By Boder News Agency (BNA) / 2022 May 10

(ဓာတ်ပုံ-ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတစ်နေရာကို မေလ ၁၀ရက်၊ဒီနေ့တွေ့ရစဥ်/BNA)
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေက ခ ရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးတာနဲ့ ကားနောက်ဖုံးတွေကို ဖွင့်ပြီးမွှေနှောက်တာတွေ ပြုလုပ်နေပါတယ်။
အဲဒီကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီစစ်သားတွေက အဲဒီလိုစစ် ဆေးမှုတွေပြုလုပ်နေတာသုံးနေရာရှိပြီး ကားတွေကိုရပ်တန့်ခိုင်းပြီးတော့ စစ် ဆေးတာတွေပြုလုပ်နေတာဟာ ခ ရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက်ပေးနေတာလို့ ဒေသခံခရီးသည်တွေက ဆိုပါတယ်။
“သူတို့က မှတ်ပုံတင်တွေတောင်းတယ်။ မှတ်ပုံတင်မပါဘူးဆိုရင် ကားပေါ်က ဆင်းခိုင်းတာတွေလုပ်တယ်။ကျမတို့ ရခိုင်ပြည်သူတွေ ကိုယ့်ပြည်နယ်တွင်းမှာ လွတ်လပ်စွာသွားလာခွင့်မရှိတော့ဘူးလား။သူတို့က သေနတ်တကားကားနဲ့ စစ်လားဆေးလားလုပ်တယ်။အဲဒါကခရီးသည်တွေကို အထိတ်တလန့်ဖြစ်အောင်လုပ်နေတာနဲ့တူတယ်။”လို့ ခရီးသည်အ မျိုးသမီးတစ်ဦးက BNA သို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တွေအပေါ် အဲဒီလိုစစ်ဆေးမှုပြုလုပ်နေတာ အရင်ကသိ ပ်မရှိပေမယ့် ခုနောက်ပိုင်း စစ်ဆေးမှုတွေပိုလုပ်လာတယ်လို့ ယာဥ်လိုင်းတွေက ပြောပါတယ်။
“ရသေ့တောင်ဖက်ကို သွားတဲ့လမ်းက ကွန်ကရစ်လမ်းခင်းထားတာအနည်းပဲရှိသေးတယ်။လမ်းကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ခရီးသည်တွေက အမြန်သွားချင်နေပြီ။စစ်ဆေးရေးဂိတ်က သုံးခုဆိုတော့ သုံးကြိမ်စစ်ဆေးတယ်။အချိန်တွေမလို အ ပ်ပဲနှောင့်နှေးနေတယ်။ကျနော်တို့ကတော့ စစ်ဆေးမှုမရှိဘဲ လွတ်လပ်စွာသွားလာချင်တဲ့ ဆန္ဒရှိပါတ ယ်။”လို့ ကားဆရာတစ်ဦးက ပြောပါတယ်။
ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကို ဆက်သွယ်ထားတဲ့လမ်းပိုင်းဟာ ၂၂ မိုင် ၆ ဖာလုံရှည်လျားပြီး ရသေ့တောင်မြို့နယ်က ပြည်သူတွေအတွက် စစ်တွေမြို့သို့သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းမှာ အရင်တုန်းက ဘာစစ်ဆေးရေးဂိတ်မှမရှိပေမယ့်ပြီးခဲ့တဲ့ ခုနှစ်တွေက တပ်မတော်နဲ့အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေ အပြင်အထန်းဖြစ် ပွားပြီးနောက်ပိုင်း စစ်တပ်က စခန်းချနေထိုင်ကာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=166512905791024&id=107469705028678