တိုင်းသား မျိုးနွယ်စု ၆ စုရဲ့ ရိုးရာယဉ်ကျေးမှုပြသပွဲကို ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျင်းပမည်

By  Voice Of Westland (VOW)/ 2022 May 28

တိုင်းရင်းသားလူမျိးစု(၆) မျိုးရဲ့ ရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေပွဲကို ဝံလက်ဖွံဖြိုးရေးဖောင်ဒေးရှင်းကကြီးမှူးပြီးတော့ မနက်ဖြန် မေလ၂၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာမှာ ညနေ ၆ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်ထဲမှာ နေထိုင်ကြတဲ့လူမျိုးစုတွေအချင်းချင်း စည်းလုံးညီညွှတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုတွေ အခုထက်မိုပိုရရှိလာစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီပွဲကိုပြုလုပ်ရတာဖြစ်တယ်လို့ ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဌ ဦးခိုင်ကောင်းစံက VOWကိုပြောပါတယ်။

“အဓိကရခိုင်ပြည်ထဲမှာ ရခိုင်တိုင်းရင်းသား လူမျိုးစုတစ်စုထဲ နေတာမဟုတ်ဘူးပေါ့နော်။ ရခိုင်ပြည်ထဲမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေ လည်းရှိတယ်ပေါ့။ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်(ခ)သက္ကမ၊ မရာမာ စသည်အားဖြင့် ရှိတယ်ပေါ့နော်။ တိုင်းရင်းသားယဉ်ကျေးမှုအပြင် ရခိုင်ပြည်ထဲမှာ နေထိုင်ကြတဲ့တိုင်းရင်းသား လူမျိုးစုတွေ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ လေးစားမှု၊ လူမှုသဟဇာတိဖြစ်မှု၊ လူမျိုးပေါင်းစုံစည်းညီညွတ်စေချင်တာကြောင့် ဒီပွဲကိုကျင်းပရတာဖြစ်ပါတယ်” လို့ ဦးခိုင်ကောင်းစံက VOW ကို ပြောပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ ကမန်လူမျိုးက လွဲပြီး မြို ၊ သက် ၊သက္ကမ(ခ)ဒိုင်းနက် ၊ ရခိုင် ၊ ခမီ ၊ မရာမာကြီး လူမျိူးတို့ရဲ့ရိုးရာယဉ်ကျေးမှုယိမ်းအကနဲ့ကပြဖျော်ဖြေသွားမှာဖြစ်သလို တေးသံရှင် ရခိုင်အဆိုတော်တချို့ကလည်း သီဆို ဖျော်ဖြေသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီးတော့ ငြိမ်းချမ်းရေးအနုပညာနှင့် လူမှုပေါင်းစည်းညီညွတ်ရေးပွဲဖြစ်တဲ့ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပွဲတော်မှာ လူမျိုးတစ်မျိုးချင်းစီရဲ့ ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှုပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီပွဲကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အဲဒီသဲတော်ကျေးရွာနဲ့ နီးစပ်တဲ့ ကျေးရွာ ၁၃ ရွာက ဖိတ်ကြားထားသူတွေပါ လာရောက်အားပေးကြမှာဖြစ်တဲ့အတွက် လူဦးရေ ၄၀၀ ကျော်လောက် တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဌ ဦးခိုင်ကောင်းစံက VOW ကို ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/169225428830176

Leave a Reply

Your email address will not be published.