ပလက်ဝဒေသခံတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်

By Narinjara / 2022 May 29

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ငချားကျေးရွာမှ ခူမီးလူငယ်တစ်ဦး ယနေ့နံနက်က တောင်ယာသို့သွားစဉ် မိုင်းပေါက်ကွဲ၍ ခြေတစ်ဖက် ပြတ်သွားသည်ဟု သိရသည်။

ခြေထောက်ပြတ်ထွက်သွားသူမှာ အသက် ၂၀အရွယ်ရှိသည့် ကိုအောင်အောင်ဦးဖြစ်ပြီး တစ်မိုင်ခန့်ဝေးသည့် မီးကျောင်းတောင်မှယာတွင် အလုပ်လုပ်ရန်သွားစဥ် မိုင်းနင်းမိသွားခြင်းဖြစ်သည်ဟု ကျောက်တော် အခြေစိုက် ဖြူစင်မေတ္တာပရိဟတအသင်း ဥက္ကဋ္ဌ ကိုညီပုက ပြောသည်။

မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားကာ ညာဖက်ခြေဖဝါးအောက် ပြတ်ထွက် သွားခဲ့သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ဆီကို သူတို့မိသားစုတွေက နံနက် ၇နာရီအချိန်က ဖုန်းဆက် ပြောလာတယ်။ သူတို့ ကျောက်တော်ကို ရောက်တာက နေ့ခင်း ၂နာရီမှ ရောက်ပါတယ်။ သူတို့က စစ်ဆေးရေး ဂိတ်တွေမှာ ကြာနေခဲ့လို့ ထင်တယ်။ အခုတော့ စစ်တွေဆေးရုံကြီးကို ပို့လိုက်ပါပြီ။ဒဏ်ရတွေကတော့ ခန္ဓာတစ်ကိုယ်လုံးမှာရသွားတယ်။ ညာဖက်ခြေ ထောက်တော့ ပြတ်ထွက် သွားတယ်။သူတို့က အဲဒီတောင်မှာ ယာခုတ်နေကျလို့ပြောတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇွန်လ ၁၆ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာမှ အသက် ၄၀‌ ကျော်အရွယ် ဒေါ်ဆိတ်ဟော် မှာလည်း ရွာတစ်ဖက်ကမ်းရှိတောင်ပေါ်၌ မျှစ်ခူးနေစဥ် မိုင်းပေါက်ကွဲမှုဖြစ်၍ ညာဖက်ခြေထောက်တစ်ဖက်ပြတ်တောက်သွားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5505598966118802

Leave a Reply

Your email address will not be published.