှိနေတယ်။ PDF မရှိဘူး။ အဲဒီတော့ PDF ရှိအောင် ဖန်တီးလိုက်တယ်။ အဓိက စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်အောင်ပေါ့။ PDF ကိုအကြောင်းပြပြီး အေအေရဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီက သိချင်နေတာ”ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်ဟောင်းက သုံးသပ်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(အေအေ)က ရခိုင်ပြည်၏ ရာခိုင်နှုန်းခြောက်ဆယ်ကျော်ကို ထိန်းချုပ်ထားပြီဟု အေအေပြောရေးဆိုခွင့်ရှိသူများက တရားဝင်ဖွင့်ပြောထားသည်။
ထိုသို့အခြေနေမျိုးကို မလိုလားသည့် စစ်ကောင်စီက အကြောင်းမရှိအကြောင်းရှာ၍ ရခိုင်ဒေသခံတ ချို့ကို PDFနှင့်ဆက်စပ်သည်ဟု ပုံဖော်နေခြင်းဖြစ် ကြောင်း ဆိုသည်။
စစ်ကောင်စီအနေဖြင့် ထိုလုပ်ရပ်များကို ဆောင်ရွက်ခြင်းမှာ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုလုပ်ဆောင်လို ၍ ဖြစ်သည်ဟု သုံးသပ်ကြသည်။
ထိုအထဲတွင် ကံမကောင်းသည့် ဒေါ်ငြိမ်းအိဖြိုးကျော်တို့က ပစ်မှတ်ထား ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။
PDF အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုမရှိသော ရခိုင် ပြည်နယ်တွင် ဒေသခံများကို PDFနှင့် ဆက်စပ်သ ည်ဟုဆိုကာ ဖမ်းဆီးထောင်ချနေခြင်းမှာ စစ်ကောင် စီအနေဖြင့် စိုးရိမ်လွန်၍ လုပ်နေခြင်းဖြစ်သည်ဟု မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။
“တမင်တကာကို ကြောက်သွားအောင် လုပ်နေတာလို့ ထင်ပါတယ်။ ပြီးတော့ သူတို့ စိုးရိမ်ကြောင့်ကြမှုလွန်နေတယ်၊ ဒါကြောင့် ဒီလို နမူနာပြတဲ့ သဘောနဲ့ လုပ်ထားတယ်လို့ ယူဆလို့ရတယ်။ဒါမျိုးတွေ မလုဘပ်သင့်ပါဘူး။အပြစ်မရှိတဲ့သူတွေ နစ်နာတယ်လေ ။” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကြောရေးတွင် ညှင်း ပန်းနှိပ်စက်၊ ရိုက်နှက်မှုကြောင့် အနည်းဆုံး လူ ၁၀၃ ဦး သေဆုံးခဲ့ရပြီး ဓားစာခံအဖြစ် အဖမ်းခံရသူ က လေးအပါအဝင် ၃၂၄ ဦးရှိခဲ့ကြောင်း Assistance Association for Political Prisoners(AAPP)က ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယင်းသို့ စစ်ကြောရေးတွင် သေဆုံးခဲ့ရသူများအန က် အများစုမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်းမှာပင် အသက်ဆုံးရှုံး ခဲ့ရခြင်းဖြစ်ပြီး သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ခံရသည့်အပြင် ခြေကျိုး၊ လက်ကျိုးကာ လမ်းပင်ကောင်စွာမလျှောက်နိုင် သည်အထိ ညှင်းပမ်းနှိပ်စက်ခံရမှုများရှိနေသည်ဟု AAPP ၏ အစီရင်ခံစာက ဆိုသည်။
ထို့အပြင် စစ်ကြောရေးအတွင်း သေနတ်နှင့် ချိန်၍ မေးမြန်းခြင်း၊ စီးကရက်မီးနှင့် တို့၍ မေးမြန်းခြင်း၊ မီးခြစ်များသုံး၍ ခန္ဓာကိုယ်အရေပြားများကို မီးရှို့ခြင်းစသည့် ကိုယ်ထိလက်ရောက် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ယင်းသို့ စစ်ကြောရေးအတွင်းနှိပ်စက်ခံရသည့်အထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များလ ည်း ပါဝင်ခဲ့ပြီး ရန်ကုန်မြို့က အသက် ၁၇ နှစ်အရွ ယ် ကလေးတစ်ဦးမှာ စစ်ကြောရေးစခန်းမှ တော အုပ်တစ်ခုကို ခေါ်ဆောင်ခံခဲ့ရကာ သေလုနီးပါးအ ထိ အပြင်းအထန် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်ဟု AAPP ၏ မတ်လအစီရင်ခံစာတွင် ရေးသားထား သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးစာချုပ်များတွင် အတည်ပြုလက်မှတ်မရေးထိုးထားသော်လည်း နိုင်ငံတကာ ဥပဒေများအရ ညှင်းပန်းနှိပ်စက်မှုများကို မကျူး လွန်ရအောင်ကန့်သတ်ထားသည်ဟု အစီရင်ခံစာက ထောက်ပြထားသည်၊
သို့သော် လက်ရှိ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်ထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ (၁၀၆၁၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၆၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ထိုပြစ်ဒဏ်ကျခံရသူများထဲမှ အသက် ၁၈ နှစ်အောက်ကလေးနှစ်ဦးအပါအဝင် (၆၈)ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု AAPP ၏ မေလ ၁၁ ရက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၇)ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျ က်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၁၀၉)ဦးရှိကြောင်း AAPP ၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကလည်း စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့ပါတီဝင် ၉၁၇ ခုနှစ်ဦး ဖမ်းဆီးခံထားရပြီး ၁၈ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်ဟု မေလ ၁၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထိုဖမ်းဆီးခံထားရသူထဲမှ ၂၁၆ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ပါတီထိပ်ပိုင်းခေါင်း ဆောင်များဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
“ဖြစ်ပြသနာတွေ ဖြစ်လာတဲ့ အဓိကအကြောင်းရင်းက အာဏာသိမ်းမှုကြောင့်ပဲဖြစ်တယ်၊ အာဏာသိမ်းမှုကြောင့်ပဲ လူတွေ ဒုက္ခရောက်တယ်။ လူတွေစီးပွားပျက်တယ်။မတရားဖမ်းဆီးမှုတွေ ဖြစ်လာရတယ်။ အဲဒီ ဒုက္ခတွေက ဖမ်းဆီးခံရသူ တစ်ဦးတည်းမှာ ကျရောက်တာ မဟုတ်ဘူး။သူတို့နဲ့ ပတ်သက်ဆက်နွယ်နေသူတွေပါ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ခံစားရတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရပြီးပြန်လွှတ်လာသူတစ်ဦးက “စိတ်ဒဏ်ရာကတော့ အပြင်မှာ၊စစ်ကြောရေးတွေမှာ ရလာကြတဲ့အပြင် ထောင်တွင်းဖိနှိပ်မှုတွေကြောင့် ပြန်လွတ်လာသည့်တိုင်အောင် တံခါးဖွင့်သံကျယ်ကျယ်ကြားရင် ထိတ်လန့်ပြီး ငုတ်တုတ်ထထိုင်နေကြတာမျိုးတွေဖြစ်ကြတဲ့အထိပါပဲ”ဟု ပြောပြ သည်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် ဒေသအသီးသီးတွင် PDF အဖွဲ့များ ပေါ်ပေါက်ခဲ့ပြီး ခုခံတွန်းလှန်စစ်ကို တန်ပြန် ဆင်နွဲနေကြသော်လည်း ရခိုင်ပြည်နယ် ၏ ဒေသအများစုကို ရက္ခိုင့်တပ်တော်(AA)က ထိန်း ချုပ်ထားသည့်အတွက် ရခိုင်ပြည်နယ်တွင် PDF အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုမှာ မရှိသေးပေ။
သို့သော် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက် နက်ကိုင်အဖွဲ့ အနည်းဆုံးငါးခုကို လက်နက်ပံ့ပိုးခြင်း၊စစ်သင်တန်းနှင့်စစ်ရေးအကူညီများပေးအပ်ခဲ့သည်ဟု အကူညီရရှိခဲ့သည့် လက်နက်ကိုင်အဖွဲ့များက ရက္ခိုင့်တပ်တော်တည်ထောင်ခြင်း ၁၃ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့ခဲ့သည့်သဝဏ်လွှာများတွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း PDFများနှင့်ပတ်သက်၍ တတ်နိုင်သ ည့်ဘက် ကူညီပံ့ပိုးမှုများရှိခဲ့သည်ဟု သတင်းစာရှင်း လင်းပွဲများတွင် ပြောကြားခဲ့သည်။
အဆိုပါပြောဆိုချက်များကြောင့်ပင် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများကို PDFများနှင့် ဆက်စပ်နေ သည်ဟု မြန်မာစစ်တပ်ကသံသယဝင်နေခြင်းဖြစ် ကြောင်း PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မိသားစုဝင်များက ပြောသည်။
“စစ်တပ်က တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်လေ ကောင်းလေဆိုတဲ့သဘောနဲ့ လုပ်နေတာလေ။ဒါကိုလူတွေ နားလည် သဘောပေါက်ဖို့လိုတယ်။တိုင်း ပြည်မငြိမ်မသက်ဖြစ်လေသူတို့အတွက် ကောင်းလေပဲ”ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦး ကဆိုသည်။
မြန်မာစစ်တပ်အနေဖြင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရန် ဖန်တီးနေခြင်းကကြားမှ ဓားစာခံများဖြစ်သော မငြိမ်းအိဖြိုးကျော်၏ သမီးငယ်အတွက် အသက်ကိုပါ ပေးဆပ်နေရသည်။မသေသင့်သောသူများသေ ဆုံးနေရသလို ထောင်ထဲတွင် မရှိသင့်သောလူများ ထောင်ထဲရောက်နေကြရသည်။
ယခုကဲ့သို့ ကလေး၊လူငယ်၊လူကြီးမရွေး သတ်ဖြတ်ခြင်းမှာ လူ့အခွင့်အရေးရှု့ထောင့်ကြည့်လျင် မည်သို့မျှ လက်မခံနိုင်သည့် အခြေအနေမဟုတ်ဟု အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအကြံပေး ဦးအောင်ကျော်မိုးက ပြောသည်။
“နိုင်ငံတွေမှာ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာ သဘောတူစာချုပ်၊အကာအကွယ်ပေးတဲ့ ဥပဒေရှိတယ်။မြန်မာနိုင်ငံကလည်း အဲဒီစာချုပ်ကို လိုက် နာကျင့်သုံးပါမယ်ဆိုပြီး လက်မှတ်ထိုးထားတယ်။ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး ရည်ရွယ် ချက်ရှိရှိ သတ်ဖြတ်တာ၊ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေကို လူ့အခွင့်အရေးဝန်ကြီးဌာနရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော သေချာမှတ်တမ်းမှတ်ရာလုပ်နေပြီး ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖော က်မှုတွေအတွက် နိုင်ငံတကာတရားစီရင်မှုအောက်မှာ အကြမ်းဖက်စစ်ကောင်စီ ပြစ်ဒဏ်ပေးအောင် ကျနော်တို့ အင်တိုက်အားတိုက် လုပ်ဆောင်သွားပါမယ်”ဟု ဦးအောင်ကျော်မိုးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူ့အ ခွင့်အရေးချိုးဖောက်မှု အချက်အလက်ကောက်ယူမှုနှင့်ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံတဝန်းလုံးတွင် လူ့အခွင့်အရေးအချက်အလက် စုဆောင်းကောက်ယူသူပေါင်း ၂၈၂ ဦးကို ပို့ချလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၏တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအစီရင်ခံစာ (၁၁)စောင်ကို ရေးသားပြုစုခဲ့ပြီး နိုင်ငံတကာသို့တင်ပြနိုင်ခဲ့သည်ဟု ရေးသားထားသည်။
သို့သော်လည်း လက်ရှိအချိန်ထိ ရခိုင်ပြည်နယ် အ ပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို စံချိန်တင် ဆောင်ရွက်နေဆဲဖြစ်သည်။
ယခုကဲ့သို့ မတရားမှုများ လျော့ကျရန်အတွက် ပြည်သူအားလုံး လိုအပ်နေသောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အလျင်အမြန်ရောက်ရှိရန်လိုအပ်နေပြီးဖက် ဒရယ်ဒီမိုကရေစီစနစ်ကို မရောက်သမျှကာလပတ် လုံး အပြစ်မဲ့ကလေး၊လူကြီးများပါ မတရားသေ ဆုံး၊အကျဉ်းကျခံရမှုများကို ကြုံတွေ့နေရအုံးမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတချို့က သုံးသပ်ကြသည်။
https://www.facebook.com/permalink.php?story_fbid=168740052234976&id=107469705028678