တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

By Narinjara / 2022 May 20

(ဓာတ်ပုံ- မူရင်းပိုင်ရှင်)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အသက်တစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ‌ယနေ့ မေလ၂၀ ရက် နံနက် ၇ နာရီကျော် အချိန်ခန့်တွင် ရေနစ်သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါကလေးငယ်မှာ မဝါဆိုမိုး(၁ နှစ်ခွဲ)ဖြစ်ပြီး စခန်းအနီးတွင်ရှိသည့် ရေအိုင်ထဲသို့ မတော်တဆကျမိကာ သေဆုံးသွားခြင်းဖြစ်သည်ဟု စခန်းမှ ကိုကျော်မြင့်ချေက ပြောသည်။

“သူနဲ့တူတူ တခြားကလေးနှစ်ဦးပါတယ်။ သူတို့က ဆော့ကစားနေကြတာ။ သေသွားတဲ့ကလေး ရဲ့အဖေက အလုပ်လုပ်နေတယ်၊အမေကတော့ ရေခပ် နေတယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ကစားနေရင်း ရေအိုင်ထဲကို ကျသွားတာ။ သူနဲ့ကစားနေတဲ့ ကလေးတွေက လူကြီးတွေကိုလာပြောလို့ သိရတာ။ လူကြီးတွေရောက်သွားတော့ ကလေးက အသက်မရှိတော့ဘူး”ဟုပြောသည်။

သေဆုံးသွားသည့် မဝါဆိုမိုးမှာ ဦးမောင်သန်း၊ ဒေါ်မဖြူချေတို့၏ သမီးဖြစ်ပြီး ၎င်းတို့မှာ ​ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာမှဖြစ်ကြသည်ဟု သိရသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အောက်သားကန်၊ ပြိုင်းတော၊ ဝေသာလီ၊ နှမဒါ၊ ဘူးရွက်မညိုး၊ လက္ကာ၊ ပေါက်ပင်ကွင်းစသည့်ကျေးရွာ များမှ ခိုလှုံ နေကြသူများဖြစ်ပြီး လူဦးရေ ၂၈၆၂ ဦးရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5477994845545881

Leave a Reply

Your email address will not be published.